Wednesday, June 19, 2013
မန္တလေးတိုင်း ဒေသကြီး၌ ဇွန်၂၀ ရက်တွင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း ၇၀၇၉၅ ကတ် ရောင်းချသွားမည်
Wednesday, June 19, 2013
မန္တလေးတိုင်း ဒေသကြီး၌ ဇွန် ၂၀ ရက်တွင် တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းတယ်လီဖုန်း ၇၀၇၉၅ ကတ် ခွဲဝေရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခွဲဝေရောင်းချမှုကို CDMA-800MHz မိုဘိုင်းတယ်လီဖုန်းအတွက် BTS တိုင်များရှိသည့် မန္တလေး ခုနစ်မြို့နယ်တွင် ၄၃၀၀၀ ကတ်၊ မိတ္ထီလာမြို့နယ်တွင် ကတ် ၁၅၀၀၊ သာစည်မြို့နယ် ကတ် ၁၃၀၀၊ မြင်းခြံမြို့နယ် ကတ် ၁၅၀၀၊ေ တာင်သာမြို့နယ်တွင် ကတ် ၁၀၀၀၊ နွားထိုးကြီးမြို့နယ်တွင် ကတ် ၂၀၀၀၊ ရမည်းသင်းမြို့နယ် ကတ် ၇၀၀ ၊ ပျော်ဘွယ်မြို့နယ် ကတ် ၁၅၀၀ ၊ ပြင်ဦးလွင်မြို့နယ် ကတ် ၄၀၀၀၊ ညောင်ဦးမြို့နယ်တွင် ၁၈၀၀ ကတ်၊ ကျောက်ဆည်မြို့နယ်တွင် ၃၅၀၀ ကတ်၊ မြစ်သားမြို့နယ်တွင် ၁၀၀၀ ကတ်၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ၁၉၉၅ ကတ်၊ ၀မ်းတွင်းမြို့နယ်တွင် ကတ် ၁၀၀၀၊ မတ္တရာမြို့နယ်တွင် ကတ် ၃၀၀၀၊ စဥ့်ကူးမြို့နယ်တွင် ကတ်၂၀၀၀ များကို မြို့နယ်ရုံးများတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ "ထိုတန်ဖိုးနည်းဖုန်းကို ပြည်သူတွေ သက်သာသော နှုန်းထားနဲ့ အမှန်တကယ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ရောင်းချခြင်း ဖြစ်တယ်။ လက်ဆင့်ကမ်း ရောင်းချတာကို ကာကွယ်ဖို့အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်း မရှိရင် အဆိုပါ ဖုန်းကတ်က အလိုအလျောက် လိုင်းပိတ်သိမ်းသွားမယ်ဆိုပြီး ကြေညာထားတယ်။ ဒါပေမဲ့ အရင်အသုတ်တွေက ဖုန်းကတ်တွေ ရောင်းပြီးရင် အပြင်ဈေးကွက်မှာ ဖုန်းကတ်တစ်ကတ်ကို သောင်းဂဏန်း၊ သိန်းဂဏန်းအထိ ဈေးတွေပေါက်သွားတယ်။ ဒီလိုဈေးမဖြစ်အောင် တာဝန်ရှိသူတွေက လုပ်ပေးသင့်တယ်" ဟု တန်ဖိုးနည်း SIM card ၀ယ်ရန် စောင့်စားနေသူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးမှ ပြောကြားသည်။
ယခုချထားပေးမည့် တန်ဖိုးနည်း SIM card များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချခြင်းဖြစ်ပြီှး SIM card တစ်ခုအတွက် ကျပ် ၁၅၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီးတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ပထမအကြိမ်တွင် ဖုန်းလိုင်းစုစုပေါင်း ကတ် ၆၅၀၀၀ ၊ ဒုတိယ အကြိမ်တွင် ၆၉၄၀၅ ကတ် ရောင်းချပေးခဲ့ကြောင်း သိရသည်။
EMG
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment