မကြာမီဖြေဆိုရတော့မည်ဖြစ်သောယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ မှာကျောင်းသူကျောင်းသား များအတွက်အလွန်နီးကပ်လာပြီ ဖြစ်သော် လည်း ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ အနှောက် အယှက်တစ်ရပ်ဖြစ် သော လျှပ်စစ်မီးပြဿနာရှိနေ ကြောင်း သိရ သည်။
“ကျွန်တော်တို့မှာ တက္ကသိုလ် ၀င်တန်းစာမေးပွဲကိုအောင်မြင်အောင်ဖြေဖို့အတွက် တာဝန်တစ်ရပ်ရှိနေ ပါတယ်။ အဲဒီတာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်ဖို့ အတွက်အချိန်နဲ့ တပြေးညီကိုကြိုး စားနေရပါ တယ်။ အချိန်ပြည့်လို လိုကိုကျူရှင်တက်ပြီးနေရပါတယ်။ ည (၁၀) နာရီလောက်မှ ကျူရှင် ကပြန်လာ ခဏနား၊ စားသောက် ပြီး (၁၁) နာရီလောက်မှာစာကျက် မယ်လည်းလုပ်ရောမီးကနေ့တိုင်း လိုလိုကိုအချိန်မှန်ပျက်ပါတယ်။ ဒီလိုမီးပျက်သွားလို့စာကျက်ဖို့ အတွက်ကို ထိုင်စောင့်နေရင်း အိပ်ပျော်သွားတာမျိုးလည်းရှိပါတယ်။ မီးပျက်လို့ဖယောင်းတိုင် နဲ့ စာကျက်မယ်လုပ်တော့လည်းနွေရာသီ ကိုရောက်နေပြီဖြစ်တဲ့ အတွက် မီးရေးထင်းရေးအန္တရာယ် ရှိလာနိုင်ပါတယ်။ ဒီတော့ညဖက် စာကျက် တဲ့ချိန်က အနှောက် အယှက်ဖြစ်ပြီးပျောက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့တွေကို ဒုက္ခ ပေးနေတာနဲ့ အတူတူပါပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ်လေးထောင့် ကန်ရပ်ကွက်နေမောင်အောင်ဇေ ယျကပြောကြား ခဲ့သည်။
ညီညီအောင်
The Hot News

No comments:
Post a Comment