ပျင်းရိငြီးငွေ့ဖွယ်ရာ အလုပ်အကိုင်မျိုးနှင့် နေ့စဉ် ထိတွေ့နေရသော်လည်း ယင်းအချက်သည် တစ်ဖက် တစ်လမ်းတွင် ကောင်းကျိုး ဖြစ်ထွန်းစေကြောင်း သုတေသီများက ပြောကြားလိုက်သည်။
နိစ္စဓူဝ ပျင်းရိစရာ လုပ်ငန်းတာဝန်များကို အပြောင်းအလဲမရှိ လုပ်ဆောင်နေရသော်လည်း ယင်းအနေ အထားသည် လူတစ်ဦး၏ ဖန်တီးမှု စွမ်းရည်ကိုမြင့်တက်လာစေကြောင်း သုတေသန ရလဒ်တစ်ခု က ဖော်ပြလျှက် ရှိနေသည်။
ဗြိတိန်နိုင်ငံ စိတ်ပညာဆိုင်ရာအသင်း၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ စူးစမ်းလေ့လာရေး အဖွဲ့ခွဲ ၏ နှစ်ပတ်လည် ညီလာခံတွင် အဆိုပါ တွေ့ရှိမှုကို မှတ်တမ်းတင် ဖော်ပြခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment