Wednesday, May 23, 2012
ရေအောက်ဥမင်လမ်း အပါအဝင် ရန်ကုန်တွင် မြစ်ကူးတံတားလေးစင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံ တည်ဆောက်မည်
ရန်ကုန်မြစ်ကူး ရေအောက်ဥမင်လမ်းအပါအဝင် မြစ်ကူးတံတားလေးစင်းကိုရန်ကုန်တွင်ကန်ဒေါ်လာသန်း၁၀၀နီးပါးအကုန်အကျခံကာတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအမှုဆောင်အင်ဂျင်နီယာဦးသက်ဇော်ဝင်းကထုတ်ဖော်ပြာကြားသည်။ အဆိုပါ မြစ်ကူးတံတားများမှာ ဒလရေအောက်ဥမင် (ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးလမ်း)၊ လှိုင်မြစ်ကူးတံတား (ကြည့်မြင်တိုင်-အေးရွာလမ်း)၊ ဘုရင့်နောင် တံတားအမှတ်-၂ (ရန်ကုန်-ပုသိမ်လမ်း)၊ ဝါးတစ်ရာတံတား (ထန်းတစ်ပင်-မှော်ဘီလမ်း) တို့ ဖြစ်ကြောင်း သိရသည်။ အထက်ပါ တံတားတည်ဆောက်ရေးများနှင့် ပတ်သက်၍ မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ (၂၀၁၂) တွင် ဦးသက်ဇော်ဝင်းက ယင်းတင်သွင်းဖတ်ကြားသော မြန်မာ့လမ်းတံတား ဖွံ့ဖြိုးရေးစာတမ်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “တွေ့လိုက်ရတဲ့ တံတားတွေလုပ်မယ့် နေရာတွေက မဆိုးပါဘူး။ ဒလဆို ဖြစ်သင့်နေတာ ကြာပါပြီ။ ကြည့်မြင်တိုင်ဘက်ကနေ အေးရွာဘက်ကို ထိုးမယ့်တံတားကျတော့လဲ ရန်ကုန်တစ်ဖက်ကမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်မယ် ထင်ပါတယ်။ အခုဆို ရန်ကုန်မြို့က လူဦးရေထူထပ်လွန်းနေပြီ။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒီတော့ ဟိုဘက်ကမ်းတွေပါ ဖွံ့ဖြိုးလာမယ်၊ သွားရေးလာရေးလဲ ကောင်းလာမယ်ဆိုရင် အဲဒီပြဿနာတွေတော့ အထိုက်အလျောက် ပြေလည်မှာပေါ့” ဟု ပြောသည်။ ဦးသက်ဇော်ဝင်း၏ စာတမ်းအရ ဒလရေအောက်ဥမင်သည် နှစ်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ သန်း ၅၀ (ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၆၂၅၆)၊ လှိုင်မြစ်ကူးတံတားသည် လေးလမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း(ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဘုရင်နော့င် တံတားအမှတ်(၂)သည် ခြောက်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၂၅ သန်း (ချဉ်းကပ်အပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဝါးတစ်ရာတံတားသည် ကြိုးတံတားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၆ သန်း(ချဉ်းကပ်အပါအဝင် အရှည်မီတာ ၇၀၀) တို့ဖြစ်ကြောင်း သိရသည်။ မြစ်ကူးတံတား လေးစင်းတည်ဆောက်မည် ဆိုခြင်းနှင့်ပတ်သက်၍ ပဉ္စမအကြိမ် စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “အခုတံတားလေးစင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနက သူ့ဘတ်ဂျက်နဲ့သူ ဆောက်မှာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ဂျပန်ကပေးမယ့် အိုဒီအေထဲမှာ ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက်လဲ ပါတယ်လို့ ကြားထားတယ်လေ။ ဒါနဲ့လဲ လုပ်မှာဖြစ်ရင် ဖြစ်မှာပေါ့” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment