Thursday, June 05, 2014

အူရီဒူးကို သပိတ်မှောက်ဖို့ ပြင်ဆင်နေ



အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသပိတ်မှောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မှာ ပြင်ဆင်နေပါတယ်။ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့သံဃာတပါးဖြစ်တဲ့ မကွေးပရိယတ္တိစာသင်တိုက်က ဦးပါမောက္ခက ဒီလှုပ်ရှားမှု လာမယ့် စနေနေ့မှာ ပြုလုပ်မယ်လို့ မိန့်ပါတယ်။ဒီကုမ္ပဏီဟာ အစ္စလမ်နိုင်ငံအခြေစိုက်တဲ့အတွက် အူရီဒူး ဆင်ကတ်ကို ၀ယ်မသုံးကြဖို့၊ အူရီဒူး ဆင်ကတ်သုံးပြီးဖုန်းခေါ်လာရင် လက်ခံဖြေကြားခြင်း မပြုဖို့ အများပြည်သူကို တိုက်တွန်းမယ်လို့ မိန့်ကြားပါတယ်။
အမျိုးဘာသာသာသနာကိုကာကွယ်ဖို့ ဒီလှုပ်ရှားမှုကို ဖော်ဆောင်ရမယ်၊ အစ္စလမ်နိုင်ငံအခြေစိုက် ကုမ္ပဏီရဲ့ ဖုန်းလိုင်းကို သုံးရင် ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံစိတ်ချရမှုရှိမယ်မဟုတ်ဘူးလို့ ဦးပါမောက္ခက မိန့်ပါတယ်။

ဦးပါမောက္ခက ဒီ လှုပ်ရှားမှုကို ထောက်ခံတဲ့အပြင် စနေနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နိုင်ဖို့ မကွေးပရိယတ္တိစာသင် တိုက်မှာ နေရာပေးမယ်၊ အူရီဒူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာမယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။

ဒီလှုပ်ရှားမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နောက်တွန့်သွားမှာကို စိုးရိမ်တယ်၊ တဘက်မှာလည်း အစ္စလမ်နိုင်ငံ တခုဖြစ်တဲ့ ကာတာ အခြေစိုက် ဒီကုမ္ပဏီကြောင့် အမျိုးဘာသာ သာသနာ ထိခိုက်လာမှာ စိုးရိမ်မိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အစ္စလမ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဒီနိုင်ငံမှာ ဆောင်ရွက်ခွင့် မပေးခင်မှာ အစိုးရက စဉ်းစားဖို့လိုတယ်၊ ဆရာတော် တို့ကတော့ အစ္စလမ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကုမ္ပဏီကိုပဲ လိုင်စင်ချပေးစေလိုတယ်လို့ ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List