Friday, December 14, 2012

တိုင်ကြားမှုအများဆုံးရှိသည့် ချောင်းသာသို့ မြေယာစုံစမ်းရေး ကော်မရှင်ရောက်ရှိစစ်ဆေး

Photo: တိုင်ကြားမှုအများဆုံးရှိသည့် ချောင်းသာသို့ မြေယာစုံစမ်းရေး
ကော်မရှင်ရောက်ရှိစစ်ဆေး
Friday, 14 December 2012

ဧရာဝတီတိုင်းအတွင်းမြေယာ အသိမ်းခံရမှုအတွက် အများဆုံးတိုင်ကြား
ခဲ့သော ချောင်းသာကျေးရွာ သို့ မြေယာစုံစမ်းရေးကော်မရှင်အတွင်းရေးမူး ဦးသိန်းထွန်းဦးဆောင်သော အဖွဲ့ရောက်ရှိ စစ်ဆေးနေသည်။

မြေယာကိစ္စတိုင်ကြားမှုများတွင် ဧရာဝတီတိုင်းမှာ (၁၇၆)မှုဖြင့် တိုင်ကြားမှု
အများဆုံးဖြစ်ပြီး ပုသိမ် မြို့နယ်၌ (၆၂)မှုနှင့် ချောင်းသာကျေးရွာ
တစ်ခုတည်းမှာပင် (၃၇)မူဖြင့် တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း သိရသည်။

 “မှတ်ပုံတင်ပြီးသား တိုင်စာတွေကိုပဲ အဓိကစစ်ဆေးတာပါ၊ မြေသိမ်း
တိုင်စာတွေကတော့ အများကြီးပဲ၊ ဒါတွေ ကို စိစစ်ပြီးမှတ်ပုံတင်
တာပါ၊ တချို့တိုင်စာတွေက နိုင်ငံတော် သမ္မတတို့
ဒေါ်အောင်ဆန်းစုကြည်တို့ကို လိပ်မူ ပြီး တိုင်ထားတာတွေရှိတယ်၊ ဒါကြောင့် မြေယာကိစ္စတိုင်မယ်ဆိုရင် နောက်ဆိုမြေယာစုံစမ်းရေး
ကော်မရှင် ဥက္ကဋ္ဌသို့ ဆိုပြီး လိပ်မူပြီးတိုင်မယ်ဆို လုံလောက်ပါတယ်” ဟု မြေယာစုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောသည်။

တိုင်ကြားမှုများကို စစ်ဆေးသည့်အခါ မူလမြေပိုင်ရှင်များ၏ ခိုင်လုံသော အထောက်အထားစာရွတ် စာတမ်းများ၊ ယခုပိုင်ဆိုင်သည့် လုပ်ငန်းရှင်များမှ ခိုင်လုံသော အထောင်အထားများကို တွေ့ဆုံ၍ တပြိုင်နက်ဖြေရှင်းစေသော နည်းလမ်းဖြင့် ဆောင်ရွက်နေသော် လည်း လုပ်ငန်းရှင်များမှ လိုက်နာမှုအားနည်းနေကြောင်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့ဆီကို (၁၀)ရက်နေ့က နေစပြီး ကုမ္ပဏီတွေထဲကဆို မက်စ်မြန်မာ၊ မြန်မာမေဖလားဝါးရယ် သုံးခု လောက်ပဲ လာတယ်၊ သိမ်းထားတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေက အများကြီးပဲ၊ လာတဲ့ကုမ္ပဏီ(၃)ခုကလည်း အချို့က အထောက်အထားတွေ မပါသေးလို့ နောက်မှ တင်ပြမယ်ဆိုတော့ အားလုံးရှေ့မှာ ချမပြရဲသလို ဖြစ်နေ တယ်”ဟု ချောင်းသာဒေသခံ တောင်သူ ဦးလှမြင့်က ပြောသည်။

စုံစမ်းရာတွင် မြေသိမ်းခံတောင်သူများမှာ မိမိတို့လုပ်ကိုင်ခဲ့သော
ကာလများမှာ မြေခွန်ပြေစာအထောက်အထား များကို လုပ်ငန်းရှင်များကို ပြသရမည်ဖြစ်ပြီး လုပ်ငန်းရှင်မှာလည်း ပုံစံ(၁၀၅) လန ၃၉ ဂရမ်ပြေစာများကို ပြသ ရမည်ဖြစ်ကြောင်းနှင့်   မြေသိမ်းဥပဒေနှင့် ညီ/မညီကို မြေယာစုံစမ်းရေးကော်မရှင်မှ စုံစမ်းကာ မကြာမီ ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော်သို့  တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒေသခံတွေက စိုးရိမ်နေကြလို့ပါ၊ နှစ်ဘက်တွေ့ဆုံတဲ့ပွဲမှာ တိုင်ကြားသူရော အတိုင်ခံရသူတွေပါ တွေ့ဆုံ ဖြေရှင်း ရမှာပါ တိုင်ကြားသူကသာ ဖြေရှင်းနိုင်မယ်ဆိုရင် အတိုင်ခံရတဲ့သူတွေက ခုခံချေပပိုင်ခွင့်တွေ ဆုံးရှုံးမှာပါ၊ ကျွန်တော်တို့ကတော့ ရတဲ့
အထောက်အထားတွေကိုပဲ လွှတ်တော်ကိုအမှန်အတိုင်း တင်ပြသွားမှာပါ” ဟု မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီမှ မအူပင်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။

