Wednesday, October 31, 2012

ဟာရီကိန်း စဲန်ဒီ လေပြင်းကြောင့် ဒေါ်လာ သုံးဘီလျံအထိ ဆုံးရှုံးနိုင်


http://www.weather.com
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်နဲ့ အရှေ့မြောက်ကမ်းခြေဒေသကို တိုက်ခတ်မယ့် ဟာရီကိန်း စဲန်ဒီ ရဲ့ လေပြင်းများကြောင့် အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံမှ ၃ ဘီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အမေရိကန်
ပြည်ထောင်စု ဗဟိုအစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု အေဂျင်စီက ခန့်မှန်းထားပါတယ်။ လက်ရှိ အခြေအနေ၌ နယူးယောက်ပြည်နယ်၊ ၀ါရှင်တန်ဒီစီမြို့တော်၊ မဲန်ဆာချူးဆက်ပြည်နယ် ၊ မေရီလဲန်းပြည် နယ်၊ နယူးဂျာစီပြည်နယ်နဲ့ ကော်နားတီကက်ပြည်နယ်များတွင် အရေးပေါ်အခြေအနေ ကြေငြာထားပါ တယ်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲမှုများရှိနိုင်ပြီး ရက်အတန်ကြာ လျှပ်စစ်မီး ပြတ်တောက်မှု များလည်း ကြုံတွေ့ရဘွယ်ရှိပါတယ်။ အချို့ဒေသများတွင် တရက်မှ ၁၀ ရက်ခန့်အထိ လျှပ်စစ်မီးပြတ်
တောက် လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ မုန်တိုင်းရဲ့ အရွယ်ပမာဏ ကြီးမားတဲ့အတွက် မုန်တိုင်း ဖြတ်သွား ရာဒေသတလျောက် ၂၄ နာရီကျော်ကြာအောင် တနာရီကို မိုင် ၃၀ မှ ၅၀ အထိလေပြင်းများ တိုက်ခတ်နိုင် ပါတယ်။ ထို့အပြင် အချို့လေပြင်းတိုက်နှုန်း မိုင် ၈၀ အထိ ရှိနိုင်ပါတယ်။ ဟာရီကိန်း စဲန်ဒီကြောင့် မိုး သည်းထန်စွာ ရွာသွန်းနိုင်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့မြောက်နဲ့ အတ္တလန်တစ် အလယ်ပိုင်းဒေသ များတွင် ၄ လက်မ မှ ၈ လက်မအထိ မိုးရွာသွန်းနိုင်ကာ တချို့နေရာများတွင် မိုးရေချိန် ၁၂ လက်မအထိ ရှိနိုင်ပါတယ်။ နယူးယောက်ဝန်းကျင်တွင် ပင်လယ်ရေမျက်နှာပြင် ၆ ပေမှ ၁၁ ပေအထိ မြင့်တက်လာနိုင်
ကြောင်း သတိပေးထားပြီး အမေရိကန်ပြည်ထောင်စု အရှေ့ဘက်နဲ့ အရှေ့မြောက်ကမ်းခြေအနှံ့ ၄ ပေမှ ၈ ပေအထိ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နိုင်ပါတယ်။ နယူးယောက်မြို့ မြေနိမ့်ဒေသများရှိ ပြည်သူ သုံးသိန်း ခုနှစ်သောင်း ငါးထောင်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့အကြံပေးထားပါတယ်။ နယူးဂျာစီပြည် နယ်က ရေလှောင်ကန်၊ ရေကာတာများက ရေများကို ဖွင့်ဖောက်ထားပြီး ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား မဖြစ်အောင် ပြင်ဆင်နေကြပါတယ်။ မုန်တိုင်းတိုက်ခတ်မှုနဲ့ ဆက်စပ်ပြီး အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်းအချို့ဒေသများတွင် တပေ၊ နှစ်ပေ၊ နှစ်ပေနဲ့အထက်ရှိတဲ့ စနိုးများ ကျဆင်းနိုင်
ကြောင်း၊ စနိုးများကျဆင်းမှုနဲ့အတူ လေပြင်းများလည်း တိုက်ခတ်နိုင်တာကြောင့် သစ်ပင်ပြိုလဲမှု၊ လျှပ်စစ် ဓါတ်အား ပြတ်တောက်မှုများ၊ အဆာက်အဦများပျက်စီးမှုနဲ့ ခေါင်းမိုးပြိုကျမှုများ ဖြစ်နိုင်ကြောင်း မိုးလေ  ၀သပညာရှင်များက သတိပေးထားပါတယ်။ ပြင်းအားအဆင့် ၁ ရှိ ဟာရီကိန်း စဲန်ဒီဟာ ၂၀၁၂   အောက်တိုဘာ ၂၉ ရက်နေ့ အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် မနက် ၂ နာရီတွင် အနောက် လောင်ဂျီတွဒ် ၇၀.၅ ဒီဂရီနဲ့ မြောက် လတ္တီတွဒ် ၃၅.၂ ဒီဂရီတွင် အခြေပြုနေပြီး တနာရီကို ၇၅ မိုင်နှုန်း လေပြင်းများတိုက်ခတ်နေပါတယ်း ထို့အပြင် မြောက်ဘက်ကို တနာရီ ၁၄ မိုင်နှုန်းနဲ့   ရွေ့လျားနေ ပြီး လေဖိအားက ၉၅၀ မီလီဘားရှိပါတယ်။ ဟာရီကိန်း စဲန်ဒီဟာ အမေရိကန် အရှေ့ဘက်ကမ်းခြေ နဲ့ အပြိုင် မြောက်ဘက်သို့ ရွေ့လျားနေပြီး အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၈ နာရီခန့်တွင် အရှေ့ဘက်မှ အနောက်မြောက်၊ အနောက်ဘက်သို့ ဦးတည် ရွေ့လျားနိုင်ကာ ည ၈ နာရီခန့်တွင် နယူးဂျာစီကမ်းရိုးတန်း ကို အတ္တလဲန်တစ် စီးတီးအနီးမှတဆင့် ဖြတ်သန်း ၀င်ရောက်နိုင်ခြေ ရှိပါတယ်။

No comments:

Post a Comment

My Blog List