Monday, March 17, 2014

ထိုင်းစစ်ဘက် ရာထူး အပြောင်းအလဲ စာရင်းအား ထိုင်းယာယီ ဝန်ကြီးချုပ် သဘောတူ


ထိုင်းယာယီ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ရင်လပ် ၊ ထိုင်းကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းကြည်း ၊ ရေ၊ လေတပ် ဦးစီးချုပ်များနှင့် ထိုင်းကာကွယ်ရေး အမြဲတမ်း အတွင်းဝန် တို့သည် ထိုင်းစစ်ဘက် ရာထူး အပြောင်းအလဲ ပြုလုပ်မည့် ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ် ၂ဝ၃ဦးတို့၏ အမည်စာရင်း နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဒွန်မောင်းခရိုင် ရှိ လေတပ် ကွပ်ကဲမှုဌာနချုပ်၌ မတ် ၄ရက်နှင့် ၇ရက်တို့တွင် ဆွေးနွေး မှု ပြုလုပ်ခဲ့ပြီး အဆိုပါ အမည်စာရင်းအား သဘောတူညီခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
အဆိုပါ အမည်စာရင်းအား သုံးသပ်စဉ်းစားမှု ပြုလုပ်နိုင်ရန် အတွက် ထိုင်းရွေးကောက်ပွဲ ကော်မရှင် သို့ ပေးပို့ထားကြောင်းနှင့် ယာယီအစိုးရအနေဖြင့် အစိုးရ၏ တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

၎င်းအမည် စာရင်းအား ရက်သတ္တတစ် ပတ်ခန့် အကြာတွင် ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပြန်လည် ရရှိမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက မျှော်မှန်း ထား ကြောင်းနှင့် အပြီးသတ် သဘောတူညီမှု ရရှိရန် အတွက် ထိုင်းဘုရင် ထံသို့ ဆက်လက် တင်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါရာထူး အပြောင်းအလဲသည် ဧပြီလ ၁ ရက်မှစတင် အကျိုး သက်ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းရာထူး အပြောင်း အလဲတွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒုတိယ စစ်ဦးစီးချုပ် ရာထူးနေရာ သုံးနေ ရာမှ လေးနေရာအထိ တိုးချဲ့ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရင်လပ် အနေဖြင့် အဆိုပါ ရာထူးအပြောင်း အလဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ ထိုင်းကြည်းတပ် ဦးစီးချုပ် ပရာယုဒ်နှင့် ရင်လပ် တို့အကြား ဆက်ဆံရေးမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် လတ်တလော နိုင်ငံရေး အခြေအနေအရ ရင်လပ် အနေဖြင့် စစ်ဘက်၏ထောက်ခံမှု ရရှိရန် အမှန်တကယ် လိုအပ်နေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List