Wednesday, August 21, 2013
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်
တွင် လမ်းမကြီး၊ လမ်းသွယ်များ အပါအဝင် လမ်းပေါင်း ၃၀၀ ခန့်ကိုယ ခုနှစ်အ
တွင်း လမ်းသားချဲ့ထွင်ခြင်း၊ ကွန်ကရစ်နှင့် ကတ္တရာလမ်းများအဖြစ်
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းများ အဆင့်မြှင့်ရာတွင် ကျောင်း၊ ဆေးရုံများ တည်ရှိသော
လမ်းမများနှင့် ယာဉ်သွားလာမှုတွင် အဓိကကျသော လမ်းမကြီးများကို ဦးစားပေး
ပြင်ဆင်လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း ပြင်ဆင်ရန် လျာထားသောလမ်းပေါင်း
၄၀၀ ကျော်အနက် လမ်းပေါင်း ၃၀၀ခန့် ကို ပြင်ဆင်ပြီးဖြစ်ကြောင်း
၎င်းကရှင်းပြသည်။အဓိက လမ်းမကြီးဖြစ်သော ကမ်းနားလမ်း
ချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင် ရွက်ပြီးနောက် ဘုရင့်နောင်လမ်း နှင့်
အလုံလမ်းတို့ကိုလည်း ဆက်လက် ပြင် ဆင်နေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီ ယာဌာန (လမ်းနှင့် တံတား) ထံမှ သိရှိရသည်။
ယခု ဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင်ရန် လျာထားသော လမ်းပေါင်း ၄၀၀ ကျော်
လမ်းသားချဲ့ထွင်ခြင်းနှင့် လမ်းပြုပြင် ခြင်းများ ပြီးစီးပါက
ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာများပြားလာနိုင်ကာ ပြည်သူများကပါ
စည်းကမ်းရှိရှိ ယာဉ်ရပ် နားပါက ယာဉ်ကြောပိတ်ဆို့မှုကို ထက်ဝက် ခန့် လျော့
ကျစေနိုင်ကြောင်း အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)ထံမှ
သိရ သည်။
"ရပ်ကွက်ထဲက လမ်းတွေကို ကွန်ကရစ် ခင်းတာက လမ်းအကုန်လုံးကို မခင်းတော့
ကျန်တဲ့လမ်းတွေက မိုးရွာရင် အရင်ထက်ပိုပြီးတော့ ရေတင် တယ်" ဟု
တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်ပြီး ယာဉ်မောင်းအကူ
လုပ်ကိုင်သူ ဦးကျော်ကျော်မင်းက ပြောကြားသည်။
ရန်ကုန်စည်ပင်
နယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ်တွင် ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း
လမ်းသွယ်များအပါအဝင် လမ်းပေါင်း ၄၀၀ ကျော် ကို ငွေကျပ် ၃၁ ဘီလီယံ
အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရှိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment