ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ရပ်/ကျေးရုံးဆိုင်းဘုတ်နှင့် အလံတိုင်များကို ဇွန်လ ၂၁ ရက် ည ၈နာရီခွဲခန့်တွင် ဓားရှည်ကိုင် လူငယ်လေးဦးက လိုက်လံဖျက်ဆီး ခဲ့သည်ဟု နမ်စန်မြို့နယ် ဒီချုပ်ပါတီဥက္ကဌ ဦးနေဇော်နိုင် (ခ) ဦးအိုက်ပေါ ကအတည်ပြု ပြောကြားသည်။
Wednesday, July 22, 2015
နိုင်ငံရေး အကျဉ်းသားအရေး အစိုးရလုပ်ဆောင်ချက် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
နိုင်ငံရေးအကျဉ်းသားများဆိုသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အစီအစဉ် မရှိကြောင်း ပြောဆိုခြင်း သည် အစိုးရအနေဖြင့် ရှေ့နောက် မညီသည့် သဘောဆောင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။
မြန်မာပြည်သိန်းတန် မြန်မာပြည်တွင် အမြဲတမ်းနေထိုင်ခွင့် (PR) ပယ်ချခံရ
မြန်မာပြည်သိန်းတန် အပါအဝင် အခြားမြန်မာလူမျိုးတစ်ဦးနှင့် ဂျာမနီနိုင်ငံသားတစ်ဦးတို့၏ နိုင်ငံ တွင်း အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားမှုကို လဝက က ပယ်ချလိုက်ပြီး ရင်းနှီးမြှုပ်နှံသူနှင့်နိုင်ငံသား ဟောင်း ၁၃ဝ ကျော်ကို ယခု ရက်ထဲတွင် PR ခွင့်ပြုပေးလိုက် သည်ဟု သတင်းရရှိသည်။
NCA (၈)ကြိမ်မြောက် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၏ အဖွင့်စကား
မင်္ဂလာပါခင်ဗျား…
ဒီကနေ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် အချောသတ်ညှိနိုင်းနိုင်ရေး အတွက် ပြုလုပ်တဲ့(၈)ကြိမ်မြောက် အစည်း အဝေးပွဲကို တက်ရောက်လာကြတဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် NCCTမှ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ အလုပ်အဖွဲ့များ၊ပြည် ထောင်စုဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားပြု ကိုယ်စားလှယ်တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ လေ့လာသူအဖြစ် တက်ရောက် လာကြတဲ့ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်များ နဲ့ မီဒီယာမှ ပုဂ္ဂိုလ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။
ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် ဆက်သွယ် မေးမြန်းချက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့ အကြားတွင် ယခုလ ၂ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့အကြား အာရှ လမ်းမကြီးပေါ်တွင် တိုက်ပွဲ များ ၂ ပတ်ကျော် ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများတွင် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF) ကလည်း တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သည်။
မွေး/ရေ ၀န်ကြီးဌာနသို့ လုပ်ငန်းရှင် (၁၀) ဦးက ကျပ်သန်းပေါင်း နှစ်သောင်း ခြောက်ထောင် ပြန်လည်ပေးဆပ်ရန် ကျန်
မွေး/ရေ ၀န်ကြီးဌာနမှ ချေးပေးထားသည့် လုပ်ငန်းရှင် (၁၀) ဦး ထံမှ ကြွေးပေါင်း သန်း နှစ်သောင်း ခြောက်ထောင်ကျော်ရရန် ရှိပြီး ငွေများကို လုပ်ငန်းရှင်များက ပြန်လည် ရှင်းလင်းခြင်းမရှိသည့်အတွက် ယင်းလုပ် ငန်းရှင်များကို တရားစွဲဆိုထားသည့် အမှုပေါင်း (၅၁) မှုရှိပြီးကြွေးအများ ဆုံးရရန်ရှိသည့် လုပ်ငန်းရှင် (၁၀) ဦးကို မွေး/ရေ ဒုဝန်ကြီးက ယနေ့ လွှတ်တော်တွင် တင်ပြပြောဆိုခဲ့ သည်။
နိုင်ဂျီးရီးယားရှိ စစ်သွေးကြွများကို ချေမှုန်းရန် အကူအညီပေးမည်ဟု အိုဘားမား ကတိပြု
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဘိုကိုဟာ ရမ်အစ္စလာမ်မစ် စစ်သွေးကြွ နှိမ် နင်းရေးတွင် နိုင်ဂျီးရီးယားသမ္မတ မိုဟာ မက်ဒူဘူဟာရီကို အကူအ ညီပေးသွားမည်ဟု ကတိပြုခဲ့ သည်။အမေရိကန်သမ္မတ အိုဘား မားနှင့် နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီ တို့သည် ဇူလိုင် ၂၀ ရက် တွင် အမေရိကန်နိုင်ငံ အိမ်ဖြူ တော်၌ တွေ့ဆုံခဲ့ကြသည်။
အမေရိကန် တဒေါ်လာ ၁၃၀၀ ကျပ်နီးပါး အထိ ဈေးတက်ပြန်
ပြည်တွင်းငွေလဲလှယ်ရောင်းဝယ်ရေးဈေးကွက်တွင် အမေရိကန်တဒေါ်လာ မြန်မာကျပ်ငွေ ၁၃၀၀ အထိ ဈေးနှုန်းများ ထပ်မံ မြင့်တက်လာပြီး အရောင်းအ၀ယ် ကောင်းမွန်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မဲစာရင်းကြောင့် ရွေးကောက်ပွဲနေ့တွင် ပြဿနာ အရှာမခံနိုင်ဟု ဦးတင်အေးပြော
