Tuesday, January 12, 2016

ထိုင်းဘုရင်မင်းမြတ်ကျန်းမာရေးအခြေအနေစိုးရိမ်ရ


ထိုင်းဘုရင်မင်းမြတ် Bhumibol ဟာ ခံစားနေရတဲ့ သွေးနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါ နဲ့ အဆုပ်ရောင်ရောဂါတွေအတွက်ဆေးဝါးကုသခံယူနေ ကြောင်း ထိုင်းဘုရင် နန်းတော်က ကြေညာပြီးနောက်တရက်မှာပဲ တနင်္လာ နေ့ က ဆေးရုံကနေ သူရဲ့ဘန်ကောက်နန်းတော်ကိုပြန်သွားခဲ့ပါတယ်။ ပတ်ဝန်းကျင်အပြောင်း အလဲဖြစ်ဖို့သူရဲ့နန်းတော်ကို ဘုရင်မင်းမြတ်ပြန် သွားတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ နန်းတော်ဝန်ထမ်းတဦးက ပြောပါတယ်။

❝ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌သူရဦးရွှေမန်းပြောကြားသည့် မိန့်ခွန်း ❞


ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 မင်္ဂလာနှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

🕊 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမှာစကားပြောကြားခွင့် ရရှိသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် အဖွင့်မိန့်ခွန်း


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီး များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီး များအားလုံးကျက်သရေ မင်္ဂလာအပေါင်း နဲ့ ပြည့်ဝကြပါစေလို့ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ဒီကနေ့ဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ သမိုင်းမှာ အင်မတန်ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

အနိုင်ရကိုယ်စားလှယ်သစ်များ လွှတ်တော်ဟောင်းတွင် တပတ်ခန့် လေ့လာမည်


ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်သစ်တွေ လွှတ်တော်ဟောင်းမှာ တပတ်ခန့် လာရောက်လေ့လာမယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ် စားလှယ်သစ်တွေ အနေနဲ့ အန်အယ်လ်ဒီအစိုးရရဲ့ လွှတ်တော်သစ်မှာ အတွေ့အကြုံရနိုင်ဖို့ အခုကျင်းပနေတဲ့ လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးပတ်ဖြစ်တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့ကစပြီး ၂၉ ရက်နေ့ထိ လာရောက်လေ့လာမှာ ဖြစ်ပါတယ်။

Monday, January 11, 2016

ရှယ်ယာရှင် ၁၁ ဦး၏ မတည်ငွေ ကျပ် ဘီလီယံ ၂၀ ဖြင့် ရွှေဘဏ်စဖွင့်


ပြည်တွင်းရွှေသံလွင်ကုမ္ဗဏီပိုင်ရှင် ဦးကျော်ဝင်း အပါအ၀င် ရှယ်ယာရှင် ၁၁ ဦး မတည်ငွေ ငွေကျပ် ဘီလီယံ ၂၀ ဖြင့် ရွှေဘဏ်ကို ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဇန်န၀ါရီ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းကိုစတင်ဝန်ဆောင်မှု ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုရန် အတည်ပြု


ပြည်ထောင်စုအစိုးရက ပေးပို့လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆောင် ရွက်ခြင်းမပြုရန် ဇန်နဝါရီ ၁၁ ရက်နေ့ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

နိုင်ငံရေးနှင့် ပတ်သက်အကြောင်းအရာများဖြေကြားပေးရန်အတွက် Call Center တည်ထောင်ရန်စီစဉ်


ပြည်သူ့နီတိ၊ အခြေခံဥပဒေ၊ ဥပဒေပြုရေး(လွှတ်တော်)၊ ရွေးကောက်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အစရှိသည်တို့နှင့် ပက်သက်သည့် မေးခွန်း များကို ဖြေကြားပေးနိုင်ရန်အတွက် Call Center တည်ထောင်ရန်စီစဉ် ဆောင်ရွက်နေကြောင်း လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးဌာန( Center for Youth and Social Harmony)မှ Project Coordinator ကိုဝေယံတင်ထွေး က မဇ္ဈိမသို့ ပြောသည်။

ငြိမ်းချမ်းရေးညီလာခံမှ ရနိုင်တဲ့ အကျိုးရလဒ်


ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်တွေ ချမှတ်ဖို့ သင့် တော်တဲ့အချိန်မှာ ကျင်းပတဲ့ ညီလာခံဖြစ်တယ်လို့ ညီလာခံကို အကြံပေး တဦးအဖြစ် တက်ရောက်မယ့် ပအို့ဝ် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးခွန်ဥက္ကာ က ပြောဆိုပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆို တာတွေလည်း ရှိနေချိန်မှာပဲ ဦးခွန်ဥက္ကာ ကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုတိယစီးရီး နာမည်ကို အနီရောင်လို့ ပေးဖြစ်တာက ၂၀၁၆ မှာ တစ်နိုင်ငံလုံး အနီရောင် လွှမ်းစေဖို့ပါလို့ နီနီခင်ဇော် ဆို


ဒုတိယတစ်ကိုယ်တော်စီးရီး နာမည်ကို အနီရောင်လို့ ပေးဖြစ်ခဲ့တာက ၂၀၁၆ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အနီရောင်တွေ လွှမ်းစေဖို့အတွက် ရည်ရွယ်ပြီး ပေးဖြစ်ခဲ့တာပါလို့ တေးသံရှင် နီနီခင်ဇော်က ပြောပါတယ်။ City FM ရဲ့ ၁၄ နှစ်ပြည့် အမှတ်တရ ဂီတဖျော်ဖြေပွဲနဲ့ ဂီတဆုပေးပွဲမှာ အနီရောင်စီးရီးနဲ့ တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူဆုကို ရရှိခဲ့ပြီးတဲ့နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာမှာ ယင်းသို့ ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီဖေကိုယ်တို့ ရွေးကောက်ပွဲရုပ်ရှင်က NLD ပါတီအတွက် ရည်ရွယ်ပြီး ရိုက်တာပါလို့ ဆို


နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားကြတဲ့ အီဖေကိုယ်တို့ ရွေးကောက်ပွဲ ရုပ်ရှင်ဇာတ်ကားကို NLD ပါတီအတွက် ရည်ရွယ်ပြီး ရိုက်ဖြစ်ခဲ့တာပါလို့ ယင်းဇာတ်ကားကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က The Voice ကို ပြောပါတယ်။

မြောက်ကိုရီးယားတွင် ထောင်ဒဏ်ကျခံနေရသည့် ကနေဒါဓမ္မဆရာ အလုပ်ကြမ်းစခန်းတွင် တစ်ကိုယ်တည်း ကျင်းများတူးနေရဟုဆို


အချုပ်ခြာအာဏာကို နှောင့်ယှက်ဖျက်စီးမှုဖြင့် မြောက်ကိုရီးယားတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသည့် ကနေဒါနိုင်ငံသား ခရစ်ယာန် ဓမ္မဆရာက စီအင်အင်နှင့် အင်တာဗျူးတွင် ပြောကြားချက်အရ ၄င်းမှာ အလုပ်ကြမ်းစခန်းတွင် တစ်နေ့ ၈နာရီ ကျင်းများ တူးနေခဲ့ရပြီး အခြားအကျဉ်းသား တစ်ဦးတစ်လေမျှကိုလည်း မတွေ့ခဲ့ရဟု ဆိုသည်။

တရုတ်က ဒေသတွင်းလေကြောင်း လုံခြုံရေးကို ခြိမ်းခြောက်နေဟု ဗီယက်နမ်စွပ်စွဲ


နိုင်ငံပိုင်မီဒီယာ၏ သတင်းပို့ချက်အရ တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းတန်းများဆီသို့ မကြေညာဘဲ ၄င်း၏ လေပိုင်နက်ကို ဖြတ်ပျံခြင်းအားဖြင့် ဒေသတွင်း လေကြောင်းလုံခြုံမှုကို ခြိမ်းခြောက်နေသည်ဟု ဗီယက်နမ်က စွပ်စွဲခဲ့သည်။

ရေကြီးမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဆောင်ရွက်ချက် လွှတ်တော်တွင်မေးခွန်းထုတ်မည်


ဧရာဝတီတိုင်းဒေသကြီး၊ ပထမအကြိမ် လွှတ်တော် နောက်ဆုံးအစည်းအဝေးတွင် ရေကြီးနစ်မြုပ်များနှင့်ပက်သက်ပြီး အစိုးရအဖွဲ၏ လုပ်ဆောင်ချက်အား ရေကြည်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက မေးခွန်းမေးမည်ဖြစ်ကြောင်းသိရှိရသည်။

“သူငယ်တန်း သင်ရိုးပြောင်းပြီ၊ တကယ့် ရည်မှန်းချက် အောင်မြင်ပါ့မလား။”


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့က ပညာရေး ၀န်ကြီးဌာန လက်အောက် ပညာရေးသုတေသန ဦးစီးဌာန၊ သူငယ်တန်း သင်ရိုးညွှန်းတန်း ရေးဆွဲရေးအဖွဲ့ဟာ အလုံ အထက (၄) ကျောင်းမှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ လာမယ့် ၂၀၁၆-၁၇ ပညာသစ်နှစ်က စပြီး အသုံးပြုမယ့် သူငယ်တန်း KG သင်ရိုးသစ် အကြောင်း ရှင်းပြတဲ့ သတင်းစာရှင်းလင်းပွဲပါ။ ပညာရေး ကိစ္စတွေအကြောင်း နှစ်တစ်ချို့ ဆွေးနွေးငြင်းခုံပြီးတဲ့နောက် ပညာရေးမှာ အလွန်အရေးကြီးတဲ့ အခြေခံပညာအဆင့် သူငယ်တန်း သင်ရိုး အသစ် တစ်ခု ပေါ်ထွက်လာပါပြီ။ သင်ရိုး အသစ်နဲ့ အဟောင်း ဘာကွာသလဲ၊ မြန်မာ့ပညာရေး တကယ်ပဲ စနစ်သစ်ကို စ တင်နိုင်တော့မလား ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။

အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ သတ္တုဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပါမစ်သစ်များ ချပေးသွားမည်ဟု ဆို


ကမ္ဘာ့ကျောက်စိမ်း ထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးသည့် ဖားကန့်ဒေသတွင် တူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေခြင်း အပေါ် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်လျက်ရှိသော်လည်း သတ္တုတွင်း ၀န်ကြီးဌာနသည် ၂၀၁၅ သြဂုတ်က ဖိတ်ခေါ်ခဲ့သည့် လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်အသစ်များ အတွက် နောက်ဆုံး လျှောက်ထား ရမည့်ရက်ကို ၂၀၁၆ ဇန်န၀ါရီ ၁၈ ထိ တိုးမြှင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

အစိုးရဖွဲ့စည်းရေးအတွက် NLDဆွေးနွေး၊ အခက်အခဲများစွာ ရှိနေဟုဆို


ရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖွဲ့စည်းတော့မယ့် NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဇန်န၀ါရီ ၁၀ရက်၊ နေ့လည် ၁နာရီမှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဟုဆို


ဇန်နဝါရီ ၁၂ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့် ခွန်း ၁၀မိနစ်ခန့် ပြောကြားမည်ဟု Myanmar Peace Centerနှင့် နီးစပ် သောသတင်းရပ်ကွက်များမှ သိရှိရကြောင်း NLD ၏ ဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

Friday, January 08, 2016

“NLD ဦးဝင်းထိန်၊ လူဆိုးလား”



