Wednesday, June 19, 2013
မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဦးဆုံး Container DATA Centre ကို ရန်ကုန်မြို့ရှိ နိုင်ငံတော် ဗဟိုဘဏ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ Container DATA Centre သည် Modular Data Centre အမျိုးအစားဖြစ်ပြီး
Daiwa Institute of Research Ltd (DIR) က တည်ဆောက်ရန် ပံ့ပိုးပေးခဲ့ခြင်း
ဖြစ်သည်။ စင်တာတည်ဆောက်ရန်အတွက် နာလည်မှု စာချွန်လွှာကို မေ ၃၁ ရက်က
လက်မှတ်ရေးထိုး ခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍနှင့်
အိုင်တီနည်းပညာ အဆင့်အတန်း မီစေရေးအတွက် အဆိုပါ စင်တာကို
တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် လုပ်ငန်းစတင်
လည်ပတ်နိုင်မည်ဖြစ်ကြောင်း DIR က ထုတ်ပြန်ထားသည်။
DIR သည်
မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်တည်ထောင်နိုင်ရန် ၁၉၉၀ ကျော်
နှစ်များကတည်းက ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ် ဇွန်တွင်
မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသန အဖွဲ့လီမိတက်တို့က
မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်ကို
တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် အစိုးရ ငွေတိုက်စာချုပ် ရောင်းဝယ်ရေး
လုပ်ငန်းကို မြန်မာ့စီးပွားရေး ဘဏ်နှင့်အတူ ကိုယ်စားလှယ်အဖြစ်
လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
ထို့အတူ ၂၀၁၅ တွင် မြန်မာနိုင်ငံ၌
တည်ထောင်မည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများအတွက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုကျိုစတော့ အိပ်ချိန်းနှင့် DIR တို့သည်
ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီး ဖြစ်သည်။
DIR သည်
မြန်မာနိုင်ငံတွင် ခေတ်မီဘဏ္ဍာရေး စနစ်နှင့် အိုင်တီနည်းပညာများ
အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနေပြီး တိုကျိုစတော့ အိပ်ချိန်းသည်
မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာ အဆင့်မီ လည်ပတ်နိုင်ရန်
နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း
သိရသည်။
DIR သည် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍနှင့်
အရင်းအနှီးဈေးကွက် ပေါ်ထွန်းရေးအတွက် အထောက်အကူ ပြုသွားမည်ဖြစ်ပြီး အဆိုပါ
ကဏ္ဍများနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် ဂျပန်နိုင်ငံ၏ အရည်အသွေး
စံချိန်စံညွှန်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု DIR က
သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း
ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို
ရေးဆွဲလျက်ရှိပြီး ကြားခံအကျိုးဆောင် အသင်းအဖွဲ့များ၊ Fund Management
ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်ထံမှ
သတင်းရရှိသည်။
EMG
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment