Tuesday, July 22, 2014

ဒေါ်လာဖြင့်ထားရသည့် အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့် ချမပေးသေး


ဒေါ်လာဖြင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ပေးရန် ပုဂ္ဂလိက အာမခံကုမ္ပဏီ လေးခုကို ရွေးချယ်ထားသော် လည်း လတ်တ လောတွင် လုပ်ကိုင်ခွင့်မပြုသေး ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သတင်းရရှိသည်။နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှု အခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်းပေး သွင်းရမည့် ငွေဖြင့် အာမခံလုပ်ကိုင်ခွင့်ကို လတ်တလောတွင် လုပ်ကိုင်ခွင့်ကိုမကြာမီ   ခွင့်ပြုသွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာက ပြော သည်။ 

လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများမှာ IKBZ Grand Gurdian First National Insur-ance နှင့် အောင်သစ္စာဦးကုမ္ပဏီ တို့ကို မြန်မာ့အာမခံလုပ်ငန်းက စတင်ရွေးချယ်ထားပြီဖြစ်သည်။

‘‘ဒေါ်လာအာမခံလုပ်ကိုင် ခွင့်ရရှိတဲ့အတွက် ကုမ္ပဏီလေးခုကို လောလောဆယ်လုပ်ကိုင်ခွင့်ခဏရွှေ့ထား တဲ့ သဘောပါ’’ ဟု အောင်သစ္စာဦးအာမခံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဘထွန်း ကပြောသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရထား  ပြီဖြစ်သော်လည်း  လုပ်ငန်း စတင်ဆောင်ရွက်ခွင့်ပေးမထားဘဲ   မ,တည် ရင်းနှီးငွေဒေါ်လာ ငါးသိန်းကို  မပေးသွင်းခိုင်းသေး ကြောင်း Grand Gurdian အာမခံကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါအာမခံသည် အာမခံထားသူအနေဖြင့် ဒေါ်လာဖြင့်သာ ပေးသွင်းအာမခံရမည်ဖြစ်ပြီး လျော်ကြေးငွေ ကို အာမခံဖြင့်သာ ပေးလျော်ရမည်ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများကို ယခင်အာမခံ အမျိုးအစား ခြောက်မျိုး၊ ခွင့်ပြု ထားရာယင်းလုပ် ငန်းကို လုပ်ကိုင်ခွင့်ပြုလိုက်ပါက အာမခံ အမျိုးအစား ခုနစ်မျိုးအထိ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယခင်အစိုးရလက်ထက်က အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းကသာ ဆောင်ရွက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် ပြီးခဲ့ သည့်နှစ်ကစတင်ပြီး ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအား အာမခံ အမျိုးအစား ခြောက်မျိုး  စတင်လုပ်ကိုင် ခွင့်ပြုထားပြီဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List