Thursday, June 04, 2015

ဦးထင်လင်းဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလတောင်းဆို


သာသနာညှိုးနွမ်းစေမှုနဲ့ စာရေးဆရာ ဦးထင်လင်းဦးကို မြန်မာအစိုးရက ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း UNHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရဆဲ စနိုးဒင် နော်ဝေမှချီးမြှင့်သည့် လွတ်လပ်စွာဖော်ပြခွင့်ဆု ရရှိ


ပြီးခဲ့သည့် အင်္ဂါနေ့က ယခင်အမေရိကန် လုံခြုံရေးကန်ထရိုက်တာဟောင်း အက်ဒွပ် စနိုးဒင်မှာ နော်ဝေနိုင်ငံမှ ချီးမြှင့်သည့် လွတ်လပ်စွာဖော်ပြခွင့်ဆုကို ရရှိခဲ့ပြီး၊ ပြည်နှင်ဒဏ်ခံနေရာမှ ထွက်ခွာလာပြီး လူကိုယ်တိုင် ဆုလက်ခံယူရန်လည်း ကမ်းလှမ်းခံခဲ့ရသည်။

တရုတ်က နယ်စပ်တွင် စစ်ရေးဆက်လက်လေ့ကျင့်


မြန်မာ-တရုတ်နယ်စပ် ၌ နှစ်ရက်ကြာမြင့်လာခဲ့ပြီဖြစ် သည့် တရုတ်တပ်မတော်၏ စစ် ရေးလေ့ကျင့်မှုတွင်လေတပ်၊ အ မြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ မစ်ဆိုင်းလ်ဒုံးကျည်နှင့် ရေဒါ တပ်အစရှိသည်တို့ ပါဝင်ပစ်ခတ် လေ့ကျင့်နေကြကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ဖော် ပြသည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီအရေး ပုသိမ်မြို့တွင် ရဟန်းရှင်လူ တစ်သောင်းကျော် ဆန္ဒပြ


မဘသအ ဖွဲ့ချုပ်က ဦးဆောင်၍ ပုသိမ်မြို့တွင် ဇွန်လ ၃ ရက် နေ့လယ်၌ လှေစီးဒုက္ခသည် အမည်ခံ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းနှင့် ပြည်သူတစ်သောင်းကျော် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ကိုယ့်ဖဲကိုယ်ချိုး ပြည်ခိုင်ဖြိုး



မေလ ၂၇ ရက်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဖုန်းဘီလ်မှ အခွန် ၅ ရာခိုင်နှုန်းကောက်ခံရေးကို ယခုဘဏ္ဍာရေးနှစ်အတွင်း မကောက်ခံရေး ဆိုင်းငံ့ရန်အဆိုအား အတည်ပြုလိုက်သည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် လပိုင်းမျှသာလိုတော့သည့် အချိန်တွင် အစိုးရအဖွဲ့က ဖုန်းဘီလ်များပေါ်တွင် အခွန်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ယခုဘဏ္ဍာနှစ်အတွင်း ကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ရန် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ 

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၏ သဘောထားထုတ်ပြန်ကြေညာချက်

လှေစီးဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ စာရေးသားပေးပို့



*** မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ကြရန်။

Wednesday, June 03, 2015

ကိုးကန့်ကို ပြည်ပရန်သူအဖြစ် မဆက်ဆံသင့်ဟု ယူအန်အက်ဖ်စီပြော


အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ကို ပြည်ပရန်သူလို မဆက်ဆံသင့် ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာ မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ထိပ်သီးခေါင်းဆောင် တွေရဲ့အစည်းအဝေး ဒုတိယနေ့အဖွင့်မိန့်ခွန်းမှာ အခုလို ပြော
ကြားလိုက် တာပါ။

တောင်ငူမြို့နယ်ထဲက ကေတီဗွီဆိုင်ရှေ့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွား



ကြံ့ခိုင်ရေးပါတီကို ဦးရွှေမန်း ဦးဆောင်မှုအပေါ် အမြင်များ

   


NCA စာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးရန် UN တိုက်တွန်း


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင်ရန် ကုလသမဂ္ဂ(UN) အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေနမ်ဘီယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။

မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှု ၂ နိုင်ငံဆက်ဆံရေး မထိခိုက်ဟုဆို


တရုတ်-မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်တွင် တရုတ်စစ်တပ်၏ မြေပြင်၊ ဝေဟင် စစ်ရေး လေ့ကျင့်မှုများ ပြု လုပ်နေမှု များသည် မြန်မာနှင့်တရုတ် ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် H.E Mr. Sun Guo Xiang က မီဒီယာများသို့ ပြောသည်။

လော်ခီးလာတိုင်းရင်းသား ညီလာခံစတင်- NCA မူကြမ်း သဘောထားရယူဖို့ အဓိကဟု KNU ဥက္ကဌပြော



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို ကေအန်ယူ ထိန်းချုပ် နယ်မြေရှိ လော်ခီးလာ ဒေသတွင် ယမန်နေ့ ဂျွန်လ ၂ ရက်နေ့က စတင် ကျင်းပရာ အပစ်အခတ်ရပ်စဲရန်နှင့် ပဋိပက္ခ လျှော့ချရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့် လိုလားချက်များအပြည့်အ၀ရမည်ဟု မမျှော်မှန်းရန် KNU ဥက္ကဌ ကသတိပေးပြောဆိုလိုက်ပါသည်။

ကေဒါ တပ်သား အင်အား ၁၅၀၀ ကျော် RCSS/SSA ဌာနချုပ်၌ စစ်သင်တန်းဆင်း



နိုင်ငံရေးအတွေ့အကြုံမရှိ၍ ရွေးကောက်ပွဲဝင်ဦးမည်မဟုတ်ဟု ဦးကျော်သူ ငြင်းဆို


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံရေးအတွေ့ အကြုံမရှိသေး ခြင်းကြောင့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် ဦးမည်မဟုတ်ဟု ဇွန် ၂ရက်က ငြင်း ဆိုလိုက်သည်။

တယ်လီဖုန်းမှတ်တမ်း အစိုးရစုဆောင်းခွင့် လွှတ်တော်အဆုံးသတ်


အကြမ်းဖက် တိုက်ခိုက်မှု ကာကွယ်နိုင်ရေးမှာ အသုံးချဖို့အတွက် အမေရိကန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနေတဲ့ တယ်လီဖုန်း မှတ်တမ်းတွေ စုဆောင်းနေမှု အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော်က အင်္ဂါနေ့မှာ အရေးယူ ဆောင်ရွက်လိုက်ပြီ ဖြစ်ပါ တယ်။

ကင်းလှည့်သင်္ဘော ဝယ်ယူရေး ဗီယက်နမ်ကို ဒေါ်လာ ၁၈ သန်းကူမည်


ဗီယက်နမ်နိုင်ငံရဲ့ ရေတပ်ကာကွယ်ရေးစွမ်းရည် ပိုမိုတိုးတက်ကောင်း မွန်လာရေးအတွက် အမေရိကန်လုပ် ကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့် ရေယာဉ်တွေ ဝယ်ယူနိုင်ရေးဒေါ်လာ (၁၈)သန်းကူညီမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter ကပြောဆိုလိုက်ပါတယ်။

ဘင်္ဂါလီ ၇၀၀ ကျော်ပါ သင်္ဘောကို မြန်မာရေတပ်က ဘင်္ဂလားရေပိုင်နက် ထဲသို့ လိုက်လံ ပို့ဆောင်


လှေစီးဒုက္ခသည် ဘင်္ဂလီ ၇၂၇ ယောက်ပါ သင်္ဘောတစီးကို မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောကို လွန်ခဲ့သော ၄ ရက်က ကပ္ဗလီပင်လယ်အတွင်း တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး က ပြောသည်။

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် နိုင်ငံပေါင်းစုံပူးပေါင်းတပ်များ စစ်ဆင်ရေး စတော့မည့်


အနောက်အာဖရိက ချဒ်၊ နိုင်ဂျာနဲ့ကင်မရွန်းနယ်စပ်တွေ ထိစပ်နေတဲ့ လိက်ချဒ်ဒေသမှာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဆင်ရေး စတင်တော့မယ်လို့ နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇွန် ၂ ရက်က ပြောဆိုလိုက်ပါတယ်။

