Friday, February 05, 2016
ဒေါ်အောင်ဆန်းစုကြည်ကိစ္စ စုံစမ်းဖို့လိုမှ စုံစမ်းမည်ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့တုန့်ပြန်
လူမှုကွန်ယက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ခြိမ်း ခြောက်သည့်ကိစ္စ စုံစမ်းဖို့ လိုအပ်ပါမှ စုံစမ်းမည်ဟု ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၅ရက်နေ့တွင် မဇ္ဈိမသို့ တုန့်ပြန်ပြေဆိုသည်။ "လိုအပ်ချက်ရှိရင်စုံစမ်းမယ်။ စုံစမ်းဖို့လိုမှစုံစမ်းမယ်၊" ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဖုန်းကိုင်ဖြေ ကြားသူက ဆိုသည်။
သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသလို နိုဝင်ဘာ ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဟောင်း သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရထားသော NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေး ရှိနေသည့်အတွက် မည်သည့် အခန်းကဏ္ဍမှ သူရဦးရွှေမန်း ပြန်လည်ပါဝင် လာမည်ကို လူအများစုက စိတ်ဝင်စားလျက်ရှိသည်။
ဥပဒေကြမ်းနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီသစ်တွေ ဖွဲ့စည်း
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမြဲတမ်းကော်မတီ ၄ ခုထဲက ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီတွေကို လွှတ်တော်ကိုယ်စားလှယ် ၁၅ စီနဲ့ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ အပြန်အလှန်ထိန်း ကျောင်းနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီကို စတင်ဖွဲ့စည်းတာဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ပြောပါတယ်။
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အလားအလာ အကဲခတ်တချို့ အမြင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဆိုရင် NLD ပါတီနဲ့ စစ်တပ်အကြား အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ဖို့ နဲ့ သဘောတူညီမှုတွေ ထပ်ယူဖို့ လိုအပ်တဲ့အတွက် NLD အစိုးရ ပထမ သက်တမ်းအတွင်းမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
ဆီးရီးယား ဒုက္ခသည်တွေ အတွက် ဒေါ်လာ သန်းထောင်ချီ လှူ ကြမည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယား ဒုက္ခသည် တွေအတွက် အမေရိကန်က ကူညီထောက်ပံ့ငွေ နောက်ထပ် ဒေါ်လာ သန်းတထောင်လောက် အသစ်ချထားပေးမယ်လို့ နိုင်ငံတကာ အလှူရှင်များ အစည်းအဝေးမှာ ကတိပေးလိုက် ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးပို့နိုင်ဖို့ အတွက် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြဖို့လည်း ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ကို တောင်းဆိုလိုက်ပါတယ်။
မြောက် ဒုံးစမ်းသပ်မှု တောင်ကိုရီးယား လက်ခံမည်မဟုတ်
မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံး ပစ်လွှတ်မှုကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး လို့ တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။ သမ္မတရဲ့ကြေညာချက်ကို သမ္မတပြောခွင့်ရက သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။
New Hampshire ပြည်နယ်က ဒီမိုကရက်တစ်ပါတီ လူထုတွေ့ဆုံပွဲ
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့ ဗုဒ္ဓဟူးနေ့ညက New Hampshire ပြည်နယ် Townhall ဆွေးနွေးပွဲမှာ ပါဝင်ကြပြီး သူတို့ရဲ့ မတူကွဲပြားတဲ့ အယူအဆတွေကို အဓိက ပြောဆိုသွား ကြပါတယ်။
ရခိုင်အမျိုးသားပါတီ၏ ၁/၂၀၁၆ ကြေညာချက်ပါ အချက်တချို့ ပြင်ဆင်ရန် စစ်တွေအရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို
ရခိုင်အမျိုးသားပါတီရဲ့ ဇန်န၀ါရီ ၁၉ ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ ၁/၂၀၁၆ ပါ အချက်တချို့မှာ ညှိနှိုင်းရန် ခက်ခဲတယ်လို့ ယူဆ မှုကြောင့် ပြင်ဆင်ဖို့ လိုအပ်နေပြီး ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြန်လည် သုံးသပ်သင့်ကြောင်း စစ်တွေအရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။
မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်
၂၀၀၀ ခုနှစ်ရောက်သည့်အချိန် အာရှကို နိုင်ငံ ၂ ခုက ဦးဆောင်လိမ့်မည်၊ ၎င်းတို့မှာ ဖိလစ်ပိုင်နှင့် မြန်မာတို့ ဖြစ်သည်ဟု သြဇာကြီးမားသည့် Far Eastern Economic Review စာစောင်က ၁၉၇၅ ခုနှစ်တွင် ခန့်မှန်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ဘာဖြစ်လာခဲ့သည်ကို လူတိုင်းသိကြပါသည်။ စာနယ်ဇင်းသမားတို့၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အမှားကြီးလှသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် စိတ်ပျက်စရာများ ဆက်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ အတွက်မူ ၎င်းထက်ပို၍ မှားယွင်းသည့် ကြိုတင်ခန့်မှန်းမှု မရှိနိုင်တော့ပါ။
ထိုင်းရောက် တရားမ၀င် နေထိုင်သူများကို ပန်းရောင်ကတ် ထုတ်ပေးမည်
ထိုင်းနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံများ၊ ပင်လယ်ငါးဖမ်းလှေများ၌ လုပ်ကိုင်နေကြသည့် တရားမ၀င်အလုပ်သမားများကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန် တနှစ်သက်တမ်းရှိ သက်သေခံလက်မှတ် ပန်းရောင်ကတ်များ ထိုင်းအာဏာပိုင်များက ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
တရားမ၀င်အလုပ်သမား နှိမ်နင်းရေး ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြုလုပ်မည်
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားမ၀င်အလုပ်သမား ရှာဖွေဖမ်းဆီး ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ယနေ့ထုတ် Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။နိုင်ငံတ၀ှမ်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားများ အရေအတွက်ကို သိရှိဖို့နဲ့ တရားမ၀င်အလုပ် သမား ဦးရေကို သိရှိနိုင်ဖို့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာဘာသာ စကားအပေါ် စိတ်ဝင်စားမှု ထိုင်းတွင် ၁၀ ဆအထိ မြင့်တက်ဟု ဆို
ထိုင်းနိုင်ငံတွင် မြန်မာ ဘာသာစကား သင်ကြားပြသသည့် ကာလတ လျှောက် ဆရာမ ဥဘွန်ရတ် ပန်ထုမင် (Ubonrat Pantumin) ၏ အတန်းများတွင် မြန်မာစာကို စိတ်ဝင်စားသော ထိုင်းကျောင်းသား အနည်းငယ်သာ ရှိခဲ့သည်။
NCA အောင်မြင်ရန် ထိုင်းတပ်မတော်ဆက်လက်ကူညီစေလိုဟု ဗိုလ်ချုပ်မှူးကြီးပြော
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခြင်း လုပ်ငန်းများ အပြည့်အ၀ အောင်မြင်ရန် ထိုင်းဘုရင့်တပ်မတော်အနေဖြင့် ဆက်လက်ကူညီစေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း ကအိုတီရာနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“၅၉ (စ) ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပါပဲဆိုတဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသိန်းဆွေနှင့် ခဏတာ”
``၅၉ (စ) ဆိုင်းငံ့ပြင်ဆင်မှုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားရမှာပေါ့။ အန်ကယ်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုဆိုထားလဲဆိုတာကို အခုချိန်ထိ လေ့လာနေတုန်းဖြစ်ပါတယ်။လုပ်နိုင်တဲ့ ကိစ္စလား၊ မလုပ်နိုင်တဲ့ကိစ္စလားဆိုတာကို ဥပဒေပညာရှင်မဟုတ် တဲ့အတွက် ဒီကိစ္စကို ပြန်လေ့လာတိုင်ပင်ပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရပါမယ်``ဟု ၄-၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ရောက်ရှိလာသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော် မတီဝင် ဦးသိန်းဆွေက သတင်းထောက်တွေကို ပြောပါတယ်။
ဦးရွှေမန်း ဒုတိယသမ္မတ ဖြစ်လာမလား
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တပူးတတွဲတွဲမြင်ရလေ့ရှိနေတဲ့ သူရ ဦးရွှေမန်းဟာ လာမယ့် အစိုးရသစ် လက်ထက်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းကို ဒုတိယသမ္မတ အထိ ပေးနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
မင်းပြားကိုယ်စားလှယ် ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ၁ နေရာ ဆုံးရှုံး
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရ တာကြောင့် ဥပဒေအရ ယခုရွေးကောက်ပွဲ သက်တမ်းတွင် ၎င်းအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ အလို အလျောက် ပယ်ဖျက်ခံရပြီး ဖြစ်တာကြောင့် ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြည်နယ် လွှတ်တော်နေရာ တွင် ၁ နေရာ ဆုံးရှုံးရမည် ဖြစ်ကြောင်း သိရပါတယ်။
UN ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ စစ်တွေသို့လာမည်
ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စစ်တွေမြို့ကို လာရောက်မည် ဖြစ်ကြောင်း သိရပါတယ်။
၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်
၅၉(စ)ဆိုင်းငံ့လိုက်ပါ က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူကို အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင် နေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိုလည်း အထူး သတိထားနေကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


























