Wednesday, February 05, 2020

ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး အနာဂတ်ကို မှုန်ဝါးစေ


Image may contain: 2 people, people sitting
ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အနာဂတ်ကို မှုန်ဝါးစေကြောင်း အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် သေဆုံး ၄၉၂ ရှိပြီ


Image may contain: 1 person, hat
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၄၉၂ ကူးစက် ၂၄၄၆၉ ရှိသွားပါပြီ။ တရုတ်ခေါင်းဆောင်တွေက ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ ညံ့ဖျင်းခဲ့ကြောင်း မနေ့က ဝန်ခံလိုက်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာချပြရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Image may contain: 1 person, standing, flower, child and indoor

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်

No photo description available.No photo description available.
နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် ဒုဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးအား မူလစစ်ဘက် တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင် စေမည်ဖြစ်သဖြင့် ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာချက် ထုတ်ပြန်

No photo description available.Image may contain: 1 person

Tuesday, February 04, 2020

အရှုံးပေါ်နေတဲ့(YUPT)ကုမ္မဏီအစုရှယ်ယာတွေ ပြန်ထုတ်ပေးဖို့တောင်းဆို၊ နစ်နာမှုအတွက် တာဝန်ရှိသူ‌‌ ‌ တွေကို တရားစွဲမယ်

Image may contain: 3 peopleImage may contain: one or more people and crowd
အရှုံးပေါ်နေတဲ့ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်တဲ့ (YUPT)ကုမ္မဏီလီမိတက်မှ အစုရှယ်ယာရှင်တွေ က၎င်းတို့ရဲ့ရှယ်ယာတွေကို ပြန်ထုတ်ပေးဖို့တောင်းဆိုနေပြီး နစ်နာမှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲမယ်လို့လည်း ပြောဆိုနေပါတယ်။

ဝန်ကြီးချုပ်​စကား ယုံစားမိ၍ မှားပြီဟု YUPT အစုရှယ်ယာရှင်များ ညည်းတွား

Image may contain: 3 people, people standing
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နာယကအဖြစ်တာဝန်ယူထားသည့် ​YUPT ၏ အစုရှယ်ယာရှင်များက ဝန်ကြီးချုပ်​စကား ယုံစားခဲ့မိသောကြောင့် မှားခဲ့ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ခန့်အပ်

Image may contain: sky and outdoor
ဒုဝန်ကြီးနှစ်ဦး ခန့်အပ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဖေဖော်ဝါရီ ၄ ရက်တွင် ဒုတိယဝန်ကြီးနှစ်ဦးအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် စာမေးပွဲနှင့်ပတ်သက်၍ လိုင်နာဆောင်ရွက်ရန်ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သော အတန်းများနှင့်ပတ်သက်၍ စာမေးပွဲရက် ပြင်ဆင်ချက်

Image may contain: textNo photo description available.

ကျောင်းဖွင့်ရက် ပြင်ဆင်ချက် တရားဝင်ထုတ်ပြန်ပေးဖို့ ဆန္ဒပြတောင်းဆို

Image may contain: 3 people, people standing and outdoor, text that says 'RFA'
အခြေခံပညာကျောင်းဖွင့်ရက် မတ်လကုန်အထိ တိုးမြှင့်မယ့်ကိစ္စကို ပြန်လည်ပြင်ဆင်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောခဲ့တာကို တရားဝင် စာထုတ်ပြန်ပေးဖို့ မန္တလေး ပညာရေးကောလိပ်က ကျောင်းသားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။

ထိုင်း၌ ပလတ်စတစ် ၇ ကီလိုဂရမ်စားခဲ့သည့် တောရိုင်းသမင်သေဆုံး

Image may contain: one or more people, people standing and outdoor
ထိုင်းနိုင်ငံဟာ တစ်ခါသုံးပလတ်စတစ်တွေသိသိသာသာအသုံးပြုတဲ့နိုင်ငံဖြစ်ပြီး သမုဒ္ဒရာတွေထဲ ပလတ်စတစ်ညစ်ညမ်းမှုဖြစ်စေတဲ့နိုင်ငံတွေထဲပါတဲ့တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့နဲ့အတူ ညစ်ညမ်းမှု ၆၀ ရာခိုင်နှုန်းဖြစ်အောင်လုပ်နေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ရှိသည့် နိုင်ငံခြားသားများကို ရှရုားအစိုးရမှ နှင်ထုတ်မည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် ပြောကြား

Image may contain: 1 personImage may contain: 1 person, standing
လက်ရှိမြန်မြန်ဆန်ဆန်ပြန့်နှံ့နေတဲ့ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံထားရတယ်လို့စစ်ဆေးတွေ့ရှိတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဖို့စီစဉ်နေတယ်ဆိုပြီးရုရှားဝန်ကြီးချုပ်မက်ခိုင်း မစ်ရှက်တင်က တနင်္လာနေ့မှာပြောပါတယ်။

ဂမ်ဘီယာနိုင်ငံသား တစ်ဦးတစ်ယောက်ကိုမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေးကြောင်း ဂမ်ဘီယာသံရုံးဆို

Image may contain: 1 person, standing and flower
ဂမ်ဘီယာနိုင်ငံသားများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ယခုအချိန်အထိ မရှိသေးကြောင်း ပေကျင်းမြို့ရှိ ဂမ်ဘီယာသံရုံးမှ တာဝန်ရှိသူ မစ္စ Fatou Kinneh Jobe ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံအား ပြည်ပနိုင်ငံများကူညီ


Image may contain: one or more people
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ပြည်ပနိုင်ငံများစွာက တရုတ်နိုင်ငံကို ကူညီကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ ဟွာချွန်းယင်က ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင် အင်တာနက် ပြန်ပိတ်ပင်၊ AA နှင့်တပ်မတော် တိုက်ပွဲဖြစ်ပွားရာ မြို့နယ် ၉ ခုလုံးတွင် အင်တာနက် ပိတ်ထား

Image may contain: 3 people, people standing
ရခိုင်ပြည်နယ်မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည် ပိတ်ပင်လိုက်ကြောင်း ရခိုင်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း၊ အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံနှင့် ခူမီးမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီထံမှ စုံစမ်းသိရှိရသည်။

ဟောင်ကောင်မှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမျိုးသားတစ်ယောက်သေဆုံး၊ တရုတ်ပြည်မကြီးပြင်ပဒုတိယမြောက်သေဆုံးမှုဖြစ်လာ

Image may contain: one or more peopleImage may contain: one or more people
ဒီနေ့မနက်ပိုင်းက ဟောင်ကောင်မှာ အသက် ၃၇ အရွယ်အမျိုးသားတစ်ယောက် ဝူဟန်ကိုရိူနယဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထား

Image may contain: 1 person, indoor

တရုတ်လူမျိုးကလေးငယ်အား ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆက်လက်ထားရှိထားကြောင်း သိရသည်။

ဗိုင်းရပ်စ်ကုသရေးဆေးရုံကို တရုတ်စစ်တပ်ကြီးကြပ်ကွပ်ကဲရန်ရှိ

Image may contain: one or more peopleImage may contain: outdoor
တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားခဲ့တဲ့ဗဟိုချက်ဖြစ်တဲ့ဝူဟန်မြို့က ပြီးလုနီးနီရှိနေတဲ့ကွင်းဆင်းဆေးရုံကိုကြီးကြပ်ကွပ်ကဲဖို့ တရုတ်စစ်တပ်ကို ဖေဖော်ဝါရီ ၂ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၃၂ ဦးရှိလာ

Image may contain: one or more people and people standingImage may contain: 1 person, standing
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံး ဆင်းခွင့်ရရှိခဲ့သည့် လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းအထိ စုစုပေါင်း ၆၃၂ ဦးရှိသွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

Monday, February 03, 2020

အခြေခံပညာကျောင်းစစ်စာမေးပွဲများကို ရှစ်တန်းစာမေးပွဲအပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးမည်

Image may contain: 1 person, indoorImage may contain: one or more people, people standing, wedding, tree and outdoor
အခြေခံပညာကျောင်းများ၏ ကျောင်းစစ်စာမေးပွဲ စစ်ဆေးခြင်းကို ရှစ်တန်းစာမေးပွဲဖြေဆိုအပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီ ကြားကာလအတွင်း စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်ကို ပညာရေးဝန်ကြီးဌာနက လက်ခံခဲ့ကြောင်း အမျိုးသားလွှတ်တော် ပညာရေးကော်မတီအတွင်းရေးမှူး ဦးကျော်တုတ် က ဖေဖော်ဝါရီ ၃ ရက်တွင် The Ladies သို့ပြောသည်။

NLDအမာခံနယ်မြေဖြစ်သည့် မကွေတိုင်း၌ ဒေါက်တာသက်သက်ခိုင်ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ရုံးခန်းများဖွင့်လှစ်ထားရှိ

Image may contain: 14 people, people standing and outdoor
NLDအမာခံနယ်မြေဖြစ်သည့် မကွေတိုင်း၌ ဒေါက်တာသက်သက်ခိုင်ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ရုံးခန်းများဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။

ပလက်ဝဒေသခံပြည်သူများအရေး ချင်းအမတ်ဦးဝှေ့တင်း အမျိုးသားလွှတ်တော်တွင် မေးခွန်းမေး

Image may contain: 2 people, text
သွားလာရေးအန္တရာယ်ရှိနေသည့်အတွက် ပလက်ဝ-အဘောင်သား-ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်းကြိုးတံတားကို အသစ်ပြန်လည်တည်ဆောက်ပေးရေး ချင်းအမတ်ဦးဝှေ့တင်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင်မေးခွန်းမေးခဲ့သည်။

ထိုင်းနိုင်ငံမှာ တုပ်ကွေးနဲ့ HIV ကုသဆေးရောပြီး ကုသပေးရာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသအောင်မြင်ကြောင်း တွေ့ရှိ

Image may contain: one or more people and indoor
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ တရုတ်အမျိုးသမီးတစ်ဦးကို တုတ်ကွေးနဲ့ HIV ရောဂါပိုး ကုသဆေးတွေရောပြီး ကုသပေးရာ အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိတော့ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးက ပြောကြားပါတယ်။ ရှာဖွေတွေ့ရှိချက်ကို အတည်ပြုရန် ထိုင်းကျန်းမာရေးဌာန က စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် ဝူဟန်အဆုတ်ရောင်ရောဂါပိုးတွေ့ရှိသူ (၁၁) ဦးထိရှိလာ

Image may contain: 3 people, people standing
အမေရိကန်ပြည်ထောင်စု၌ အသက် ၅၇ နှစ်စီရှိသော လင်မယားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်ပိုးကူးစက် ခံနေရကြောင်း ထပ်မံထုတ်ဖော်တွေ့ရှိခဲ့ရာ နိုင်ငံအတွင်းရောဂါဖြစ်ပွားသူ ၁၁ ဦးထိတွေ့ရှိလာပြီဟုသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၀၅)နှစ်မြောက်မွေးနေ့ (၄)ရက်ကျင်းပမည်

Image may contain: 1 person, standing

ဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၀၅)နှစ်ပြည့်မွေးနေ့ပွဲကို ကိုဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိဖြစ်တဲ့ နတ်မောက်မြို့မှာ (၄)ရက်ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ မွေးနေ့ဖြစ်မြောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုလ်ချုပ်မွေးနေ့ ကို နှစ်(၁၀၀)ပြည့်ကစပြီး နတ်မောက်မြို့မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

My Blog List