Wednesday, September 24, 2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူမှုကို ခေတ္တရပ်နားကြောင်း ဦးစံလင်းပြောကြား ဗညားလတ်သုံးထပ်သင်္ဘောကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံ
ဓမ္မစေ တီခေါင်းလောင်း ရှာဖွေဆယ်ယူမှု ကို ခေတ္တရပ်နား၍ အထိုင်သင်္ဘောအဖြစ် အသုံးပြုသော ဗညား လတ် သုံးထပ်သင်္ဘောကို ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံလိုက် ပြီဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ သင်္ဘောဆိပ်ကို ပြန်လာပါပြီ။ အခု ရန်ကုန်ဆိပ်ကမ်း မှာပါ။ ဘာကြောင့် ပြန်အပ်တယ်ဆို တာကို ကျွန်တော်တို့ သတင်းစာရှင်း လင်းပွဲပြုလုပ်သွားမှာပါ'' ဟု ဦးစံလင်း က ပြောသည်။
ဗညားလတ် သုံးထပ်သင်္ဘော ကို မော်တင်ကမ်းနားတွင်ရှိသော ဆိပ်ကမ်းရုံးသို့ စက်တင်ဘာ၂၃ရက် နံနက် ၁၁နာရီခန့်တွင် ပြန်လည်အပ် နှံခဲ့ကြောင်း ခေါင်းလောင်းဆယ်ယူ ရေးပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်း က ပြောသည်။
''သင်္ဘောကို မော်တင်ဆိပ် ကမ်းရုံးမှာ ပြန်အပ်ပြီး သင်္ဘောအ ပေါ်မှာရှိတဲ့ ပစ္စည်းတွေကို ရွှေ့နေ တယ်''ဟု ယင်းကဆက်လက်ပြော သည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တူးဖော်မှုအတွက် ယုံကြည်မှုဖြင့် လာရောက်လှူဒါန်းထားသောငွေ များကို လည်း အလှူငွေဖြတ်ပိုင်းနှင့် အလှူရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ လာရောက်လှူ ဒါန်း ထားသော အလှူငွေများမှာ ကျပ်သိန်းပေါင်း ၁၃၄သိန်းခန့်ရှိ ကြောင်း ဘဏ္ဍာရေးမှူးဦးသန်းစိန် ထံမှ သိရသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေဆယ်ယူမှုကို သြဂုတ် ၈ရက်က စတင်ခဲ့ပြီး ခေါင်းလောင်းရှာဖွေမှု နှင့်ပတ် သက်သည့်အကြောင်းအရာ များကို စက်တင်ဘာ၂၅ရက်တွင် ဦးဝင်းမြင့်၏ ရွှေအုန်းပင်စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲပြု လုပ်သွားမည်ဖြစ်သည်။
MTZ
#Democracytoday
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment