Friday, November 02, 2012

ဘာသာပေါင်းစုံ ပါဝင်မည့် ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တော်ဝင် နှင်းဆီတွင် ပြုလုပ်မည်

ဘာသာပေါင်းစုံ ပါဝင်သော ရခိုင်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ တစ်ခုကို ယနေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်မည်ဟု သတင်း ရရှိသည်။

ဆွေးနွေးပွဲသို့ ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ ရခိုင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိုလိုလားသူများ တက်ရောက်ကြမည်ဟု သိရ သည်။
ဆွေးနွေးပွဲမှ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကြေညာချက် တစ်စောင်လည်း ထွက်ပေါ်လာ မည်ဟု သိရသည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယခုတွေ့ဆုံဆွေးနွေးမူသည် အောက်တိုဘာလ ၂၁ ရက်နေ့ က တကျော့ပြန် ပြန်လည် စတင်ခဲ့သော ရခိုင်အရေး အပြီး ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။

No comments:

Post a Comment

My Blog List