အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ်
ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက် ခဲ့သော် လည်းသူရရှိခဲ့သည့်ငွေများကို သူမသုံးခဲ့ရကြောင်း ရဲများက သတင်း ထုတ်ပြန် ခဲ့သည်။
အူရွတ် ခမ်းသည် ဒေါ်လာ တစ်သန်းထီပေါက်ကြောင်းကြားသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကာထခုန်ခဲ့ကြောင်း၊သို့သော်ထီပေါက်ပြီးနောက် တစ်လအကြာတွင် သေဆုံးသွားကြောင်း သိရသည်။ ခမ်း၏ အလောင်းကို စစ်ဆေး ရာတွင် သေေ စနိုင်လောက်သည် ဆိုင်ရာနိုက်အဆိပ်ပမာဏများစွာကို သူ့ခန္ဓာကိုယ် အတွင်းတွေ့ရ သည်ဟုဆို သည်။ သေမှုစုံစမ်းရေးအရာရှိက ထိုဆိုင်ရာနိုက်အဆိပ်များကြောင့် သေဆုံးခြင်းဖြစ်သဖြင့် အဘယ်ကြောင့် အဆိပ်သင့်ကြောင်းကို စုံစမ်းနေကြောင်း သိရသည်။
ခမ်းသည် 7-Eleven မှ ထီဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ထီတစ်စောင်လျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချနေသော ထီကို ထိုးပြီး ဒေါ်လာ တစ်သန်းထီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ခမ်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး ဇနီးနှင့် သမီး တစ်ယောက်ရှိသည်။ သူက ထီပေါက်သည်ဟု သတင်းကြားရစဉ်က ထခုန်ပြီး သူ့စတိုးဆိုင်မှ
ငွေကိုင်စာရေးကို ဒေါ်လာ ၁၀၀ ဘောက်ဆူးပေးခဲ့ကြောင်း၊ သူ့အိမ်ကို အပေါင်ထားရ သဖြင့် ပြန်ဆပ် ရမည်ဖြစ်ကြောင်း၊ အခွန်အခ များကိုပြေလည်အောင်ပေးပြီးနောက် ဆိုင်ကိုလည်းတိုးချဲ့မည်ဖြစ်ကြောင်း ထီပေါက်စဉ်က ပြောကြားခဲ့သည်။
ခမ်းသည် သူရရှိခဲ့သည့် ဒေါ်လာငွေတစ်သန်းကို စိန့်ဂျက် ကလေးဆေးရုံသို့လည်း လှူဒါန်းမည် ဟုပြော ကြားခဲ့ သေးသည်။ သို့သော် ထိုငွေများကို ဘာတစ်ခုမျှ မထိလိုက်ရပဲ သူသေဆုံးခဲ့ရသည်ဟု ရဲများက ဆိုသည်။
မောက္ခ

No comments:
Post a Comment