Tuesday, March 04, 2014

မြန်မာအလုပ်သမားတစ်ထောင်ခန့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်စာချုပ်ချုပ်

ထိုင်းနိုင်ငံရှိစက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများတွင် ၀င်ရောက်လုပ် ကိုင်နိုင်ရန် မြန်မာအလုပ်သမားတစ်ထောင်ခန့်က ထိုင်းနိုင်ငံ၏ကုမ္ပဏီလုပ်ငန်းရှင်များ နှင့် တိုက်ရိုက် စာချုပ်ချုပ်ဆိုကြောင်း သိရသည်။

အဆိုပါစာချုပ်ချုပ်ဆိုခြင်းကို မေလ (၁) ရက်၊ (၂) ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊MICTတွင်ကျင်းပသော အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာပြည်ပအလုပ်  အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသော ပထမအကြိမ်ပြည်တွင်းပြည်ပ အလုပ်အကိုင်ပြပွဲတွင် အလုပ်လို ချင်သူနှင့် အလုပ်ပေးချင်သူတို့ တိုက်ရိုက်ချုပ်ဆိုခြင်းဖြစ်သည်။

“ဒီပွဲကို သမ္မတကြီးရဲ့လမ်း ညွှန်မှုအရဆင်းရဲမှုလျော့ချရေး၊ အရွယ်ရောက်သူတိုင်းအလုပ်အကိုင်  အခွင့် အလမ်းပိုမိုရရှိရေး၊ တစ်ဦး ချင်းဝင်ငွေပိုမိုရရှိရေးကိုရည်ရွယ် ကျင်းပတာပါ။ နောက်တစ်ချက် က တစ်ဘက်နိုင်ငံကအေဂျင်စီတွေ နဲ့ တိုက်ရိုက်ဆက်သွယ်ပြီးကြားပွဲ စားတွေ ပပျောက်ပြီးမလိုအပ်တဲ့ အဆင့်တွေ၊ အချိန်ကုန်၊ ငွေကြေး ပိုကုန်တာတွေ၊ အလိမ်ခံရတာတွေကင်းဝေးအောင်စီစဉ်ကျင်းပတာ ဖြစ်ပါတယ်”ဟုပြပွဲဖြစ်မြောက်ရန် စီစဉ်ကျင်းပသော မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်  ကပြောကြားသည်။

စာချုပ်ချုပ်ဆိုခြင်းအတွက်  ၎င်းက “ထိုင်းနိုင်ငံဘက်ကလုပ်ငန်း ရှင်များ၊ မြန်မာအလုပ်သမားများ အပြင်၊အလုပ်သမားဦးစီးဌာနမှ  တိုင်းဦးစီးမှူး၊ မြန်မာနိုင်ငံဘက်က   အလုပ်အကိုင်ရှာဖွေရေ်းအေးဂျင့် များရှေ့တွင် လက်မှတ်ရေးထိုးတာပါ။ လက်မှတ်မထိုးခင်ထိုင်း လုပ်ငန်းရှင်များရဲ့ စည်းမျဉ်းဥပဒေ တွေကို မြန်မာလို ရှင်းပြပြီးမြန်မာ  အလုပ်သမားတွေကျေနပ်မှုရှိမှ သဘောတူလက်မှတ်ထိုးကြပါတယ်”ဟု ဆက်လက်ပြော ကြားသည်။

၎င်းကဆက်လက်၍ “ဒီပွဲမှာ ကျင်းပရာမှာအလုပ်လိုချင်သူတွေ မလိုအပ်တဲ့ ကြားပွဲစားအဆင့်ဆင့် ကြောင့် ပိုက်ဆံကုန်တာသက်သာ သွားပြီး ကြားပွဲစားလိမ်တာ မခံ ရအောင်ကြီးကြပ်ပြီးလုပ်ပေးတာ ပါ။ အခုစာချုပ် ချုပ်ပြီးတဲ့လူတွေ အနေနဲ့ လိမ်လည်မှုတွေ၊ အဆင်  မပြေမှုတွေကြုံရင် ကျွန်တော်တို့  အဖွဲ့ချုပ်ကိုအချိန် မရွေးပြောဆို အကူအညီတောင်းနိုင်သလို ကျွန်တော်တို့ကလည်း ကူညီဆောင် ရွက်ပေးမှာပါ။ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံနှစ်ဘက်စလုံးအေဂျင်စီတွေရှိ ပါတယ်။ ထိုင်းနိုင်ငံမှာ သံရုံးက နေပြီး မြန်မာအလုပ်သမားတွေ ကို စောင့်ရှောက်ဖို့အဖွဲ့ဖွဲ့ထား ပါတယ်။ ကျွန်တော်တို့အသင်းချုပ် ကြီးကလည်း ထိုင်းနိုင်ငံမှာ ရုံးခန်း ဖွင့်ပြီးတော့ အလုပ်သမားတွေအတွက် ကာကွယ်စောင့်ရှောက်  ဖို့လုပ်ပေးပါတယ်။ ၂၄ နာရီ အချိန်အရွေး အကူအညီတောင်းခံ  နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါပြပွဲကို မေလ ၁ ရက်  နံနက် ၈ နာရီတွင် အလုပ်အကိုင် နှင့် လူမှုဖူလုံရေ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးနယ်စပ်စည် ပင်ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ်္ဂိုလ်များILO,ION အဖွဲ့အစည်း
များနှင့် ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ မကာအို၊ ထိုင်ဝမ်နိုင်ငံ  များမှ လုပ်ငန်းရှင်များနှင့် အေဂျင်စီများလည်းပါဝင်ကာပြ ခန်းပေါင်း ၆၀ ကျော်ပါဝင်ပြီး အလုပ်လျောက်လွှာပေါင်း (    ) ခန့်ရရှိ ခဲ့ကြောင်း သိရသည်။

Hot News Journal 

No comments:

Post a Comment

My Blog List