ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတကနေ ပေးပို့လာသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပါတယ်။ဒီ စာချုပ်မှာ ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက်ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ နောက် တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်နိုင်မယ်လို့လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ပြောဆို လိုက်ပါတယ်။
Wednesday, December 09, 2015
ဘေဂျင်းမြို့တော်ကို လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းမှုအတွက် ပထမဆုံး အကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် ကလေးတွေ ကျောင်းမသွားနိုင်ပဲ အိမ်တွေမှာသာ နေထိုင်ကြရသလို၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း အကန့်အသတ် နဲ့သာ အသုံးပြုနေကြရပါတယ်။
တရုတ်ဘာသာနဲ့လှုံဆော်တဲ့ IS သီချင်းလွှင့်ထုတ်
IS အစ္စလမ်မစ်အဖွဲ့က တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ် ထုတ်လိုက်တာကို ကြည့်ရင် နိုင်ငံတကာအနေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွတ်ဖို့ လိုတယ်ဆိုတာတွေ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောသွားပါတယ်။တရုတ်အဆင့်မြင့်အရာရှိတဦးကတော့ Islam စစ်သွေးကြွမှုတိုက်ဖျက်ရေးမှာ တိုးတက်မှုတွေရှိတယ်လို့ ပြောသွားတာပါ။
မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ဟု တပ်/ချုပ်ပြောကြား
အထွေထွေရွေးကောက်ပွဲရလဒ်များမှတစ်ဆင့် မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်းကို ခွဲခြားနေလျင် ရခိုင်ပြည်နယ်တည်ဆောက်ရန် ခက်ခဲနေဦးမည်ဟု ဒေါက်တာအေးမောင် ပြော
ရခိုင်ပြည်နယ်တွင် တောင်ပိုင်း၊ မြောက်ပိုင်း အယူအဆများ မဖျောက်ဖျက် နိုင်ပါက ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆို လိုက်သည်။“ရခိုင်အမျိုးသားတွေ အနေနဲ့ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်း ခွဲခြားပြီး ပြောမနေသင့်ပါဘူး၊ ဒီလိုပြောဆိုမှုဟာ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ဆောက် ရာမှာ ခက်ခဲစေပါတယ်။” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူ ရိုက်နှိပ်သည်ထက် အရေးကြီးသည့် ကိစ္စများကိုလုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရန် ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးကျော်ထွန်းအောင်၏တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပြီး အဖေ့ကိစ္စသည်နည်းနည်းပုဂ္ဂိုလ်ရေး ဆန်သွားမည်ဖြစ်၍ ယင်းထက်အရေးကြီးသည့်ကိစ္စများထမ်းဆောင်ရန် အများကြီးရှိသေးသည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။
အမျိုးသားနေ့ဆိုတာဘာလဲ
မြန်မာနိုင်ငံအတွက် အရေးကြီးနေ့ရက်များတွင် အမျိုးသားနေ့လည်း ပါဝင်သည်။ သမိုင်းစာအုပ်များတွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို မကျေ နပ်သော ကျောင်းသားများက ကန့်ကွက်သပိတ်မှောက်ခဲ့ သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့သည် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ၁၁ ဦးက ရွှေတိဂုံစေတီတော် စနေထောင့်တွင် တိုင်ပင်ဆွေးနွေးကာ သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စသည်ဖြင့်သာ သမိုင်းဖတ်စာအုပ်များတွင် အကျဉ်းချုံးသင်ကြားခြင်း ခံခဲ့ရသည်။
အစိုးရတစ်ရပ် အသက်ဆက်ရှည်ရေးအတွက် ချုပ်ကိုင်ချင်သည့် ပညာရေး စနစ် ဖြစ်နေဟုဆို
အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည် ဆိုသော်လည်းအပြည့်အ၀ ဒီမိုကရေစီဆန်သည့် လွတ်လပ်သည့် ကျောင်းသားများ၏လိုလားချက်များကို အခြေခံသည့် ပညာရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲအစိုးရတစ်ရပ် အသက်ဆက်ရှည်ရေးအတွက် ချုပ်ကိုင်ချင်သည့် ပညာရေးစနစ်ဖြစ်နေကြောင်း မဖြိုးဖြိုးအောင်က ဒီဇင်ဘာ ၈ ရက်သာယာဝတီမြို့နယ်တရားရုံး ရုံးထုတ်တွင် ပြောကြားခဲ့သည်။
ပြည်သူ၏ ထောက်ခံမှုရရှိထားသည့် အစိုးရသစ်အနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးအား နိုင်ငံအကျိုး အရှိဆုံး ဆောင်ရွက်နိုင်မည်ဟု ဆို
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်မှ ကျောက်စိမ်းလုပ်ငန်း ရင်းနှီးမြှုပ်နှံသူ ဇန်ချန်းအဖို့ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရသည်မှ မည်သည့်အချိန်ကမှ ရိုးရှင်းမှု မရှိခဲ့ပေ။ ဇန်က လုပ်ငန်းလုပ်ခွင့် ရရှိရန်အတွက် မြန်မာအစိုးရ အရာရှိများနှင့် ကြားလူများအား ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်းထိ လာဘ်ထိုးရသည့် ငွေများကို ရည်ညွှန်း၍ “ငွေကြေး လက်ဆောင်ပေးရတာက မလုပ်မဖြစ် ဖြစ်နေတယ်” ဟု Southern China Morning Post သတင်းစာကြီးသို့ သူက ပြောကြား ခဲ့သည်။
Tuesday, December 08, 2015
မိမိဘာပေးနိုင်မလဲ စိတ်ဓါတ်နဲ့ ချဉ်းကပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှသာ ပြည်ထောင်စု ကီးဟာ အေးချမ်းပြီး တိုးတက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် စည်ပင်ရိပ်သာက ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ နှုတ်ဆက်ညစာစားပွဲမှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
လစ်ဗျားတွင် လူနှစ်ဦးကို မှော်ဆရာများဟု စွပ်စွဲပြီး အိုင်အက်စ် ခေါင်းဖြတ် ကွပ်မျက်
မှော်ဆရာများဖြစ်ကြောင်း စွပ်စွဲချက်ဖြင့် လူနှစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လူအများရှေ့မှောက်တွင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။အိုင်အက်စ်တို့ ထုတ်ဖော် ပြသလိုက်သည့် စက်ဆုပ်ဖွယ် ဗီဒီယို တစ်ခုတွင် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ မြို့လယ် တစ်နေရာ၌ ယခုလို ရက်စက်ကြမ်းကြုတ် မှု တစ်ခုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်း ဖြစ်သည်။ အိုင်အက်စ်တို့ သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် လစ်ဗျားတွင်လည်း တစ်စတစ်စ ဩဇာပျံ့နှံ့ သက်ရောက်လာသည်။
နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အား ဒီဇင်ဘာလလယ်တွင် အတည်ပြုရန်ရှိ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်လက်မှတ် ရေးထိုး ပြီးဖြစ်သဖြင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးဆွေးနွေး ပွဲမူဘောင်အား ဒီဇင်ဘာလလယ်တွင် အတည်ပြုသွားရန် ရှိကြောင်း မြန်မာငြိမ်း ချမ်းရေးစင်တာ (MPC) ၏ ထုတ်ပြန်ချက်များအရသိ ရသည်။
၂၀၁၀ ရွေးကောက်ပွဲထက် ၂၀၁၅ တွင် ဆန္ဒမဲပေးမှုရာခိုင်နှုန်း နည်းပါး
