ပြီးခဲ့တဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ကိုမင်းကိုနိုင်က
“လွန်ခဲ့တဲ့ ၂၄ နှစ်ကို ပြန်ကြည့်ရင် ကျနော်တို့ ပေါက်ကွဲသံတွေနဲ့
တက်ခေါက်သံတွေနဲ့ ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီနေ့တော့
ပြန်လည်သင့်မြတ်ရေးဆိုတဲ့ တေးကို ကျနော်တို့ ကြိုးညှိနေကြပြီ” လို့
အကောင်းမြင်စိတ်နဲ့ အမှတ်တရစကား ပြောကြားသွားတာ နားထောင်လိုက်ရပါတယ်။
ကိုမင်းကိုနိုင် ပြောသလို တကယ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ကြိုးညှိနေချိန်ဆို အတိုင်းမသိ ၀မ်းမြောက်စရာပါ။ ကိုမင်းကိုနိုင်က
ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့လို သမ္မတရုံးဝန်ကြီးတွေနဲ့ အနီးကပ်
ထိတွေ့ဆက်ဆံခွင့်ရနေသူဖြစ်လို့ ဦးသိန်းစိန်တို့ဘက်က ကတိစကားတခုခု
ရထားလို့များ ဒီလိုအကောင်းမြင်စကား ပြောတာလားတော့ မသိနိုင်ဘူးပေါ့။
ကျနော်တို့လို အဝေးမြင်မှာကတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊
ကိုမင်းကိုနိုင်တို့လို အထင်ကရ အတိုက်အခံ ခေါင်းဆောင်တွေဘက်ကသာ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တဖက်သတ် အလျှော့ပေး
ကြိုးညှိနေတာတွေ့ရပြီး ဦးသိန်းစိန်အစိုးရနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့
စစ်အုပ်စုဘက်ကတော့ ကြိုးညှိဖို့ နေနေသာသာ ရခိုင်အဓိကရုဏ်းကို ဖန်တီး၊
ကချင်ထိုးစစ်ကို မရပ်၊ အပစ်အခတ်ရပ်ထားတဲ့ ရှမ်း/မြောက် တပ်မတော်ကိုလည်း
ပြန်တိုက်၊ ပလောင် (တအောင်း) မှာလည်း ထိုးစစ်တွေ ပြင်းထန်၊ မိုးထိမိုးမိနဲ့
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာလည်း လုံထိန်းတွေ ဖွေးဖွေးလှုပ်၊
အလုပ်သမား၊ လယ်သမား အကူအညီပေးရေး ပြည်သူ့အကျိုးဆောင်ကွန်ရက်တွေက
ပုဂ္ဂိုလ်တွေကိုလည်း ကြံ့ဖွံ့အစိုးရလက်ကိုင်တုတ်တွေက ခွေးဆွဲသလို အလစ်အငိုက်
ဖမ်းဆီး … စတဲ့ ကျူးကျော်ဖိနှိပ်တဲ့ လုပ်ရပ်တွေကိုပဲ
စက်ဆုပ်ဖွယ်ကောင်းလောက်အောင် တရစပ် လုပ်ဆောင်နေတာ တွေ့နေရတယ်။
ပြောရရင် မတရားမှုတွေ တင်းကျမ်းပေါ်ထွက်လာတဲ့ အခုလို အချိန်အခါမျိုးမှာမှ
“နောက်ကြောင်းပြန်လှည့်မှာ စိုးလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်က
ရဲရဲတောက်ခဲ့တဲ့ နိုင်ငံတကာသိ နာမည်ကျော် အတိုက်အခံ ပုဂ္ဂိုလ်တွေရဲ့
ပင်ကိုယ်စရိုက်လက္ခဏာတွေ ပျောက်ဆုံးနေကြတာဟာဖြင့် တော်တော့်ကို ၀မ်းနည်းဖို့
ကောင်းပါတယ် (ဒါကို “နိုင်ငံရေးအမြော်အမြင်ရှိလို့ ဒီလိုနေကြတာဟေ့” လို့
ကြံဖန်ဂုဏ်ယူနေကြရင်ဖြင့် … မကြာမတင်အချိန်ကာလမှာ အဖြေပေါ်လာမှာမို့
နေကြပေါ့လေလို့ပဲ ပြောရုံမှတပါး ...)။ ခေါင်းဆောင်တွေ ပင်ကိုယ်စရိုက်လက္ခဏာ
ပျောက်ဆုံးနေကြသလို ပြည်သူအားလုံးကပါ လိုက်ပြီး ကိုယ်ပိုင်စရိုက်လက္ခဏာတွေ
ပျောက်ဆုံးကုန်မှဖြင့် မြန်မာပြည်ကြီးအတွက်တော့ မတွေးရဲစရာ …။
အားမနာတမ်းပြောရရင်တော့ အခုအချိန်ဟာ ကြံ့ဖွံ့စစ်အစိုးရက နိုင်ငံတကာသိ
အတိုက်အခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုတဲ့
ဒီမိုကရေစီအမျိုးအစား သီးသန့်ချီးမြှင့်ထားပြီး ဒီမိုကရေစီဆုတံဆိပ်တွေရ
နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေဘက်ကတော့ ဦးသိန်းစိန်တို့ ပေးအပ်ထားတဲ့
အခွင့်ထူးခံ ဒီမိုကရေစီအတွက် ‘တေမိ’ အပြုအမူနဲ့ ပြန်လည်ကျေးဇူးဆပ်နေကြတဲ့
အချိန်လို့ ပြောရမှာပဲ။ တနည်းပြောရရင် ဦးသိန်းစိန်အစိုးရက ပြည်တွင်းနဲ့
ပြည်ပအတိုက်အခံတွေကြား၊ မျက်နှာကြီးနဲ့ မျက်နှာမွဲ
ပြည်တွင်းအတိုက်အခံအချင်းချင်းကြား လှလှပပ သွေးခွဲသပ်လျှိုဖြိုခွဲနေတဲ့
အချိန်ပေါ့။ နိုင်ငံရေးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရတဲ့အမျိုးမို့ ဘာတွေ
ဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့လေ။
ဒါပေမယ့်
ကျနော့်အထင်ကတော့ အခုအချိန်ဟာ ကိုမင်းကိုနိုင် ပြောသလို
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ် ကြိုးညှိနေချိန်လို့
အကောင်းမြင်ဖို့ထက် တရုတ်နဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း
သွယ်တန်းအပြီး၊ ကျွန်းဆွယ်ပွဲ လက်ခံကျင်းပအပြီး၊ အာဆီယံဥက္ကဌ လုပ်အပြီး ၂၀၁၅
ရွေးကောက်ပွဲမတိုင်မီ ကာလမှာ အတိုက်အခံတွေကို ပယ်ပယ်နယ်နယ် တီးဖို့
ဦးသိန်းစိန်တို့ဘက်က ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ပတ်စာ
အတိုးအလျှော့ လုပ်နေတဲ့ အချိန်ကာလဖြစ်ဖို့ ပိုများတယ်လို့
ထင်မြင်မိကြောင်းပါ။ ဘာဖြစ်လို့ ပယ်ပယ်နယ်နယ် တီးမှာလဲဆိုတော့ အဓိက က
ကြံ့ဖွတ်အစိုးရနဲ့ နောက်ကွယ်က စစ်အုပ်စု (ကာလုံ) အနေနဲ့
ကြားဖြတ်ရွေးကောက်ပွဲရလဒ်လိုမျိုး ထပ်အဖြစ်ခံနိုင်မှာ မဟုတ်ဘူးလို့
ယူဆမိလို့ပါပဲ။ (အဆိုးမြင်လွန်းတယ်လို့ ထင်ရင်လည်း အဆိုးတွေပဲ မြင်ရတာက
ပိုများနေလို့ပါလို့ လျှောက်လှဲပါရစေ)။
အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ အကြံပြုချင်တာကတော့ ကိုမင်းကိုနိုင် ပြောတဲ့
အကောင်းကို နည်းနည်းပဲ မျှော်လင့်သင့်ပြီး (ပူးတွဲပါ ကာတွန်းလေးထဲကလို)
သူတို့ဘက်က ကြိုးမညှိဘဲ ကြိုးပြန်တင်းတဲ့အခါမှာ ဘယ်လိုခံနိုင်ရည်မျိုးနဲ့
တတိုင်းတပြည်လုံး တုံ့ပြန်ကြမလဲဆိုတာကိုလည်း ခေါင်းဆောင်တွေအနေနဲ့
လေးလေးနက်နက် စဉ်းစားပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်မြင်မိပါကြောင်း … ။ ။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment