Wednesday, April 09, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပပြီးစီး






ပူးတွဲသတင်းထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်၊ ဧပြီလ ၈ ရက်၊ ရန်ကုန်မြို့

၁။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)၌ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကျေ အလည် ဆွေးနွေးခဲ့ကြပါသည်။

၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅)ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS- SSA, UWSA တို့မှ ကိုယ်စားလှယ်များစုံညီစွာ တက်ရောက် ခဲ့ကြကာ ၎င်းတို့၏ သဘောထား များကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အားလုံးသဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text ) မူကြမ်း တစ်စောင်ရရှိရေး အတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြု ခဲ့သောခေါင်းစဉ် များဖြစ် သည့် နိဒါန်းနှင့် အခန်း (၇)ခန်းကို အသေးစိတ် အချိန်ယူ ဆွေးနွေး ခဲ့ကြ ပါသည်။တစ်ခုတည်းသော သဘောတူညီချက် (Single Text ) (ပထမမူကြမ်း) ကို သဘောတူညီ ခဲ့ကြပါသည်။

၎။ နှစ်ဖက်ကိုယ်စားလှယ်များမှ ၂၀၁၄ ခုနှစ်၊ မေလ ပထမအပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘော တူညီ ခဲ့ကြပါသည်။

၅။ နှစ်ဖက်ကိုယ်စားလှယ်များအားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံးပေါ်ပေါက် လာအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြပါသည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List