Saturday, September 27, 2014
ရဲရဲတောက် ခေါင်းဆောင်နိုင်မှုရှိဟု NLD ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်မှလွှဲ၍ မျိုးဆက်သစ် ခေါင်းဆောင်ရှားပါးနေသည်ဟု ဝေဖန်ခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD သည် လက်ရှိနိုင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒများချမှတ်ရန် အင်အားတောင့်တင်းပြီး ရဲရဲတောက်ခေါင်းဆောင်နိုင်မှု ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် ပါတီ ၂၆ နှစ်မြောက်နေ့တွင် တုံ့ပြန် ကြေငြာလိုက်သည်။
NLD အနေဖြင့် လာမည့် အစိုးရသက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို သမ္မ တလောင်း အဖြစ် ထောက်ခံမည်ဟူသည့် ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ရက်တွင် ဖော်ပြခဲ့ပြီး နောက် ယခုကဲ့သို့ တုံ့ပြန် လိုက်ခြင်းဖြစ်သည်။
“အဖွဲ့ချုပ်သည် ပြောင်းလဲနေသော နိုင်ငံရေးအနေအထားများ၊ ကာလဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒသစ် များကို ချမှတ်ရန် အင်အားတောင့်တင်းပြီး ရဲရဲတောက်ခေါင်းဆောင်နိုင်မှုလည်း ရှိပါသည်” ဟု NLD၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
လာမည့်အစိုးရသက်တမ်းတွင် သမ္မတဖြစ်လိုသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ေ အာင်ဆန်း စုကြည်နှင့် လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းတို့က အသီးသီး ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်သည် နိုင်ငံခြားသား အိမ်ထောင်ဘက်နှင့် သားသမီး ရှိသူများကို သမ္မတရာထူးတွင် ခန့်အပ်ခြင်းမပြုနိုင်ရန် ပိတ်ပင်တားမြစ်ထားသည်။ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သူ့ သားနှစ်ဦးစလုံးမှာ ဗြိတိသျှနိုင်ငံသားများဖြစ်ကြပြီး ထိုပြဌာန်းချက်သည် ဒေါ်အောင် ဆန်းစုကြည်ကို ရည်ရွယ်ရေးဆွဲ ထားခြင်းဖြစ်သည်ဟု အများကယုံကြည်ကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များ ကိုပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံတွင် ပေါ်ထွန်းစလွှတ်တော်အမတ် အားလုံး၏ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံရမည်ဖြစ်သည်။
ပါတီအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် တာဝန်နှစ်ခုကိုလည်း NLDက ထုတ်ပြန်လိုက်ပြီး ၎င်းတို့မှာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖော်ဆောင်ရေး ကြိုးပမ်းရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်သည်။
ထို့ပြင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနှင့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးစသည့် လုပ် ငန်းများကိုလည်း ပြည်သူလူထုနှင့်လက်တွဲကြိုးပမ်းသွားမည်ဟု NLD၏ ကြေငြာချက်တွင် ပါရှိသည်။
NLDတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဦးဆောင်သော ဗဟိုကော်မတီ ၁၂၀ ဦး၊ အရံဗဟိုကော်မတီ ၅၀ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးနှင့် အရံဗဟိုအလုပ်အမှုဆောင် ၅ ဦးတို့ ဖွဲ့စည်းထားသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment