Wednesday, June 04, 2014

ထိုင်းဆန္ဒပြသူများအကြား ခေတ်စားနေသည့် လက် ၃ ချောင်းထောင် သင်္ကေတ


ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေကြားမှာ လက် ၃ ချောင်းထောင်တဲ့ သင်္ကေတတွေ ခေတ်စားနေပါတယ်။လူကြိုက်များတဲ့ “Hunger Games” စာအုပ်နဲ့ ရုပ်ရှင်ဆီက ညီညွတ်ရေးသင်္ကေတကို ယူသုံးထားတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။

စူဇန်နီ ကောလင်းစ် ဖန်တီးထားတဲ့ ၀တ္ထုမှာ ပန်နန်ဆိုတဲ့ စိတ်ကူးထဲကနိုင်ငံမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါ ဂျနီဖာ လောရင့်စ်က ကတ်နစ် အဲဗာဒင်အဖြစ် သရုပ်ဆောင်ထားခဲ့ပြီး လက် ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ လူသိများခဲ့ပါတယ်။ ၀ထ္ထုထဲက အဓိပ္ပာယ်ကတော့ ချစ်ခင်တဲ့ တစုံတယောက်ကို ကျေးဇူးတင်မှု၊ လေးစားမှုနဲ့ နှုတ်ဆက်တဲ့ အဓိပ္ပာယ်သုံးမျိုးကို ကိုယ်စားပြုပါတယ်။

ဝထ္ထုစာအုပ်ကို ကမ္ဘာတ၀ှမ်းမှာ အနည်းဆုံး ဘာသာ ၂၆ မျိုးနဲ့ ဘာသာပြန် ထုတ်ဝေခဲ့ပြီး အုပ်ရေ ကုဋေပေါင်းများစွာ အရောင်းစွံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တဲ့အခါမှာလည်း ကမ္ဘာတ၀ှမ်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ ကျော် ၀င်ငွေကောင်းခဲ့ပါတယ်။

dvb

No comments:

Post a Comment

My Blog List