လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချ သွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေး သွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လက်ရှိဝန်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိတန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေး ရန် ပြောကြား ထားသော် လည်း အဆိုပါကိစ္စအတွက် ရတနာပုံတယ် လီပို့နှင့် ဆက်သွယ်ရေး ကုမ္ပဏီအများစုမှ သဘောမတူသည့် အတွက် လွှတ်တော် ၌ ဆွေးနွေး တင်ပြသွား မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းကိုလည်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသာနာရေးဝန်ကြီးသူရဦးမြင့်မောင် တို့အားပြည်ထောင်စု ၀န်ကြီးရာထူးမှ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃ နှင့်နှုတ်ထွက် ခွင့်ပြုလိုက်ကြောင်း ဇန်န၀ါရီလ(၁၅)ရက်နေ့ ညပိုင်းက ၈နာရီ နိုင်ငံပိုင်မီဒီယာများမှတဆင့်သတင်းထုတ်ပြန်ခဲ့သည်။
“ ထပ်မံရောင်းချသွားမယ့်တန်ဖိုးနည်းဖုန်းတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားပုဂ္ဂလိ က ကုမ္ပဏီတွေ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့၊ Asia Mega Link ၊ Fortune အင်တာနေရှင် နယ်၊ မြန်မာပိတောက် Engineering and Construction ၊ E-Lite Teach Manufacturing နဲ့ Information Technology Central Service ကုမ္ပဏီ လီမိတက် အစရှိတဲ့ ကုမ္ပဏီ ၁၃ ခုကို ရောင်းချခွင့်ပြု သွားမှာပဲ ဖြစ်ပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုမ္ပဏီများအနေဖြင့် တန်ဖိုးနည်း ဖုန်းများအား ရောင်းချမှုတွင်လည်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ဈေးနှုန်း ထက် ဈေး တင်ရောင်းပါကရောင်းချခွင့်ပိတ်သိမ်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရ သည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တန်းဖိုးနည်း မိုဘိုင်းဖုန်းများအားနေရာ (၁၈)နေရာ ၌ ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
“ကုမ္ပဏီများ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကိုလာရောက်ဆွေးနွေးခဲ့တဲ့အတွက် အခုလို ကုမ္ပဏီများကို ပြန်လည်ရောင်းချခွင့်ပြုတာ ဖြစ်တယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်း ဖုန်းအဖြစ် သတ်မှတ်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင်ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Myit Makha Mediagroup

No comments:
Post a Comment