Thursday, January 28, 2016

ရေပူဆရာတော်အား စွဲဆိုထားသည့် သစ်မှုကို အစမှ ပြန်လည်စစ်ဆေး ရာတွင် ဘာသာ၊ သာသနာအတွက် သစ်များကို သုံးစွဲခွင့်ရှိကြောင်း သစ်တောဦးစီး ထွက်ဆို


မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား စွဲဆိုထားသည့် သစ်မှုအား အစမှ ပြန်လည် စစ်ဆေးရာတွင် ဘာသာ၊ သာသနာအတွက် သစ်များကို သုံးစွဲခွင့်ရှိကြောင်း မြို့နယ် သစ်တောဦးစီး ဦးအောင်လွင်က ဇန်န၀ါရီ ၂၇ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။

လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်း


လွှတ်တော် အစည်းအဝေးများသို့ လေ့လာသူအဖြစ် စတင်တက်ရောက် လာသည့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အသီးသီး၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီအား ဇန်န၀ါရီ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးတွေကို ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြီ


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် NLD ပါတီမှ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အဖြစ် NLD ပါတီမှ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော်ဒုဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် တို့ကို ခန့်အပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော် အမတ်များအားလုံးနှင့်တွေ့ဆုံစဉ် အသိပေးပြောဆိုလိုက်ကြောင်း NLD အမတ်များက အတည်ပြု ပြောဆိုသည်။

Wednesday, January 27, 2016

လွှတ်တော်ရေးရာဦးဆောင်ကော်မတီဖွဲ့စည်းခြင်း


ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံခြင်းဖြင့် တပ်မတော်က အမှတ်ယူပါ

ဖေဖော်ဝါရီတွင် ကျင်းပမည့် လွှတ်တော်သစ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရဖွဲ့စည်းရေး သမ္မတ လောင်းစာရင်း တင်သွင်းရမည့် အချိန်နီးကပ်လာလေ မည်သူသမ္မတဖြစ် မည်ကို ထင်ကြေးပေး ပြောဆိုမှုများ ကြားလာရလေဖြစ်သည်။

NLD က သမ္မတ ဘယ်သူပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှာက ဒေါ်အောင်ဆန်းစုကြည်ပဲ

ဆရာတို့ရဲ့ ၀ါဒက ဘာလဲဆိုတော့ ပြန်လည်သင့်မြတ်ရေး၊ သဟာဇာတ ဖြစ်ရေးနဲ့ အာဃာတ ကင်းစင် ရေးဆိုတော့ ဘယ်သူပဲ သမ္မတ ဖြစ်လာ ဖြစ်လာ ဒီမူကို ဆုပ်ကိုင်ထားတဲ့သူဆိုရင် ဆရာတို့ကတော့ သဘောတူမှာပဲ။ ဆရာ ဖြစ်မယ်ဆိုရင်လည်း ၀ိုင်းဝန်း ပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးရမှာပဲမြန်မာ့နိုင်ငံရေးတွင် အကြီးမားဆုံး အတိုက်အခံ အင်အားစုကြီးတခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက် ပွဲတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ရေး ကြိုးစားလျက်ရှိရာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်သော် လည်း အစိုးရအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မည်ဟု ထုတ်ဖော် ပြောဆို ထားသည်။ ထို့ကြောင့် NLD သမ္မတလောင်း ခန့်မှန်းမှုမှာ မြန်မာ့နိုင်ငံရေး တွင် စိတ်ဝင်စားဖွယ်ရာ အချက်တခု ဖြစ်နေခဲ့သည်။

တောင်ကြီးမြို့၌ နိုင်ငံတကာအဆင့်မီဗုဒ္ဓတက္ကသိုလ်အား လာမည့်သျှမ်းပြည် အမျိုးသားနေ့တွင်ဖွင့်မည်


ဗြိတိန်နိုင်ငံ အောက်စဖို့ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ပါမောက္ခ ဒေါက် တာခမ်းမိုင် ဓမ္မသာမိ ကမကထပြုကာ တည်ဆောက်သော နိုင်ငံတကာ အဆင့်မီ ဗုဒ္ဓတက္ကသိုလ် ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် လာမည့်သျှမ်းပြည်အမျိုးသားနေ့တွင် ဖွင့်ပွဲလှစ်မည်ဟုသိရသည်။

အမေရိကန် ဖို့တ်ဝိန်း နဲ့ မော်လမြိုင်ကို ညီအမမြို့တွေ အဖြစ် သဘောတူ သတ်မှတ်


အမေရိကန်ပြည်ထောင်စုက မြန်မာလူမျိုးအများအပြားနေထိုင်တဲ့ ဖို့တ်ဝိန်း (Fort Wayne) မြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တို့ကို ညီအမမြို့တွေအဖြစ် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဖို့တ်ဝိန်းနဲ့ မော်လမြိုင်မြို့တွေကို ညီအမမြို့တွေအဖြစ် သတ်မှတ်လိုက် ကြောင်း ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သဘောတူစာချုပ်ကို ဖို့တ်ဝိန်းမြို့ တော်ဝန် တွန်ဟင်နရီ (Tom Henry) က သူ့မြို့တော်ဝန်ရုံးခန်းမှာ ဇန်နဝါရီလ ၂၅ ရက် တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်တာပါ။

ကေအိုင်အို ဗဟိုကော်မတီ အစည်းဝေး ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်ဂွန်မော် ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ ( ၂) ဖြစ်လာ


ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ သည့် ဗဟိုကော်မတီအစည်းဝေး ဆုံးဖြတ်ချက်အရ အဖွဲ့၏ ဒုတိယ စစ်ဦးစီး ချုပ်ရာထူးမှ နေရာ ရွှေ့ပြောင်းခြင်း ( သို့မဟုတ် ) ရာထူးမှ ဖယ်ရှား ခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ကေအိုင်အေ ဒုတိယ စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ်ဂွန်မော်မှာ ကေအိုင်အို၏ ဒုတိယ ဥက္ကဋ္ဌ ( ၂) အဆင့်သို့ ပြောင်းရွှေ့တာဝန်ယူရတော့မည် ဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်ကို ဘယ်လိုဖွဲ့ဖွဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိဖို့ လိုတယ်


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရသစ်ကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်ရာ ယင်းအစိုးရ ဖြေရှင်းရမည့် စိန်ခေါ်မှုများစွာက စောင့်ဆိုင်းလျက်ရှိသည်။ ထိုအထဲတွင် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖယ်ဒရယ် ပြည်ထောင်စု စနစ် က အရေးကြီးဆုံးထဲမှ တခု ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် အစိုးရ လက်ထက် တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လည်း တိုင်းရင်းသားတချို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရန်အတွက် ဗမာပြည်နယ်အပါဝင် ၈ ပြည်နယ်စနစ်ကို တောင်းဆိုလာ ကြသည်။

လမ်းရှာနေတဲ့ တွေ့ဆုံမှုတွေ


လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်န၀ါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွေ့ ဆုံမှုတွင် ထူး ခြားမှုအချို့ ရှိခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် အနည်းငယ်ကြာမြင့်ခဲ့ပြီး နှစ်နာရီခန့်ကြာခဲ့သည်။

သီးနှံလျော်ကြေးပေးဖို့ မြန်မာဝမ်ပေါင်ကိုယ်စား နယ်လုံဝန်ကြီးငြင်းဆို


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေး မယူထားတဲ့ လယ်တွေအတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံ တွေနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားပေမဲ့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး သီးနှံလျော်ကြေး မပေးနိုင်ဘူးဆိုတာ ပြောဆိုတဲ့အတွက် ဒေသခံတွေနဲ့ တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။

နိုင်ငံရေးခိုလှုံခွင့် ဟန့်တားရေးဥပဒေ ဒိန်းမတ်အတည်ပြု


ဒိန်းမတ်နိုင်ငံအတွင်း ခိုလှုံခွင့် လျှောက်ထားကြမယ့်သူတွေကို ဟန့်တားတဲ့ ဥပဒေသစ်ကို လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော် ရဲ့ အဲဒီလုပ်ရပ်ကြောင့် ဝေဖန် ပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

မြောက်ကိုရီးယားအပေါ် ဖိအားတိုးပေးဖို့ တရုတ်ကို Kerry တောင်းဆိုမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိနေပြီး မကြာခင် ပြုလုပ်မယ့် တွေ့ဆုံ ဆွေးနွေးမှုတွေအတွင်း မြောက်ကိုရီးယားရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား စမ်းသပ်မှုတွေ ရပ်တန့်ရေး တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ဖိအားတိုးပေးရေး တိုက်တွန်းဖို့ ရှိနေပါတယ်။

တရုတ်သတင်းထောက် ပျောက်ဆုံးမှု စုံစမ်းပေးဖို့ ထိုင်းကို အမေရိကန် တိုက်တွန်း


တရုတ်နိုင်ငံမှာ အစိုးရထောက်လှမ်းရေး လုပ်ပေးဖို့ ဖိအားပေးခံရတာ ကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ တရုတ်သတင်း အယ်ဒီတာ ပျောက်ဆုံးနေတယ် ဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေအနေနဲ့ စုံစမ်းပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်မှု Trump နဲ့ Cruz အကြိတ်အနယ်


၂၀၁၆ အမေရိကန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမယ့် ပုဂ္ဂိုလ်ကို ရီပတ်ဘလစ်ကန်ပါတီက ပထမဆုံးအကြိမ် Iowa ပြည်နယ် မှာ မဲပေးဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ၊ ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ်သူဌေးကြီး Donald Trump နဲ့ ရှေးရိုးစွဲဝါဒီ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့အကြောင်း နောက်ဆုံးကောက်ခံတဲ့ နိုင်ငံရေးစစ်တမ်း တွေက ဖော်ပြနေကြပါတယ်။

လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံ နေဟု ရှေ့နေအဖွဲ့ပြော


၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံအကြီးအကဲအာဏာလွှဲပြောင်းရေးအတွက်ထပ်မံဆွေးနွေး


လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းပေးနိုင်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ဖက်မှ ဗဟိုအလုပ် အမှူဆောင်များဖြစ်သည့် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူတို့တက်ရောက်ပြီး အစိုးရဖက်မှ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး အပါအ၀င် ၅ဦးတို့က ဆွေးနွေးခဲ့ ကြသည်။

လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်များ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများ ကူညီမည်


လွှတ်တော်အမတ်များလိုအပ်၍ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများက ကူညီပေးမည်ဟု နိုင်ကျဉ်းဟောင်းများက ရွေးကောက်ခံထားရသည့် အမတ်များနှင့် ဇန်န၀ါရီ ၂၃ ရက်နေ့က မြို့မကျောင်းလမ်းရှိ အိုရီယန်တယ် ဟောက်စ်၌ အလွတ်သဘောတွေ့ဆုံပွဲတွင် ပြောကြားသည်။

လွှတ်တော်တွင်းရော၊ ပြင်ပမှာပါ ပြည်သူ့အကျိုးသယ်ပိုးဖို့ အနိုင်ရအမတ်များကို ဦးဌေးဦးညွှန်ကြား


ပြည်သူလူထုအကျိုးစီးပွားအတွက် လွှတ်တော်အတွင်းသာမက လွှတ်တော် ပြင်ပမှာပါ ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များကို ပါတီ၏ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ညွှန်ကြားလိုက်သည်။

စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး ပြစ်မှုကျူးလွန်သူများကိုအပြစ်ပေးရန် အကြံပြု

 
ပြစ်မှုကျူးလွန်သူများအား အကျင့်စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး အပြစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်တာဝန်ယူထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အကြံပြုထားသည်။ "ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရပါမည်။ ပြစ်ဒဏ်ကျခံရသူများကိုလည်း နောက်နောင် ရာဇဝတ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးပြီး လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်အောင် ဖန်တီးပေးရန် လိုပါသည်" ဟု ကော်မတီက အကြံပြုထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက်သို့ပြောင်းရန်စီစဉ်


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း ဆောင်တာများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနအဖြစ်ထားရှိ သွားမည်ဟု သိရသည်။ နိုင်ငံတော်သမ္မတရုံးမှ လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၂၆ရက်တွင် ပေးပို့သော စာအရသိရသည်။

ငြိမ်းချမ်းရေးနဲ့ စီးပွားရေး သည့်ထက် လက်တွေကျစေချင်


အခု ရက်အတောအတွင်း တိုင်းပြည်ရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ်များရဲ့ ပြောစကားတချို့ဟာ မိမိတို့ ပြည်သူများ နားဝမှာ ပျားသကာလို ချိုကြရပါတယ်။ ကြိုဆိုကြရမယ့် စကားတွေပါပဲ။ ပထမစကားက တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့စကားဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အသစ်များ၏ လွှတ်တော်လေ့လာရေး



My Blog List