Monday, January 18, 2016

ထိုင်းရှိ နိုင်ငံခြားမာဖီးယားဂိုဏ်းများကို ဖြိုခွင်းရန် ဒုဝန်ကြီးချုပ် အမိန့်ထုတ်


ထိုင်းနိုင်ငံ ကော့ဖန်ဂန်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ဘားဆိုင် တစ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကော့ဖန်ဂန်နှင့် ကော့စမွီတို့ရှိ နိုင်ငံခြားသားမာဖီးယားဂိုဏ်းများကို အမြစ်ဖြုတ်ရန် ဆူရတ်ဌာနီက ဒေသအာဏာပိုင်များအား ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝန် ဆူဝန်က အမိန့်ပေးညွန်ကြားထားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရသစ်အပေါ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဘယ်လောက်မျှော်လင့်လဲ


အစိုးရက ဦးစီးကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည် တော်မှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ရက်ထိ ငါးရက်တာကျင်းပခဲ့ပါတယ်။ ညီလာခံမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့၊ အစိုးရဘက်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသူ ၇၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ ညီလာခံအပြီးမှာ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်၏ နာယက ဦးခွန်ဥက္ကာကို မဇ္ဈိမက ညီလာခံမှာ ဆွေးနွေးမှုများ အပေါ် သုံးသတ်ချက် နှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေအချို့ကို မေးမြန်းထားပါတယ်။

မြန်မာလူငယ်များ အွန်လိုင်းတွင် အချိန်ဖြုန်းဟု ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းစကားဆို


နေအိမ်အကျယ်ချုပ်ဖြင့် နှစ်များစွာ အထားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ကွန်ပြူတာဂိမ်းများနှင့် လူမှုအင်တာနက်ပေါ်တွင် အချိန်ဖြုန်း ကုန်လွန်နေခြင်းအပေါ် ညည်းညူပြောဆိုကြောင်း The Straits Times သတင်းတွင် ဇန်နဝါရီ ၁၇ ရက်က ဖော်ပြထားသည်။

အီရတ်မှာ ပျောက်နေတဲ့ အမေရိကန် ၃ ယောက်ကို ရှာဖွေနေ


အီရတ်နိုင်ငံ ဘက်ဂဒတ်မြို့မှာ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်နေတဲ့ အမေရိကန် ကန်ထရိုက်ဝန်ထမ်းတွေ ၃ ဦးကို အမေရိကန် အစိုးရက ရှာဖွေ နေပါတယ်။ အခုရှာနေတဲ့သူတွေ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးနေတဲ့အကြောင်း သူတို့ ၃ ဦး အလုပ်လုပ်တဲ့ ကုမ္ပဏီက ပြောတယ်လို့ အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောပါတယ်။

အီရန်အပေါ် ဒဏ်ခတ်မှု အသစ် အမေရိကန် ချမှတ်


အမေရိကန်က အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးအစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေကို ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။အီရန်က ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတွေ ဥရောပကို ရောက်လာပြီ ဆိုတာ အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။

ခွဲထွက်ရေး အယူအဆ ပြန်ခေါင်းထောင်ထ လာနိုင်မလား


အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော် တစ်ခုကနေ နောက် လွှတ်တော် တစ်ခုကို တာဝန်လွှဲပြောင်းပေးအပ်ဖို့ ပြင်ဆင်နေကြချိန်၊ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ အစိုးရ ၀န်ကြီးတွေ၊ တပ်မတော်အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း ၆၀၀ နီးပါး ငြိမ်းချမ်းရေး ကိစ္စ၊ အနာဂတ် ပြည်ထောင်စုသစ် ကိစ္စ ဆွေးနွေးနေကြချိန် ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ သီးခြား လွတ်လပ်တဲ့ ကချင်နိုင်ငံတော် တစ်ခု တည်ထောင်ဖို့ ကချင်ပြည်သူ့ပါတီ (Kachin Republic Party-KRP) ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းမှာ ပါတဲ့ အချက်တွေ ဘယ်လောက် ခိုင်မာတယ်၊ မခိုင်မာဘူး မသိရပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအတွက် သတင်းကောင်း တစ်ပုဒ်တော့ မဟုတ်ပါဘူး။ အဲဒီ ကချင်ပြည်သူ့ပါတီက ဘာတွေ ထုတ်ပြန်သလဲ၊ ဒီ ထုတ်ပြန်ချက်ကြောင့် ဘာ ပြသနာတွေ ရှိလာနိုင်သလဲ၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အလွတ်ကျက်ဖြေ ပညာရေးစနစ် ပြု ပြင်ဖို့ ဒေါ်စုတိုက်တွန်း


ဒီကနေ့ခေတ်ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို ကွန်ပြူတာ ဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ယက်တွေမှာ အသုံးချနေတဲ့အတွက် စာဖတ်ချိန်နည်းလာပြီး စာပေနဲ့အလှမ်းဝေးတာဟာ ၀မ်းနည်းဖို့ ကောင်းကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

