Tuesday, October 15, 2013
သံမဏိလိပ်ပြာ စီးရီးနဲ့ ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ပိုမိုရရှိလာတဲ့
တေးသံရှင် လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို
ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်သွားမယ်လို့ The Voice ကို ပြောပါတယ်။
“ဒီပွဲမှာ တီးဝိုင်းကတော့ ကျွန်တော့်ရဲ့ သံမဏိလိပ်ပြာ စီးရီးမှာ
တီးပေးထားတဲ့ Dream Lovers တီးဝိုင်းက တီးပေးမယ်။ ဆိုတာကတော့ ကျွန်တော်
တစ်ယောက်တည်းပဲ ဆိုမယ်။ သီချင်းပုဒ်ရေ ၂၅ ပုဒ်ကျော်လောက်ဆိုဖို့
စဉ်းစားထားတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါမယ်။
ဒီပွဲကို လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်အောင် သေချာပြင်ဆင် ထားပါတယ်”
လို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လင်းလင်းက ပြောပါတယ်။
တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာပြီးရင် မန္တလေးမှာ ပြုလုပ်ဖို့
စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရတာကြောင့် ရွှေ့ဆိုင်းထားပြီး
ခွင့်ပြုမိန့်ရရချင်း ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀
ရက်နေ့မှာတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ တစ်ကိုယ်တော်
ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လင်းလင်းက ဆိုပါတယ်။
ရန်ကုန်မှာ ပြုလုပ်မယ့် လင်းလင်းတစ်ကိုယ်တော် ဖျော်ဖြေပွဲကို မည်သည့်
ရုပ်သံလိုင်းကမှ ပြသသွားမှာ မဟုတ်ဘဲ ပွဲပြီးတဲ့အခါမှသာ ရိုက်ကူးထားသမျှ ကို
ဗီစီဒီအဖြစ် ဖြန့်ချိသွားမှာ ဖြစ်ကြောင်း၊ ဗီစီဒီ ရောင်းချပြီး ရလာတဲ့
အကျိုးအမြတ်တွေ အားလုံးကိုတော့ လူကုန်ကူး ခံရပြီးနောက် မြန် မာနိုင်ငံသို့
ပြန်လည် ရောက်ရှိလာတဲ့ သူတွေရဲ့ လူနေမှုဘဝ အခြေအနေတွေ ပြန်လည်
ထူထောင်နိုင်ဖို့၊ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေမှာ
ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ရာကနေ HIV
ပိုး ကူးစက်ခံရပြီး ပြန်လာတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ထိန်းသိမ်း
စောင့်ရှောက် နိုင်ဖို့အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း၊
လက်မှတ်ဈေးနှုန်းကိုတော့ ကျပ် ၆၀၀၀ သတ်မှတ်ထားကာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ
စတင်ပြီး မန်းသီရိ တေးသံသွင်း၊ ဘိုဘိုတေးထုတ်လုပ်ရေး၊ Nobody ဆိုင်များနဲ့
City Mart ဆိုင်ခွဲများ အားလုံးမှာ ဝယ်ယူ ရရှိနိုင်ကြောင်း လင်းလင်းက
ထပ်လောင်း ပြောကြားပါတယ်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment