Wednesday, July 02, 2014

၁၇ နှစ်မြောက် ဟောင်ကောင် နှစ်ပတ်လည် အလံတင်အခမ်းအနား ကျင်းပ


ဟောင်ကောင်ကျွန်းဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပူးပေါင်းခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ၁၇ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ဟောင်ကောင်ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ် လည်အလံတင်အခမ်းအနားကိုဟောင်ကောင်အုပ်ချုပ်ရေးမှူး အပါ အ၀င် ဟောင်ကောင်ပြည်သူ ၂၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး စီဝိုင်လျန် (C Y Leung)က ဟောင်ကောင်ဟာ တနိုင်ငံ စနစ် ၂ ခု အကျိုးကျေး ဇူးကို အပြည့်အ၀ခံစားရပြီး ဟောင်ကောင် စီးပွားရေးအရှိန်အဟုန် မပြတ်တိုးတက်နေတယ်လို့ ဟောင်ကောင်ပြည်သူတွေ ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ၁၇ နှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်ခင် ၂ ရက်လောက်က ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းအရတော့ ဟောင်ကောင်လူထု ၈ သိန်းလောက်ဟာ ဟောင်ကောင်ကို အပြည့်အ၀ ဒီမိုကရေစီပေးဖို့ ထောက်ခံခဲ့ကြ ပါတယ်။

လူထုစစ်တမ်းကောက်ခံခဲ့တဲ့ Hong Kong citizens အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဘင်နီ တိုင် (Benny Tai) က ဟောင်ကောင်မှာ ဒီမိုကရေစီ အခွင့်အရေးရရှိရေး တောင်းဆို ဆန္ဒပြဖို့ ဟောင်ကောင် လူထု ၇ သိန်းရဲ့ ထောက်ခံမှုရရှိထားပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရက ၂၀၁၇ ဟောင်ကောင်မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပခွင့်ပြုတယ်လို့ ဆိုပေမယ့် ရွေးကောက်ပွဲကိုယ်စားလှယ်ကို လူထုက တိုက်ရိုက် ရွေးချယ်ခွင့်တော့ မပေးထားပါဘူး။

ဒါကြောင့် ဟောင်ကောင်မှာ အတိုက်အခံနိုင်ငံရေးပေါ်ပေါက်ရေးကို တရုတ်အစိုးရက ကန့်သတ်ထားတာ လည်း ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ပိုကျယ်ပြန့်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ဇူလိုင် ၂ရက်နေ့ အကြီးအကျယ် ဆန္ဒပြမှု အတွင်း ဟောင်ကောင်မြို့လယ်မှာ ထိုင်သပိတ်ဆင်နွှဲရင်း ယာဉ်ကြော ပိတ်ဆို့အောင် လုပ်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက တားဆီးနေရပါတယ်။

ဟောင်ကောင်မြို့လယ် စီးပွားရေးခရိုင်ထဲ ၀င်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို တားဆီးနေရတာပါ။

လူအုပ်တွေကလည်း ရဲတွေချထားတဲ့ အကာအရံ အတားအဆီးတွေကို ဖယ်ရှားခဲ့ကြပါတယ်။ ဆန္ဒပြသူ အင်အား ၅ သိန်း ၁ သောင်း ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပြီး ရဲတွေကတော့ ၉ သောင်း ၈ ထောင်ကျော်လို့ ပြောပါတယ်။

ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးလက်အောက်ကို ပြန်ရောက်ခဲ့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရထားပြီး တနိုင်ငံ စနစ် ၂ မျိုး အုပ်ချုပ်မှုအောက်မှာ ရှိနေပါတယ်။

DVB

No comments:

Post a Comment

My Blog List