Wednesday, March 28, 2012
ကချင် ၃ မြို့ ရွေးကောက်ပွဲ နဲ့ KIO ကြေညာချက်
ကချင်ဒေသမဲဆန္ဒနယ်၃ခုဟာလုံခြုံရေးမကောင်းဘူးဆိုပြီးက်ာမရှင်ကအဲဒီဒေသတွေမှာရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်းကြေညာခဲ့ပါတယ်။ "သင့်လျော်"တဲ့ အချိန်မှာ ကျင်းပမယ် တဲ့။ (မတ် ၂၃)
ကချင်ဒေသ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆွေးနွေးဖို့ KIA/KIO နဲ့ ဆွေးနွေးချင်တယ် လို့ NLD က ကြေညာလိုက်ပါတယ်။ဆွေးနွေးဖို့ အတွက် အစိုးရ သို့မဟုတ် ကော်မရှင်က လုပ်ဆောင်ပေးရင် ဧပြီ ၁ မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ တဲ့။ (မတ် ၂၆)
အခုတော့ KIA/KIO က ကြေညာချက် ထုတ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ (မတ် ၂၈)
ကြေညာချက်
စာ - ၁
စာ - ၂
ကချင်ဒေသမှာ တိုက်ပွဲဖြစ်တာတွေ ရှိပေမယ့် ရွေးကောက်ပွဲမလုပ်ဖို့ ဆိုင်းငံ့ထားတဲ့ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် မဲဆန္ဒနယ်တွေမှာတော့ တိုက်ပွဲတွေ မရှိပါဘူးလို့ ထောက်ပြသူတွေ မနည်းပါဘူး။
အစိုးရတပ်တွေက ရွေးကောက်ပွဲကာလ အဲဒီဒေသတွေမှာ ပေါ်တာဆွဲ စစ်ရေးပိုမိုပြင်ဆင်လှုပ်ရှားတာမျိုး လုပ်မယ် ဆိုရင်
သို့မဟုတ်
KIA က ရွေးကောက်ပွဲကာလ အဲဒီဒေသတွေကို ၀င်တိုက်မယ် ဆိုရင်
လုံခြုံရေးအခြေအနေ ကောင်းမယ် မဟုတ်ပါ။
ကြေညာချက်တွေ အပြန်အလှန် ထုတ်နေပေမယ့် ကော်မရှင်/အစိုးရက သဘောတူမှ အဲဒီ ၃ မြို့မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ။
အစိုးရ သဘောတူဖို့ ဆိုတာလည်း စစ်တပ် နဲ့ KIA ၂ ဘက်လုံး အပစ်ရပ်မယ် ဆိုတာကို အစိုးရက ယုံကြည်မှ ဖြစ်နိုင်ပါမယ်။
ခုချိန်အထိတော့ ၂ ဘက်လုံးက အစိုးရစကားကို နားမထောင်သေးပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲမှာ မူလက ၄၈ နေရာ သတ်မှတ်ထားပေမယ့် အခုတော့ ၄၅ နေရာပဲ ကျန်ပါတော့တယ်။
အများ စိတ်ဝင်စားနေတဲ့ NLD ရဲ့ အမတ်လောင်းတယောက်ကို ကော်မရှင်က စာရင်းကနေ ပယ်လိုက်ပါတယ်။
(သူကတော့ ဦးစောလှိုင် ဖြစ်ပါတယ်။)
ဒါကြောင့် NLD က ၄၄ နေရာမှာပဲ ပြိုင်ရတော့မှာပါ။
နေရာနည်းသွားပြီ ဆိုတော့ လွှတ်တော်ထဲမှာ NLD ရမယ့် ထိုင်ခုံလည်း နည်းသည်ထက် နည်းနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment