ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊
ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ်
မိုင်းလားဒေသသို့ နိုင်ငံခြားသား
ခရီးသွားဧည့်သည်များအား
လတ်တလောတွင် သွားရောက်ခွင့်မပြုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်
ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
လတ်တလောတွင် နယ်မြေဒေသ အခြေအနေအရ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိ၊
မိုင်းလား ခရီးစဉ်များအား သွားရောက်ခွင့်မပြု ကြောင်းနှင့် သွားရောက်ခွင့်
ပြန်လည်ခွင့်ပြုပါက ထပ်မံအကြောင်းကြားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။
''ထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ သတင်းထုတ်ပြန်ချက် အသစ်ထပ်ထုတ်တာ မရှိခင်အထိ
အဲဒီထုတ်ပြန်ချက်ဟာ အတည်ပါပဲ''ဟု
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး
ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခု နှစ် ဇွန်လမှစတင်ပြီး နယ်မြေအခြေ
အနေမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအခါတွင် စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊
မဟာမုနိသို့ ခရီးသွား ဧည့်သည်များ သွားရောက်ရန် ခွင့်မပြုကြောင်း
ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ရန် စိတ်ဝင်
စားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး သံတွဲရှိ ငပလီကမ်းခြေ၊ မြောက်ဦးဒေသ၊ မြောက်ဦးမြို့၏
မြောက်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသော ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့
မှတစ်ဆင့် သွားရောက်ရသည့် မဟာမုနိဘုရားကြီး စသည်တို့မှာ စိတ်ဝင်စားဖွယ်
ခရီးစဉ်များ ဖြစ်ကြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားဒေသသည်
နယ်စပ်ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ
ဝင်ရောက်လာသော ခရီးသွားများအား Entry Permit ဖြင့် ယင်းဒေသသို့
ဝင်ရောက်ခွင့်ပြုကာ လာလမ်းအတိုင်း ပြန်လည်ထွက်ခွာခွင့်ပြုထားသော
ဒေသဖြစ်သည်။
ယခုအခါတွင် နယ်မြေအခြေအနေပေါ် မူတည်၍ ခရီးသွားဧည့်သည်များ သွားရောက်ခွင့်မပြုသော ဒေသများတွင် မိုင်းလားဒေသလည်း ပါဝင်လာခြင်းဖြစ်သည်။
''လာမယ့် ပွင့်လင်းရာသီမှာတော့ ဒီဒေသအားလုံးကို ပြန်ပြီးခွင့်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အသင်းဝင်ကုမ္ပဏီများ
သိရှိနိုင်ရန် ထပ်ဆင့်အကြောင်း
ကြားထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများနှင့်
ပတ်သက်၍ ခွင့်ပြုဒေသများနှင့် ကန့်သတ်ဒေသများ စသည်ဖြင့် ရှိနေသည်။
မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားဧည့်သည်များ လှည့်လည်သွား
လာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကြို တင်ခွင့်ပြုချက်ဖြင့်
သွားလာခွင့်ရသည့်ဒေသများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊
တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင်
တည်ရှိနေသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment