Thursday, May 03, 2012

သံရုံးအချို့ နေပြည်တော် ပြောင်းမည်

ရန်ကုန်၊မေ၂မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းရန်ကုန်မြို့တော်တွင်ဖွင့်လှစ်ထားသောသံလွင်လမ်းပေါ်ရှိဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ဗြိတိန်နိုင်ငံသံတမန်ရေးရာညှိနှိုင်း ဆောင်ရွက်ရေးရုံးအပါဝင်သံရုံးအချို့သည်မကြာမီ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန်စီစဉ်လျက်ရှိကြောင်းဘင်္ဂလားဒေ့ရှ်သံရုံးမှဒုတိယအတွင်းဝန်က မေလ၂ရက်နေ့တွင်TheVoiceWeeklyသို့ ပြောကြားသည်။
သံရုံး အများစုမှာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပြီး ၄င်းတို့ သံရုံးအတွက် မြေနေရာ ရှိထားပြီး ဖြစ်ကာ လာမည့်နှစ်တွင် အဆောက်အဦး စတင် ဆောက်လုပ်ပြီးလျှင် ရုံးချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အချိန် အတိအကျကိုမူ မသိရသေးကြောင်း ၄င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်တွင် ညှိနှိုင်းရေးရုံး ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Joe fisher က ပြောကြားသည်။

သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်မှု ကိစ္စများကို ဆောင်ရွက်နိုင်မည့် ယင်းရုံးသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက် ရှိပြီး ယင်းရုံး ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် ထိတွေ့ ဆက်ဆံနိုင်ရန် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား သံရုံးပေါင်း ၇ဝ ကျော် တရားဝင် ရုံးစိုက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အရှေတီမော နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်တွင် သံရုံး ဖွင့်လှစ်ရန် ရှိကြောင်း The Voice Weekly သို့ပြောကြားခဲ့သည်။
သစ်ထူးလွင် (Blog)

No comments:

Post a Comment

My Blog List