လက်ရှိလွှတ်တော်သက်တမ်းတွင် အမုန်းစကား ထိန်းချုပ်ရေးဥပဒေ မပြဋ္ဌာန်းနိုင်တော့ဟုဆို


လူမျိုးရေး၊ ဘာသာ ရေး၊ ပုဂ္ဂိုလ်ရေးများ ထိခိုက်နစ်နာစေရန် တိုက်ခိုက်နေကြသည့် အမုန်းစကားရေးသားမှု၊ ပြောဆိုမှုများကို ထိန်းချုပ်နိုင်ရန် ပြည်ထောင် စုအစိုးရမှပြဋ္ဌာန်းဖို့ ကြိုးစားနေသည့် Hate Speech Law ကို လက်ရှိလွှတ်တော်သက် တမ်းအတွင်း သတ်မှတ်ပြဋ္ဌာန်းရန်အစီအစဉ် မရှိတော့ကြောင်း အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းစိစစ်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ မြတ်Óဏစိုးက ပြောသည်။

မြစ်ဆုံကိစ္စလျော်စရာရှိပါက အလျော်ပေးပြီး တိုင်းပြည်နှင့် လူမျိုးကိုကာကွယ်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဟုဆို


ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိုင်းပြည်နှင့် လူမျိုးကို အထိခိုက်မခံဘဲ လျော်စရာရှိပါက ပေးလျော်ပေးပြီး ကာကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ယင်းပါတီမှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဦးစိုးညွန့် က ပြောသည်။

ဘာကြောင့် တရုတ်နှင့် ဆက်ဆံရေး အသစ်ပြန်စရန် လိုအပ်သနည်း


မြန်မာနိုင်ငံနိုင်ငံသည် ရာစုနှစ် တဝက်ကျော်ကျော်အတွင်း နိုင်ငံရေး အပြောင်းအလဲနှင့်ပတ်သက်ပြီး ကြီးမားသော အံ့သြဖွယ် အချိန်ကာလကို ကြုံတွေ့နေရပါသည်။ ယခုဆယ်စုနှစ်များအတွင်း အလွတ်လပ်ဆုံးနှင့် အမျှတဆုံးဟု ဆိုရမည့် နိုဝင်ဘာလက လွှတ်တော်အဆင့်ဆင့် ရွေးကောက် ပွဲများတွင် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အပြတ်အသတ် အနိုင်ရသွားခဲ့သည်။ နိုဘယ်ဆုရှင်လည်းဖြစ် အ တိုက်အခံ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရတက်လာရန် ရှိနေပါသည်။

ထိုင်ဝမ် အမျိုးသမီးသမ္မတတက်လာပြီးနောက် တရုတ်နဲ့ ဆက်ဆံရေး တင်းမာ


ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် အသက် ၆၀ အရွယ် Tsai Ing-wen ကို ရွေး ကောက် တင်မြှောက်လိုက်ပြီးတဲ့နောက် ထိုင်ဝမ်နဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အဓိက ဦးစားပေးတဲ့ Democratic Progressive Party (DPP) ဟာ ပထမဆုံးအကြိမ်အဖြစ် အမတ်နေရာ အများစု အနိုင်ရရှိပြီး Tsai Ing-wen သမ္မတဖြစ် လာတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှ ငါးနှစ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် အတည်ပြု


အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှငါးနှစ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အပါအ၀င် အဆို(၄)ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနောက်ဆုံးနေ့တွင် အတည်ပြုခဲ့သည်။ ဇန်န၀ါရီ ၁၆ ရက် ညီလာခံတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေး မှူးအဖွဲ့က အဆိုပြုချက်(၄)ချက်ကို တင်သွင်းခဲ့သည်။

လူငယ်များအွန်လိုင်းတွင် အချိန်ဖြုန်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကရုဏာဒေါသဖြင့် ပြောကြား


မြန်မာနိုင်ငံမှ လူငယ်များသည် ကွန်ပျူတာဂိမ်းများ၊ အင်တာနက်ဂိမ်းများနှင့် လူမှုကွန်ရက် များပေါ်တွင် အချိန်ဖြုန်းနေကြ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့၌ ကျင်းပသော နိုဗယ်-မြန်မာ စာပေပွဲတော်သို့ ပေးပို့သည့် ၎င်း၏သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Friday, January 15, 2016

ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီဝင် အဖြစ်မှ ထုတ်ပယ်ခံရဟု သတင်းများ ထွက်ပေါ်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး ဖြစ်သည့် ဦးခင်ရွှေကို ပါတီမှ ထုတ်ပယ်ထားပြီဟု သတင်းများ ထွက်ပေါ်နေကြောင်း ၎င်းက The Voice သို့ ဖြေကြားသည်။

NLD ပါတီက အစိုးရအဖွဲ့စာရင်းများ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်မည်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ် ဖွဲ့စည်းရေး အတွက် သမ္မတ၊ ဝန်ကြီးများ၏ အမည်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး ထား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့အထိတော့ အစိုးရဖွဲ့စည်းရေးကို တရားဝင်တော့ မထုတ်ပြန်သေး ပါဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒါပေမဲ့ ဦးတင်ဦး ပြောပုံအရ တော့ အခုထွက်ပေါ်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်လောက် မှာတော့ အစိုးရအဖွဲ့စာရင်းတွေ ထွက်နိုင်ပါတယ်။ အဲဒီလောက် နောက်ဆုံး ဖြစ်မှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကြား သတင်းမထုတ်ပြန်သည့် တံခါးပိတ်ဆွေးနွေးပွဲများ ရှိနေဟု ဆို



ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအား သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသော လက်ရှိ အခြေခံဥပဒေအား ချက်ချင်းပြင်ဆင်ရန် ဆောင်ရွက်မည် မဟုတ်ဘဲ ရုပ်ပြသမ္မတ တစ်ဦးကိုသာ ခန့်ထားမည်ဟု NLD ၏ ၀ါရင့်ပါတီဝင် တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ 

လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေး ညီလာခံမှာ NCA ပြီးသည်ကို အသိအ မှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံအား အစိုးရသစ်တက်မှ ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို



လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေးညီလာခံမှာ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ပြီးသည်ကို အသိအမှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံကို နောက်အစိုးရသစ်တက်မှ ဆက်၍ကျင်းပမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ ရှမ်းနီ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတွက် ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို


ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ရှမ်းနီစသည့် ပြည်နယ်သီးသန့်သတ်မှတ်ထားခြင်း မရှိသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် ပြည်နယ် သတ်မှတ်ပေးရန် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တောင်းဆိုမှုများရှိနေကြောင်းသိရသည်။

လိပ်ကျွန်းလူသတ်မှု ကိစ္စ မကျေနပ်လို့ ထိုင်းဝဘ်ဆိုက် ၂၀၀ ကိုတိုက်


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးတဲ့ ကိစ္စကို မကျေနပ်လို့ Anonymous ဆိုတဲ့ နိုင်ငံတကာ ဟက်ကာအဖွဲ့က ထိုင်းအစိုးရပိုင် ဝဘ်ဆိုက် ရာနဲ့ချီကို ဟက်လုပ်လိုက်ပါတယ်။ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းကပဲ ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge တို့ကို သတ်တယ်ဆိုပြီး သေဒဏ် ပေးခံခဲ့ရပါတယ်။

ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော် အစုအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ စာတမ်းတင်သွင်း


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့ကို ဇန်န၀ါရီ ၁၄ ရက်က နေပြည်တော်၌ ကျင်းပရာ ညီလာခံတွင် ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအ၀င် အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်း ပြုလုပ်ရာ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော်အစုအဖွဲ့က စာတမ်းတင်သွင်းခဲ့သည်။

အာဖဂန် IS ခေါင်းဆောင်တဦး ကန် drone နဲ့ ပစ်ခတ်မှုကြောင့်သေဆုံး


အမေရိကန်တွေရဲ့ မောင်းသူမဲ့ drone ယာဉ်နဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် အရှေ့ပိုင်းဒေသက စစ်သွေးကြွတွေရဲ့ ထိပ်တန်း ခေါင်းဆောင်ဟာ တခြား သူပုန် အနည်းဆုံး ၁၁ ဦးနဲ့ အတူ သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် သွားမည်


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်း ပါတ်ထဲမှာပဲ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kerny က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။" ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပါတ်ထဲမှာ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံ ကို ရွေးကောက်ပွဲလွန်ကာလ ဒီမိုကရေစီ အကူးအပြောင်း အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့ သွားရောက်မှာ ဖြစ်ပါတယ်။"

NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး ရဖို့ ပိုမျှော်လင့်


နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်တဲ့အကြောင်း NCA စာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံ လုပ်တာဟာ နိုင်ငံရေးလှည့်ကွက် အနေနဲ့လုပ်တာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေက ပြောဆိုပါတယ်။

IS ၂၀၀ ကျော် တူရကီ ချေမှုန်း


တူရကီနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ရက်က အစ္စတန်ဘူးလ်မြို့မှာ ဖြစ်ပွားခဲ့ပြီး၊ ဂျာမန် ကမ္ဘာလှည့် ခရီးသွား ၁၀ဦး သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက် မှုအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွ ၂၀၀ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုနဲ့ ပြည်နယ်အကြား သယံဇာတ စီမံခန့်ခွဲမှု ခွဲဝေရေး ဆွေးနွေး


တတိယနေ့အဖြစ် ဆက်ပြီး ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင်း မှာတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရတွေအကြား ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အချိုးအစားတွေနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေး နွေးခဲ့ကြပါတယ်။ သဘာဝ သဃံဇာတ ခွဲဝေရေးမှာ သက်ဆိုင်ရာပြည်နယ် တိုင်းတွေဖက်က ၇၀ ရာခိုင်နှုန်း ခံစားခွင့်ရဖို့ တိုင်းရင်းသားတွေဘက်က တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေကို စုစည်းပြီး လာမယ့် အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြု သွားမယ်လို့လည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။

My Blog List