၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နဲ့အဖွဲ့ဝင်တွေဟာမိုးတွင်းကာလမှာကချင်ပြည်နယ်မှာရှိတဲ့စစ်ဘေးဒုက္ခသည်တွေကိုသွားရောက်ကူညီမှုတွေပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်..
စစ်ဘေးဒုက္ခသည်တွေအတွက်ငွေကျပ်သိန်း(၃၀၀)ခန့်ရှိတဲ့တာပေါ်လာအမိုးအကာတွေ၊အ၀တ်အစားတွေ၊စားသောက်စရာတွေ၊ဆေးဝါးတွေကိုလှူဒါန်းသွားမယ်လို့လဲသိရပါတယ်..၈၈မျိုးဆက်အဖွဲ့ဝင်တွေနဲ့အတူရန်ကုန်မြို့မှာရှိတဲ့အဖြူရောင်တွဲလက်များပရဟိတလူငယ်များအဖွဲ့၊မန္တလေးမြို့မှာရှိတဲ့စိမ်းရောင်စိုပရဟိတလူငယ်များအဖွဲ့နဲ့ဒုက္ခသည်စခန်းမှာရှိတဲ့ဒုက္ခသည်တွေရဲ့အခြေအနေတွေကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးရန်ကုန်မြို့မှာဓာတ်ပုံပြပွဲပြုလုပ်ဖို့အတွက်ဓာတ်ပုံသတင်းထောက်တွေကိုပါကချင်ပြည်နယ်မှာရှိတဲ့လိုင်ဇာဒုက္ခသည်စခန်းကိုခေါ်ဆောင်သွားမယ်လို့၈၈မျိုးဆက်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်…
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
4 hours ago

No comments:
Post a Comment