Thursday, October 17, 2013
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃
မျိုးအနက် သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်မြို့ရှိ
ဒဂုံမြို့သစ်မြောက်ပိုင်း သေနတ်ပစ်ကွင်းမှာ လုံခြုံမှု မရှိကြောင်း
စက်တင်ဘာလ ၁၅ရက်နေ့က သုဝဏ္ဏ အားကစားရုံတွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲ
ကျင်းပရေး အစည်းအဝေးတွင် မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထက်ညီက ပြောကြားသည်။
ပြိုင်ပွဲကျင်းပမည့် သေနတ်ပစ်ကွင်းသည် လူခြေပြတ်သည့် မြို့ပြင်တွင်
ရှိပြီး ဘေးပတ်လည်တွင် လယ်ကွင်းများသာရှိကာ ကာရံထားသည့်
သံဆူးကြိုးများမှာလည်း အချို့နေရာများတွင် ပျက်စီးလျက်ကြောင်း
၎င်းကပြောဆိုသည်။ ယင်းအပြင် ပြိုင်ပွဲတွင် အသုံးပြုရန်
တရုတ်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများနှင့် ပြိုင်ပွဲသုံး
အထောက်အကူပြု ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်၌
လုံခြုံရေး တာဝန်ယူထားသည့် ရဲဝန်ထမ်းနှစ်ဦးသာ ရှိကြောင်း ၎င်းကရှင်းပြသည်။
“မြောက်ဒဂုံဘက်မှာ ခိုးမှုတွေများတယ်။ အဝတ်အစားရ အဝတ်အစားခိုးတယ်။ မရရင်တွေ့ရာ ယူသွားတတ်ကြတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစား ပြိုင်ပွဲများနှင့်
ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များအတွက် ရဲမှူးကြီး ခြောက်ဦးက ဦးဆောင်၍
လုံခြုံရေး တာဝန်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်
ပါဝင်သည့် သေနတ်ပစ် အားကစားနည်းကို အိမ်ရှင် အပါအဝင် ရှစ်နိုင်ငံ
ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၂ ခုချီးမြှင့်မည် ဖြစ်သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment