Tuesday, March 27, 2012
ကေအန်ယူနဲ့ ဒေါ်အောင်ဆန်းစုကြည် ဧပြီလဆန်းအတွင်းတွေ့မည်
ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်တွေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့မကြာခင်ရက်ပိုင်းအတွင်းဧပြီလဆန်းမှာတွေ့ဆုံဖို့ရှိတယ်လို့ကေအန်ယူအသိုင်းအ၀ိုင်းကပြောပါတယ်။
ကေအန်ယူနဲ့အစိုးရကိုယ်စားလှယ်တို့ဧပြီ၎ရက်နေ့မှာပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့လျာထားပြီးဒီဆွေးနွေးပွဲမတိုင်ခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်တွင်းကရင်နိုင်ငံရေးပါတီတွေ၊ကရင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှာဖြစ်တယ်လို့အမည်မဖော်လိုတဲ့ကေအန်ယူခေါင်းဆောင်တဦးကပြောပါတယ်။အပြီးသတ်ရက်အတိအကျသတ်မှတ်နိုင်ဖို့တော့ညှိနှိုင်းနေဆဲဖြစ်တယ်လို့ပြောပါတယ်။
ကေအန်ယူအထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်နဲ့ဗိုလ်ချုပ်စောမူတူးဆေးဖိုးတို့ဦးဆောင်မယ့်ကေအန်ယူကိုယ်စားလှယ်တွေဟာမတ်၃၁ရက်နေ့မှာနယ်စပ်ကနေရန်ကုန်ကိုသွားရောက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့သီးခြားတွေ့ဆုံဖို့စီစဉ်ထားပါတယ်။ဒီခရီးစဉ်မှာပြည်တွင်းကရင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ကရင်ပြည်သူ့ပါတီ၊ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ဖလုံ-ဆဝေါ်ဒီမိုကရက်တစ်ပါတီတွေနဲ့ကရင်အဖွဲ့အစည်းတွေအပါအ၀င်ဘာသာရေးခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံမယ်လို့ပြောပါတယ်။
ဒီတွေ့ဆုံပွဲသာဖြစ်မယ်ဆိုရင်နိုင်ငံရေးသြဇာကြီးတဲ့ဒေါ်အောင်ဆန်းစုကြည်အဖို့နှစ်ပေါင်း၆၀ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားအဖွဲ့၁ဖွဲ့နဲ့တရားဝင်တွေ့ဆုံဆွေးနွေးခွင့်ပထမဆုံးအကြိမ်ရရှိမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အခါမှာတိုင်းရင်သားလူမျိုးစုတွေအတွက်ပြောဆိုပေးဖို့တိုက်တွန်းဖို့ရှိတယ်လို့အမည်မဖော်လိုတဲ့ကေအန်ယူခေါင်းဆောင်ကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးအပါအ၀င်တိုင်းရင်းသားအဖွဲ့တွေဟာ၁၉၉၇ခုနှစ်မှာကေအန်ယူထိန်းချုပ်နယ်မြေမယ်သရောထာမှာတိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲကျင်းပပြီးအမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးအပြည့်အ၀ရှိပြီးအမျိုးသားပြည်နယ်များစုပေါင်းပါဝင်ဖွဲ့စည်းထားသည့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုတညီတညွတ်တည်းသဘောတူထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အပေါ်ဒေါ်အောင်ဆန်းစုကြည်ကထောက်ခံကြောင်းထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment