Wednesday, August 21, 2013

LG နောက်ဆုံးထွက် G2 စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ အောက်တိုဘာတွင်ရောက်မည်

Wednesday, August 21, 2013
ကျောဘက်မျက်နှာပြင်တွင် ပါဝါအဖွင့်အပိတ်နှင့် အသံအတိုးအချဲ့ခလုတ်ပါရှိသော LG ၏ နောက်ဆုံးထွက်
မော်ဒယ် G2 စမတ်ဖုန်းကို ပြည်တွင်းတွင် အောက်တိုဘာလ၌ စတင်မိတ်ဆက်ရောင်းချသွားမည် ဟု LG ကုမ္ပဏီက သိရသည်။
အဆိုပါ LG G2 စမတ်ဖုန်းကို လတ်တလောတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တရားဝင် မိတ်ဆက်ရောင်းချနေပြီး နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများသို့ ဆက်လက် မိတ်ဆက်ဖြန့်ချိ
ရောင်းချသွားမည်ဖြစ်သည်။ LG G2 စမတ်ဖုန်းသည် 2.26 GHz quad-core 2.3 Ghz မြန်နှုန်းမြင့် Processor ကို အသုံးပြုထားပြီး Snapdragon 800 SoC Chipset အသုံးပြုထားသောကြောင့် ရုပ်ထွက်ပိုင်းနှင့် ဂိမ်းပိုင်းအသုံးပြုမှု ကောင်းမွန် သည်။
မျက်နှာပြင်အကျယ် ၅ ဒသမ ၂ လက်မ ကျော်ရှိပြီး Android ဗားရှင်း 4.2 Jelly Bean ကို အသုံးပြုထားကာ ကျောဘက် ကင်မရာမှာ13 Megapixel ဖြစ်သည်။ ရှေ့ကင်မရာမှာ 2.1 MP ရှိသည်။ RAMမှာ 2 GB အထိရှိပြီး သိုလှောင်မှုပမာဏ 16 GB နှင့် 32 GB ဟူ၍ အမျိုးအစားနှစ်ခုရှိသည်။
LG ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သော LG G2 စမတ်ဖုန်းတွင် ကမ္ဘာကျော် Vienny Boy Choir အဖွဲ့၏ တေးသီချင်းများကိုလည်း မူပိုင် Ringtune အနေဖြင့် စတင်ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ အတွင်းကပင် LG ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List