အခုရက်ပိုင်း သတင်းမီဒီယာ သမားတွေအကြား၊ ပြည်သူတွေအကြား အပြောများနေတဲ့ ကိစ္စ တစ်ခုကတော့ NLD ခေါင်းဆောင် ဦးဝင်းထိန်နဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အာရ်အက်ဖ် အေ သတင်းဌာန အင်တာဗျူး ကိစ္စပါ။ အင်တာဗျူး ပြီးဆုံးချိန် ဦးဝင်းထိန် ပြောလိုက်တဲ့ “ကျေးဇူးတင် မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတဲ့ စကားအပေါ်မှာ ဝေဖန်မှု များသွား တာဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

တိုက်ပွဲဖြစ်နေသည့် ရှမ်းမြောက်တွင် ပြည်နယ်အဆင့် အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့စတင်ဖွဲ့စည်းမည်



တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၀ ရက်တွင် ဖွဲ့စည်းကာ တိုက်ပွဲများဖြစ်ရသည့် အကြောင်းအရင်းများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းနှင့်ကရင်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းမည်



ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) များကို ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီ၉ ရက်မှစ၍ ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် ခိုလမ်မြို့၌ သွားရောက် ဖွဲ့စည်း မည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် JMC အဖွဲ့ဝင်ဒေါက်တာ မင်းဇော်ဦးကပြောသည်။ 

ထိပ်သီးဆွေးနွေးပွဲ လာမယ့် မြန်မာသမ္မတကို အိမ်ဖြူတော်က ကြိုဆို



အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလ ကျင်းပမယ့် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ ဘရက်အိုဘားမားက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကမနေ့ကကြေညာခဲ့ပါ တယ်။ မြန်မာနိုင်ငံကြောင့် အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေး နှစ်ပေါင်းများစွာ အကန့်အသတ်တွေရှိ ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီးညီ လာခံကို တက်ရောက်လာမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုကြောင်း သမ္မတ အိမ်ဖြူတော်က ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ကချင်ဝန်ကြီးချုပ်ကို ခေါ်ယူ စုံစမ်းနေချိန် ကျောက်တူးကားများ ဝင်ရောက်မှု ရပ်ဆိုင်း



ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ ဖားကန့်ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ၀င်ရောက်လာတာ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တူုးဖော်ရေးယာဉ်နဲ့ ယန္တရားတွေ တင်သွင်းတာရပ်ဆိုင်းပေမဲ့ ကျောက်တူးဖော်နေတာတွေကတော့ အရင်လိုပဲ ရှိနေဆဲလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေး တံခါးလေးပွင့်လာလို့ ….. ( RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဆက်သွယ်မေးမြန်း )



သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့ အစိုးရနဲ့ အောက်တိုဘာလထဲမှာ တပြည်လုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ၂၀၁၅ နှစ်ကုန်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်း က ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ် ။ မကြာမှီမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ တော့မှာမို့ ဒါဟာ NCA ချိုးဖောက်မှုတခုလို့ ဆိုနိုင်မလား ။ RCSS ရည်မှန်းချက် ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ရှိနေပါသလဲဆိုတာ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော် ဆင့် က ဆက်သွယ် မေးမြန်းထား ပါတယ် ။ 

တိုင်းပြည်၏ သယံဇာတ ရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရန် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း


တိုင်းပြည်၏ သယံဇာတရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဇန်န၀ါရီ ၇ ရက် တွင် ပြောကြားသည်။

အင်န်အယ်လ်ဒီနဲ့ မီဒီယာဆက်ဆံရေး


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြို နိုင်လိုက်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်၏ ဥပဒေပြုရေးအာဏာ၊ ထိုမှတဆင့် အုပ်ချုပ်ရေးအာဏာကို လာမည့် ငါးနှစ်စာ သက်တမ်းအတွက် ရယူနိုင်ပါမည့်အကြောင်း မဲဆန္ဒရှင် ပြည်သူလူထုက အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ပေးလည်း ပေးထိုက်ပါသည်၊ အင်န်အယ်လ်ဒီသည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သဖြင့် မဲဆန္ဒရှင် ပြည်သူများကလည်း မပြောင်းမ လဲသော စိတ်ထားဖြင့် လာမည့်ငါးနှစ်သက်တမ်းစာ အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

My Blog List