Thursday, December 13, 2012

နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေသော မာလီဝန်ကြီးချုပ်အား အာဏာသိမ်း ခေါင်းဆောင်က ဖမ်းဆီး

Photo: နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေသော မာလီဝန်ကြီးချုပ်အား အာဏာသိမ်း
ခေါင်းဆောင်က ဖမ်းဆီး
Wednesday, 12 December 2012 

ပြင်သစ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေသည့် မာလီဝန်ကြီးချုပ် ချိတ်မိုဒီဘိုဒိုင်ယာရာ အားဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် ဒီဇင်ဘာ ၁၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။ 

အဆိုပါ ဝန်ကြီးချုပ်သည် ဒီမိုကရေစီ စနစ်ပြုပြင် ပြောင်းလဲရေး
အပေါ် နိုင်ငံရေး ဆွေးနွေးပွဲ ပျက်ပြားစေရန် ကြိုးစားနေသည်ဟု သံသယရှိကြောင်း စစ်တပ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။ ၄င်းအား မတ်လ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး အမာဒိုးဆာနိုဂိုက အမိန့်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

မာလီတပ်ဖွဲ့ဝင်များအား ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်နှင့် အရပ်သား ဝန်ကြီးတို့အကြား တင်းမာမှုသည် လွန်ခဲ့သော 
သီတင်းပတ်များက ပို၍ ဆိုးရွားလာခဲ့သည်။ ''သူက နိုင်ငံကို
ဘေးဒုက္ခတွေ ကြုံစေချင်လို့ တိုင်းပြည်က ထွက်ပြေးချင်နေတာပါ '' ဟု အစိုးရတပ်များ ပြောရေးဆိုခွင့်ရှိသူ ဘာကရီမာရီကိုက ပြောကြားသည်။ 

မာလီဝန်ကြီးချုပ်အား ဖမ်းဆီးလိုက်ကြောင်း သမ္မတ၏ အဖွဲ့ဝင်တစ်ဦး
က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ မာလီစစ်သားများက ဝန်ကြီးချုပ် နေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူတို့အား ဗိုလ်ကြီး ဆာနိုဂိုက လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရပ်ကွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ မစ္စတာဒိုင်ယာရာသည် ကြားဖြတ် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် သြဂုတ်လက နိုင်ငံပြန်လည် တည်ငြိမ်ရေး ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။ 

(ဘီဘီစီ)
Khit Lu Nge
ပြင်သစ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေသည့် မာလီဝန်ကြီးချုပ် ချိတ်မိုဒီဘိုဒိုင်ယာရာ အားဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် ဒီဇင်ဘာ ၁၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ ဝန်ကြီးချုပ်သည် ဒီမိုကရေစီ စနစ်ပြုပြင် ပြောင်းလဲရေး အပေါ် နိုင်ငံရေး ဆွေးနွေးပွဲ ပျက်ပြားစေရန် ကြိုးစားနေသည်ဟု သံသယရှိကြောင်း စစ်တပ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။ ၄င်းအား မတ်လ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး အမာဒိုးဆာနိုဂိုက အမိန့်ထုတ် ဖမ်းဆီး ခဲ့ခြင်းဖြစ် သည်။
မာလီတပ်ဖွဲ့ဝင်များအား ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်နှင့် အရပ်သား ဝန်ကြီးတို့အကြား တင်းမာမှုသည် လွန်ခဲ့သော သီတင်းပတ်များက ပို၍ ဆိုးရွားလာခဲ့သည်။ ''သူက နိုင်ငံကို ဘေးဒုက္ခတွေ ကြုံစေချင်လို့ တိုင်းပြည်က ထွက်ပြေးချင်နေတာပါ '' ဟု အစိုးရတပ်များ ပြောရေးဆိုခွင့်ရှိသူ ဘာကရီမာရီ ကိုက ပြောကြားသည်။

မာလီဝန်ကြီးချုပ်အား ဖမ်းဆီးလိုက်ကြောင်း သမ္မတ၏ အဖွဲ့ဝင်တစ်ဦး က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ မာလီစစ်သားများက ဝန်ကြီးချုပ် နေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူတို့အား ဗိုလ်ကြီး ဆာနိုဂိုက လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း သတင်း ရပ်ကွက်ပြောရေး ဆိုခွင့်ရှိသူ ကပြောကြားသည်။ မစ္စတာဒိုင်ယာရာသည် ကြားဖြတ် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာ သိမ်းပြီးနောက် သြဂုတ်လက နိုင်ငံပြန်လည် တည်ငြိမ်ရေး ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။


No comments:

Post a Comment

My Blog List