ချောင်းသာသို့ရောက်ရှိနေသော မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီ
အဖွဲ့ကို တိုင်းလွှတ်တော်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ်များမှာ
ရှေ့ပြေးအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးနေပြီး ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပုသိမ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှာလည်း လိုက်ပါ ကူညီဆောင်ရွက်ပေးနေပြီး ချောင်းသာမှတဆင့်ငွေဆောင်၊
ရွှေသောင်ယံ၊ငပုတော စသည့် ဒေသများသို့ သွားရောက်မည်ဖြစ်သည်။

ချောင်းသာကျေရွာမှာ လယ်မြေဧက (၆၃၅)ဧကကို ၁၉၉၃ခုနှစ်က ကမ်းခြေစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ၂၀၀၆ခုနှစ်က ထပ်မံ၍ (၅၅) ဧကကျော်ကို မြို့မြေကွက်ဖော်ထုတ်ရန်ဟုဆိုကာ သိမ်းယူခဲ့၍
ဒေသခံအများစု၏ လူမှုစီးပွားဘ၀များပျက်စီးခဲ့ ရကြောင်း ဒေသခံများက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မြေယာစုံစမ်းရေးကော်မရှင်သည် သြဂုတ်လ
အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးယခု ပဉ္စမ ပုံမှန်အစည်းအဝေးပြီးဆုံးချိန် တွင် ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များဖြင့် တနိုင်ငံလုံးရှိ
မြေယာပြဿနာများကို တပြိုင်နက်ကွင်းဆင်း စုံစမ်းနေခြင်းဖြစ်ကြောင်း ဧရာဝတီမြေယာစုံစမ်းရေးကော်မရှင်အဖွဲ့ မှ သိရသည်။

မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup
ဧရာဝတီတိုင်းအတွင်းမြေယာ အသိမ်းခံရမှုအတွက် အများဆုံးတိုင်ကြား ခဲ့သော ချောင်းသာကျေးရွာ သို့ မြေယာစုံစမ်းရေးကော်မရှင်အတွင်းရေးမူး ဦးသိန်းထွန်းဦးဆောင်သော အဖွဲ့ရောက်ရှိ စစ်ဆေးနေသည်။
မြေယာကိစ္စတိုင်ကြားမှုများတွင် ဧရာဝတီတိုင်းမှာ (၁၇၆)မှုဖြင့် တိုင်ကြားမှု အများဆုံးဖြစ်ပြီး ပုသိမ် မြို့နယ် ၌ (၆၂)မှုနှင့် ချောင်းသာကျေးရွာ တစ်ခုတည်းမှာပင် (၃၇)မူဖြင့် တိုင်ကြားမှုအများ ဆုံးဖြစ်ကြောင်း သိရ သည်။
“မှတ်ပုံတင်ပြီးသား တိုင်စာတွေကိုပဲ အဓိကစစ်ဆေးတာပါ၊ မြေသိမ်း တိုင်စာတွေကတော့ အများကြီးပဲ၊ ဒါတွေ ကို စိစစ်ပြီးမှတ်ပုံတင် တာပါ၊ တချို့တိုင်စာတွေက နိုင်ငံတော် သမ္မတတို့ ဒေါ်အောင်ဆန်းစုကြည် တို့ကို လိပ်မူ ပြီး တိုင်ထားတာတွေရှိတယ်၊ ဒါကြောင့် မြေယာကိစ္စတိုင်မယ် ဆိုရင် နောက်ဆိုမြေယာ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌသို့ ဆိုပြီး လိပ်မူပြီးတိုင်မယ်ဆို လုံလောက်ပါတယ်” ဟု မြေယာ စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောသည်။