၂၀၁၀ရွေးကောက်ပွဲတွင် မဲဆန်္ဒရှင် များ ဆန္ဒမဲပေးခဲ့သည့် ရာခိုင်နှုန်းထက် ၂၀၁၅ တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးခဲ့သည့် ရာခိုင်နှုန်းက နည်းပါးခဲ့ ကြောင်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက် ပွဲ အချက်အလက်များ နှိုင်းယှဉ်ချက်အရ သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်အတွက်ဆန်္ဒမဲပေးသူ၇၇.၂၆ ရာခိုင်နှုန်း၊အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲပေးသူ ၇၆.၇၈ ရာခိုင်နှုန်း နှင့် တိုင်းရင်းသားလူမျိုးအပါအ၀င်တိုင်းဒေ သကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ် တော်အတွက် ဆန်္ဒမဲပေးသူ ၇၆.၆၂ရာခိုင်နှုန်း ဆန်္ဒမဲပေး ခဲ့ကြသည်။
ကျောက်တည်ရောဂါအတွက် ဆေးကောင်းတစ်လက်
ဒီဆေးနည်းကတော့ အင်မတန်ရိုးရှင်းလွယ်ပြီး တကယ်ထိရောက်စေမည့် သဘာဝဆေးနည်းကောင်းတစ်မျိုးဖြစ်ပါတယ်။ကိုယ်တွေ့ပျောက်ကင်းခဲ့တဲ့ ကိုရန်နိုင်စိုးမှ အများသိအောင် ပြန်လည်ရေးသားမျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ဆေးရုံမှာ အာထရာဆောင်းရိုက်ပြီး သည်းခြေမှာ ကျောက်တည်နေသည့်အတွက် မခွဲစိပ်ခင်မှာ သောက်ဆေးနဲ့အမျိုးမျိုးနဲ့ ကုကြည့်တယ်။ မပျောက်ဘူး။ ကျောကတည်ပျောက်ဆေးနည်းတွေကို စမ်းကြည့်တယ်။ မပျောက်ပြန်ဘူး။ လက်မလျှော့ပဲ နောက်ထပ်ကြိုးစားကြည့်ရာ ဒီနောက်ဆုံးနည်းနဲ့ သည်းခြေမှကျောက်ဟာ လုံးဝပျောက်သွားလို့ ခွဲစိပ်စရာမလိုတော့ပဲ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာပါတယ်။
သွေးကြောထုံးခြင်းကို သဘာဝနည်းနဲ့ကုမယ်
ဒီတစ်ခါ မိတ်ဆွေတို့ကို ပြောပြမယ့် ကျန်းမာရေးဗဟုသုတကတော့ သွေးကြောထုံးခြင်း၊ သွေးကြောဆုံခြင်းကို ခရမ်းချဉ်သီးဖြင့်ကုသနိုင်တဲ့ သဘာဝဆေးနည်းပဲ ဖြစ်ပါတယ်။ငွေကြေးတတ်နိုင်ပြီး ဆေးရုံဆေးခန်းကို အလွယ်တကူ တက်နိုင်သူတွေအတွက်တော့ ခေတ်မီဆေးကုထုံးများစွာ ရှိနေပေမယ့် ဆေးရုံနဲ့အလှမ်းဝေးသူများအတွက်တော့ ဒီသဘာဝကုထုံးဟာ တကယ်ကို အကျိုးရှိစေမှာပါ။
တိုင်းရင်းသားအားလုံးက မိမိတို့ ဘာလုပ်ပေးနိုင်မလဲဟူသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်ပါမှ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တိုင်းရင်းသားအားလုံးက မိမိတို့ဘာလုပ် ပေးနိုင်မလဲဟူသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်ပါမှ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နေပြည်တော်ကောင်စီနယ်မြေ ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ရ ရက် ညနေ ၅နာရီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံပွဲ တွင်ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြေခံပညာအဆင့် သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သဘောထား စစ်တမ်း သုံးလတစ်ကြိမ် ကောက်ယူမည်
အခြေခံပညာအဆင့် သင်ကြားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ သဘောထားစစ်တမ်း ဖြေဆိုခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင်၍ သုံးလတစ်ကြိမ် ကောက်ယူမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောကြား သည်။
ဗင်နီဇွဲလား ရွေးကောက်ပွဲ အတိုက်အခံအုပ်စု လွှတ်တော်နေရာ အများစု အနိုင်ရ
ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲတွင် အတိုက်အခံအုပ်စုက လွှတ်တော်နေရာ အများစု အနိုင်ရရှိကာ ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရို၏ နှစ် ၂၀ နီးပါး လွှမ်းမိုးမှုကို တော်လှန်ပစ်လိုက်ပြီဟု VOA သတင်းတွင် ဖော်ပြထားသည်။မဲပေးပွဲအပြီး ငါးနာရီအကြာတွင် အတိုက်အခံများက ၉၉ နေရာ၊ ဆိုရှယ်လစ် များက ၄၆ နေရာနှင့် အခြားပါတီများက ၂၂ နေရာ အနိုင်ရရှိသွားသည်ဟု ရွေးကောက်ပွဲကောင်စီက ကြေညာသည်။
မြန်မာနိုင်ငံ အစီရင်ခံစာထုတ်ပြန်ဖို့ EITI ပြင်ဆင်
ပွင့်လင်းမြင်သာမှုအပေါ်မှာ မေးခွန်းထုတ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် အစီရင်ခံစာ တစောင်ကို ဒီနှစ် မကုန်ခင် ထုတ်ပြန်သွားမယ်လို့ EITI (ခေါ်) သယံဇာတထုတ်ယူမှု ပွင့်လင်း မြင်သာမှု အဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံ စုစုနွေးကို ပြင်ဦးလွင်မှာ ရုံးထုတ်
လယ်သမားအရေး လှုပ်ရှားသူအဖြစ် ထင်ရှားတဲ့ မစုစုနွေးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာအာဏာပိုင်တွေ ဖမ်းဆီးသွားတာဟာ အသွင် ကူးပြောင်းဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ မဖြစ်သင့်တဲ့ လုပ်ရပ်တခုအဖြစ် တက်ကြွသူတွေက ပြောဆိုလိုက်ကြပါတယ်။ မနေ့တုန်းကပဲ လူ့အခွင့် အရေး ဟောပြောပွဲ တခုမှာ ပါဝင်နေချိန် ဖမ်းဆီးခံခဲ့ရတဲ့ မစုစုနွေးကိုတော့ မနေ့တုန်းကပဲ ပြင်ဦးလွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ
မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေကူသန်း ရောင်းဝင်ခွင့်ကို (၆)လတာခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့က ဖြေလျော့ပေးလိုက်ပါတယ်။
အရှိန်ပိုမြင့်လာနေတဲ့ ဖားကန့် ကျောက်စိမ်းလုပ်ငန်း
ဒီနှစ် ပွင့်လင်းရာသီမှာ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ဖားကန့်ဒေသဖက်ကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်းတူး ဖော်တာတွေကို အရင်နဲ့ မတူဘဲ အလွန်အကျွံတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိုင်းဆန္ဒပြသမား ၄ဝ နီးပါး ဖမ်းဆီးခံရ
လာဘ်စားမှု ဆန့်ကျင်ဆန္ဒပြမှုတရပ်ကို ထိုင်း စစ်အစိုးရက နှိမ်နင်းခဲ့ပြီး ကျောင်းသားနဲ့ အရပ်သား ၄၀ နီးပါးလောက်ကို ဒီကနေ့ ဖမ်းဆီးလိုက်ပါ တယ်။ဒီဆန္ဒပြသူတွေဟာ လာဘ်စားမှုတွေမှာ ပါဝင်ခဲ့တဲ့ အဆင့်မြင့်အရာရှိတွေရဲ့ ငွေနဲ့ ဆောက်လုပ်ထားတယ်လို့ စွပ်ဆွဲထားတဲ့ ကွယ်လွန်ခဲ့ပြီးတဲ့ ဘုရင် တွေကို ဂုဏ်ပြုထားတဲ့ ပန်းခြံစီကို သွားနေစဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရ တာပါ။
မိုင်းနောင် ပေါက်ကွဲမှု ဒဏ်ရာရ သံဃာတပါး ပျံလွန်တော်မူ
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေကြား စိုးရိမ်နေကြဆဲ ဖြစ်သလို၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ စစ်ဘေးဒဏ်ကနေ ထွက်ပြေးနေကြတဲ့ ဒုက္ခသည် ပြဿနာဟာလည်း ပိုမိုကြီးထွား လာနေပါ တယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့တဲ့ အထဲက သံဃာတော်တပါးဟာလည်း အခုနောက်ဆုံး ပျံလွန်တော်မူသွားပါတယ်။ ရှမ်းပြည်နယ်တွင်းက စစ်ရေး တင်းမာမှု နောက်ဆုံး အခြေအနေတွေကို တော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွမ်းအိမ် ကတင်ပြ ထားပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
