ထိုင်းတွင် နေအိမ်အသိမ်းခံရသည့် နိုင်ငံခြားသားမိသားစု လမ်းပိတ်ဆို့ ဆန္ဒပြ


ထိုင်းနိုင်ငံမှာ နေအိမ်အသိမ်းခံရသလို ရှေ့နေတွေရဲ့ ညာစားမှုကိုပါခံရ တယ်ဆိုတဲ့  အိုင်ယာလန်နိုင်ငံသား သားအဖ ၃ ဦးဟာ ဘန်ကောက်မြို့ ဖရလမ်း – ၁ ပေါ်မှာ ဇွန်လ ၂ ရက်နေ့က ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် ပထမဆုံးအကြိမ် လူ ၂ ဦးသေ

  
တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်ခံရသူ ၂၅ ဦးထဲက ၂ ဦး ဇွန် ၁ ရက်နေ့က သေဆုံးသွားပြီဖြစ်လို့ တောင်ကိုရီးယားမှာ  မားစ်ရောဂါနဲ့ ပထမဆုံး သေဆုံးမှု ဖြစ်လာပါတယ်။ အရှေ့အလယ်ပိုင်းကနေကူးစက်ခံလာရသူ တောင်ကိုရီးယား အမျိုးသားတဦးနဲ့ ထိတွေ့ခဲ့တဲ့ ၅၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၇၁ နှစ်အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့ကြတာပါ။

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားတဦး ရေခဲစက်တွင်း ပြုတ်ကျသေဆုံး


ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ မြန်မာရွှေ့ ပြောင်း အလုပ်သမား တဦး ရေခဲစက်ထဲပြုတ်ကျသေဆုံးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ဇွန်လ ၂ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က မဟာချိုင်မြို့က ဆဲမ်ရေခဲ စက်ရုံမှာ အလုပ်သမား တစ်ဦး မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်ကြည့် ရှုရာမှာ စတုရန်းတစ်မီတာလောက်ကျယ်တဲ့ ရေခဲကြိတ်စက် တခုအတွင်း နာကျင်စွာအော်ဟစ်အကူအညီတောင်းနေတဲ့ အလုပ်သမားတဦးကို တွေ့ရှိ ခဲ့တယ်လို့ ဆမွတ်ဆာခွန်းရဲစခန်းတာဝန်ကျ စခန်းမှူး ဖုန်းဖိဖတ် လိခစ်ယိုး ထင်းက သတင်းထောက်တွေကို ပြောပါတယ်။

မဲစာရင်း မှားယွင်းမှုများအတွက် ရွေးကောက်ပွဲကော်မရှင် ၀န်ခံ

  
နေပြည်တော်ကောင်စီ အပါအ၀င် မြို့နယ်တချို့မှာ လတ်တလော ကြေညာထားတဲ့ မဲစာရင်းတွေဟာ အခြေခံမဲစာရင်းတွေ ဖြစ်တဲ့အတွက် အမှားအ ယွင်းတွေ ရှိနေတာလို့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ၀န်ခံပြောကြားလိုက်ပါတယ်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့် ရွေးချယ်မည်ဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့်သာ ရွေးချယ်သွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှုစတင်


တရုတ်မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်ဒေသတွင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ရဲ့ ဝေဟင်နဲ့ မြေပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဒီကနေ့ စတင်လိုက်ပြီဖြစ်ပါတယ်။မြန်မာတပ်နဲ့ကိုးကန့်တပ်ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တရုတ်နယ်မြေထဲအထိ လက်နက်ကြီးကျခဲ့လို့ တရုတ်နိုင်ငံသားအချို့သေဆုံးခဲ့ရသလို နယ်စပ်လုံခြုံရေး ထိခိုက်ခဲ့ရတဲ့အတွက် တရုတ်အစိုးရဘက်က မြန်မာအစိုးရဘက်ကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်ပြီးတဲ့နောက် အခုလို စစ်ရေးလေ့ကျင့်မှုကို တရုတ်ဘက်က လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ 

My Blog List