တိုင်ကြားမှုများကို စစ်ဆေးသည့်အခါ မူလမြေပိုင်ရှင်များ၏ ခိုင်လုံသော အထောက်အထားစာရွတ် စာတမ်းများ၊ ယခုပိုင်ဆိုင်သည့် လုပ်ငန်းရှင်များမှ ခိုင်လုံသော အထောင်အထားများကို တွေ့ဆုံ၍ တပြိုင်နက်ဖြေရှင်းစေသောနည်းလမ်းဖြင့် ဆောင်ရွက်နေသော်လည်း လုပ်ငန်းရှင်များမှလိုက်နာမှုအား နည်း  နေကြောင်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော်တို့ဆီကို (၁၀)ရက်နေ့က နေစပြီး ကုမ္ပဏီတွေထဲကဆို မက်စ်မြန်မာ၊ မြန်မာမေဖလားဝါးရယ် သုံးခု လောက်ပဲ လာတယ်၊ သိမ်းထားတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေက အများကြီးပဲ၊ လာတဲ့ ကုမ္ပဏီ(၃)ခုကလည်း အချို့က အထောက်အထားတွေ မပါသေးလို့ နောက်မှ တင်ပြမယ်ဆိုတော့ အားလုံးရှေ့မှာ ချမပြရဲသလို ဖြစ်နေ တယ်”ဟု ချောင်းသာဒေသခံ တောင်သူ ဦးလှမြင့်က ပြောသည်။

စုံစမ်းရာတွင် မြေသိမ်းခံတောင်သူများမှာ မိမိတို့လုပ်ကိုင်ခဲ့သော ကာလများမှာ မြေခွန်ပြေစာအထောက် အထား များကို လုပ်ငန်းရှင်များကို ပြသရမည်ဖြစ်ပြီး လုပ်ငန်းရှင်မှာလည်း ပုံစံ(၁၀၅) လန ၃၉ ဂရမ်ပြေစာ များကို ပြသ ရမည်ဖြစ်ကြောင်းနှင့် မြေသိမ်းဥပဒေနှင့် ညီ/မညီကို မြေယာစုံစမ်းရေးကော်မရှင်မှ စုံစမ်းကာ မကြာမီ ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော်သို့  တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒေသခံတွေက စိုးရိမ်နေကြလို့ပါ၊ နှစ်ဘက်တွေ့ဆုံတဲ့ပွဲမှာ တိုင်ကြားသူရော အတိုင်ခံရသူတွေ ပါ တွေ့ဆုံ ဖြေရှင်း ရမှာပါ တိုင်ကြားသူကသာ ဖြေရှင်းနိုင်မယ်ဆိုရင် အတိုင်ခံရတဲ့သူတွေက ခုခံချေပ ပိုင်ခွင့်တွေ ဆုံးရှုံးမှာပါ၊ ကျွန်တော်တို့ကတော့ ရတဲ့ အထောက်အထားတွေကိုပဲ လွှတ်တော်ကို အမှန်အတိုင်း တင်ပြသွားမှာပါ” ဟု မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီမှ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။

ချောင်းသာသို့ရောက်ရှိနေသော မြေယာစုံစမ်းရေးကော်မရှင် ဧရာဝတီအဖွဲ့ကို တိုင်းလွှတ်တော်မှ တိုင်း လွှတ်တော် ကိုယ်စားလှယ်များမှာ ရှေ့ပြေးအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးနေပြီး ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပုသိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်မှာလည်းလိုက်ပါကူညီဆောင်ရွက်ပေးနေပြီးချောင်းသာမှတဆင့်ငွေဆောင်၊ ရွှေသောင်ယံ၊ငပုတော စသည့် ဒေသများသို့ သွားရောက်မည်ဖြစ်သည်။

ချောင်းသာကျေရွာမှာ လယ်မြေဧက (၆၃၅)ဧကကို ၁၉၉၃ခုနှစ်က ကမ်းခြေစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ၂၀၀၆ခုနှစ်က ထပ်မံ၍ (၅၅) ဧကကျော်ကို မြို့မြေကွက်ဖော်ထုတ်ရန်ဟုဆိုကာ သိမ်းယူခဲ့၍ ဒေသခံ အများစု၏ လူမှုစီးပွားဘ၀များပျက်စီးခဲ့ ရကြောင်း ဒေသခံများက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မြေယာစုံစမ်းရေးကော်မရှင်သည် သြဂုတ်လ အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခု ပဉ္စမ ပုံမှန်အစည်းအဝေးပြီးဆုံးချိန် တွင် ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များဖြင့် တနိုင်ငံ လုံးရှိမြေယာပြဿနာများကို တပြိုင်နက်ကွင်းဆင်း စုံစမ်းနေခြင်းဖြစ်ကြောင်း ဧရာဝတီမြေယာ စုံစမ်းရေး   ကော်မရှင်အဖွဲ့ မှ သိရသည်။


No comments:

Post a Comment

My Blog List