Thursday, April 10, 2014

အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ

အိန္ဒိယနိုင်ငံသည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမဦးဆုံးသောလေယာဉ်တင် သင်္ဘောကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ မှ ၁၉၅၇ ခုနှစ်က ၀ယ်ယူ ခဲ့သော ၄င်းသင်္ဘောကို အိန္ဒိယနိုင်ငံ က ၁၉၇၁ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အင်ဒို - ပါကစ္စတန် စစ်ပွဲအတွင်းက ပါကစ္စတန် အရှေ့ပိုင်းရှိ ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင် ရာတွင် အဓိကကဏ္ဍ တစ်ရပ်အဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။

အိန္ဒိယ ရေတပ်မှ ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။

INS Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလပိုင်းက ၄င်းထမ်းဆောင်ခဲ့သည့် တာဝန်များကို အဆုံးသတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂ ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှု မရှိသောကြောင့် နောက်ပိုင်းတွင် ယင်းကဲ့သို့ ရောင်းချ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

(Xinhua )
Themyawadydaily

No comments:

Post a Comment

My Blog List