အမှားများနေသည့် မဲစာရင်းကြောင့် ရွေးကောက်ပွဲလုပ်သည့်နေ့တွင် ပြဿနာ အရှာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ၇ ကြိမ် မြောက် တွေ့ဆုံပွဲတွင် အထက်ပါအတိုင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
လေးပွင့်ဆိုင် သဘောတူညီချက်များနှင့် ကွဲလွဲနေသော ပညာရေး ဥပဒေ
အစိုးရက ပြင်ဆင် ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် လေးပွင့်ဆိုင် သဘောတူ လက်ခံ ထားသောအချက်များ မပါဝင်သည့် ပညာရေးဥပဒေ ဖြစ်နေကြောင်း တွေ့ရသည်။သပိတ်မှောက် ကျောင်း သားများ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာနတို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး သဘောတူ လက်ခံထားသော အချက်များ မပါ ၀င်သည့် ထိုဥပဒေကို ယခုနှစ် ဇွန်လကုန်ပိုင်းတွင် အစိုးရ အဖွဲ့က အတည်ပြု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲဝင်မည့် ၈၈ ကျောင်းသားများ NLD ပါတီ ကိုယ်စားလှယ် လောင်းအဖြစ် လျှောက်ထား
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းနှင့် မမီးမီးအပါအ၀င် ၆ ဦးမှာ ဧရာဝတီတိုင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီသို့ ၀င် ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများအဖြစ် လျှောက်ထားခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာသံတော်ဆင့် ဂျာနယ်အမှု ကျပ် သိန်း ၂၀ ဒဏ်ငွေ ပေးဆောင်ရန် အမိန့်ချ
သမ္မတ ဦးသိန်းစိန်အား အကြည်ညိုပျက်စေသည့် သတင်းရေးသားသည်ဟုဆိုကာ မြန်မာသံတော်ဆင့် ဂျာနယ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲဆိုထားသည့်အမှုကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် သိန်း ၂၀ ပေးဆောင် ရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
“အစိုးရဖွဲ့ဖို့ လူထုလက်ခံနိုင် လောက်အောင် ကြံစည်ထားတယ်”
၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သည် လတ်တလော လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရေး လုပ်ငန်းစဉ်များနှင့် အလုပ်များနေပြီဖြစ်သည်။ NLD ပါတီက ဆောင်ရွက်မည့် ရွေး ကောက်ပွဲ အောင်နိုင်ရေး ၊ တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအ နေ၊ သမ္မတလောင်း ရွေးချယ်မည့် အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီ အကြီးတန်းသတင်းထောက် မေစစ်ပိုင်က NLD ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဥာဏ်ဝင်း ကို ဆက်သွယ်မေးမြန်းထားပါသည်။
ကော်မရှင်၊ ပါတီ၊ ထွေအုပ်တို့ပါသည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ဖြင့် အငြင်းပွားမှုများ ဖြေရှင်းမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိ နှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှု များကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင် က မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို (၉) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ ဖြင့် မြို့နယ်သုံးခုမှ အမှုဖွင့်
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ဗကသကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ဇူလိုင် ၂၁ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် ကိုးကြိမ်မြောက်ရုံးထုတ်ခဲ့သည်။
အီရန်နျူကလီးယား သဘောတူညီမှု အကျိုးရလဒ် Kerry ချပြ
အီရန်နဲ့ရရှိခဲ့တဲ့ နိုင်ငံတကာ နျူကလီးယား သဘောတူညီမှု ရရှိရေးမှာ သမ္မတ အိုဘားမား အစိုးရရဲ့ ကြိုးပမ်းမှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ဒီသဘောတူညီမှုကို အကောင်အထည် ဖော်လာနိုင်ရင်တော့ ကမ္ဘာကြီးအနေနဲ့ ပိုမို စိတ်ချလုံခြုံ လာပြီး အမေရိကန်နဲ့ အီရန်တို့အကြား တခြားအခွင့် အလန်းတွေ ပွင့်လာနိုင်မယ်ဆိုတာကို သံသယရှိနေ တဲ့ အထက်လွှတ်တော် အမတ်တွေကို နားချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အဖမ်းဆီးခံ အမေရိကန် ၄ ဦး ပြန်လွှတ်ပေးဖို့ အိုဘားမား အီရန်ကို တောင်းဆို
အီရန်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား (၃) ယောက်ကို ပြန်လွှတ်ပေးဖို့အပြင် နိုင်ငံအ တွင်းမှာ ရှိနေတယ်လို့ ယုံကြည်ရသူ စတုတ္ထမြောက် အမေရိကန် နိုင်ငံသားကိုလည်း ကူညီရှာဖွေပေးဖို့ အမေရိကန် သမ္မတ Barack Obama က အင်္ဂါနေ့မှာ တောင်းဆိုလိုက် ပါတယ်။
အီရန်သဘောတူညီမှုမျိုး မြောက်ကိုရီးယား စိတ်မ၀င်စား
မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယား စွမ်းဆောင်နိုင်ရည်ကို လက်လျှော့ရေး အဖြေရှာဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ္ဘာ့အင် အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ရရှိခဲ့တဲ့ သဘောတူညီမှု မျိုးရအောင် ညှိနှိုင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားအနေနဲ့ စိတ်မ၀င်စားဘူးလို့ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲ အတွက် မဟာမိတ် နည်းဗျူဟာ ဘယ်လို ကျင့်သုံးကြမလဲ
တစ်ဖွဲ့က၀င်မယ့် မဲဆန္ဒနယ်မြေကို တစ်ဖွဲ့က ရှောင်ရှားပြီး ပြည်နယ် တစ်ခုလုံးမှာ နှစ်ဖွဲ့ စုပေါင်း မဲဆွယ် စည်းရုံးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် NLD ထောက်ခံသူနဲ့ မဟာမိတ် တိုင်းရင်းသားပါတီ ထောက်ခံသူတွေ မဲမကွဲပြားပဲ အနိုင်ရဖို့ သေခြာသလောက် အခြေအနေ ဖန်တီးနိုင်ပါတယ်။
အပစ်ရပ်သဘောတူညီချက် အပြီးသတ်နိုင်ဖို့ မျှော်မှန်း
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က သဘောထား မျှော်လင့်ချက် ရှိနေပါတယ်။
တရုတ်နိုင်ငံတော်သမ္မတ နှင့် အမေရိကန်သမ္မတ တို့မှ အီရန် နျူကလီးယား သဘောတူညီမှု နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတို့ နှင့် ပတ်သက်၍ ဖုန်းပြောကြား
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၂၁ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား နှင့် ဖုန်း ပြော ကြားခဲ့သည်။ ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ဆက်ဆံရေးသည်တိုးတက်မှု ကောင်းမွန် လျက်ရှိပြီး နှစ်နိုင်ငံ ကူးလူးဆက်ဆံရေးကို ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်း ဆောင် ရွက်မှုများကို တွန်းအားပေး သွားကာ အရေးကြီး ကိစ္စရပ်များ ၊ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များ တွင် အနီးကပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှု ကိုထိန်းသိမ်း သွားရန် လိုအပ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှု ကြောင့် ၇ ကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့်စီးပွားရေး ဆွေးနွေးပွဲ နှင့် ၆ ကြိမ် မြောက် တရုတ်-အမေရိကန် ယဉ်ကျေးမှု ဖလှယ်ရေး ဆွေးနွေးပွဲ တို့မှ အရေးကြီးသော အောင်မြင်မှု များရရှိခဲ့ကြောင်း ၊ အမေရိကန် သမ္မတ ၏ ဖိတ်ကြားချက်အရ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
နိုင်/ကျဉ်း အဓိပ္ပါယ် သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရလုပ်ရပ် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
“နိုင်ငံရေးအကျဉ်းသား” အဓိပ္ပာယ်သတ်မှတ်ချက်အပေါ် အစိုးရ၏ လုပ်ရပ်သည် ရှေ့နောက် ညီညွတ်မှု မရှိဟု ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည်နေထိုင်ခဲ့ရသူ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။
စစ်ရှောင် ဒုက္ခသည် ၁၄၀၀ ကျော် KIA စောင့်ရှောက်ထား
အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့၏ ကချင်ဒေသ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံဒုက္ခသည် ၁၄၀၀ ကျော်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း KIA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ပြောသည်။
ရွေးကောက်ပွဲနောက်ဆုတ်ပေးရန် ပါတီတချို့ ကော်မရှင်ထံ တင်ပြဆွေးနွေး
မဲစာရင်းမှားတဲ့ကိစ္စတွေကို မှန်ကန်အောင်မလုပ်နိုင်သေးတဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ပါတီတချို့က တင်ပြထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ ရွေးကောက် ပွဲ ကျင်းပမယ်လို့ ပြောဆိုလိုက်ပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-




























