၅၀၀၀ကျပ်တန်ဖုန်းတွေမပေါ်လာသေးပေမယ့်ကျပ်၁၀၀တန်တယ်လီဖုန်းဟန်းစက်တွေဒီကနေ့မန္တလေးမြို့မှာ ရောင်းချပေးနေလို့လာရောက်ဝယ်ယူအားပေးသူတွေများလွန်းလို့လမ်းတွေပိတ်ဆို့ပြီးယာဉ်ထိန်းရဲတွေပါလမ်းရှင်းပေးတာတောင်လုပ်ခဲ့ရပါတယ်တဲ့။
မန္တလေးမြို့၊ ၇၈ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားက Good Mobile ဖုန်းဆိုင်က ဆိုင်သစ်ဖွင့်တဲ့အနေနဲ့ ဟန်းစက် တစ်ခုကို ကျပ်ငွေ ၁၀၀ ထဲနဲ့ အလွန်ဈေးပေါပေါ ရောင်းချပေးတာပါတဲ့။
ဝယ်ယူအားပေးလာခဲ့တဲ့ မန္တလေးက မပပ၀င်း ပြောတာကတော့ အခု ဟန်းစက်ကို အခုလို ဈေးပေါပေါနဲ့ ရတာ မြန်မာပြည် မှာ ဒါ ပထမဆုံးလည်းဖြစ်ပါသတဲ့။ နောက် သူ ၀ယ်လာတဲ့ ဟန်းစက်က တရုပ်နိုင်ငံလုပ် ဟန်းစက်ဖြစ်ပါသတဲ့။
“လူတွေက ကျိတ်ကျိတ်တိုး။ ကြိုက်တာယူလို့ရတယ်။ ကျနော်ကလည်း စိတ်ထဲတွေ့တာ တခု ၀ယ်လိုက်တာ။ သုံးဖို့ ဖန်ရှင် (Function ) ကလည်း မဆိုးပါဘူး”လို့ သူက ချက်တင်ကနေ ဧရာဝတီကို ပြောပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ရံဖန်ရံခါ တယ်လီဖုန်း ဟန်းစက်တွေနဲ့ ဆင်းကတ်တွေကိုလည်း အခမဲ့ ပေးဝေ တဲ့ ဓလေ့ရှိပါ တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေမှာလည်း အလားတူ ဟန်းစက်နဲ့ ဆင်းကတ်တွေ အခမဲ့ ပရိုမိုးရှင်း လုပ်တဲ့ ဓလေ့ရှိပါတယ်။ များသောအားဖြင့် တချို့ဆင်းကတ်တွေဟာ အနောက်နိုင်ငံတွေမှာ အခမဲ့ပေးတာ များပါတယ်။
မြန်မာပြည်မှာတော့ မိုဘိုင်းဖုန်းတွေ စပေါ်ခါစက ဆင်းကတ်တခုကို မြန်မာကျပ်ငွေ သိန်း ၃၀ ကနေ ၃၅ သိန်းကျော် အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဈေးကျလာတာတောင် အခု နောက်ဆုံး ကျပ် ၂ သိန်းတန် ဆင်းကတ်ဆိုတာ က လည်း ဈေးကွက်ထဲမှာ ကျပ် ၂ သိန်းခွဲ ပေါက်နေတာပါ။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment