မြန်မာသူနာပြု စနိုင်နိုင်ထွန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီက ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင့်လိုက်တယ်လို့ မြန်မာကြက်ခြေနီ အသင်းက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းဘေးဒဏ်ခံရသူတွေကို သူနာပြု စနိုင်နိုင် ထွန်းက သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်ခဲ့ တာကြောင့် ဒီဆုကို ရရှိတာလို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက ပြောပါတယ်။
Wednesday, May 13, 2015
နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် မြန်မာသူနာပြု နိုက်တင်ဂေးဆုရ
မြန်မာသူနာပြု စနိုင်နိုင်ထွန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီက ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင့်လိုက်တယ်လို့ မြန်မာကြက်ခြေနီ အသင်းက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းဘေးဒဏ်ခံရသူတွေကို သူနာပြု စနိုင်နိုင် ထွန်းက သက်စွန့်ကြိုးပမ်း ကူညီကယ်ဆယ်ခဲ့ တာကြောင့် ဒီဆုကို ရရှိတာလို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက ပြောပါတယ်။
နီပေါငလျင်ကြောင့် ၅၀ ကျော် သေဆုံး
နီပေါနိုင်ငံအတွင်း မေ ၁၂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ ၆.၂ ရှိတဲ့ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က အင်အား ရစ်ချတ်တာစကေးလ် ၈.၁ ရှိတဲ့ ငလျင်လှုပ်အပြီး ရှင်သန် ကျန်ရစ် သူတွေဟာ ယာယီတဲတွေထဲမှာပဲ ရှိနေဆဲပါ။
လောက်ကိုင်ဒေသ တိုက်ပွဲပြင်းထန်
ရှမ်းပြည်နယ်၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသဖက်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်တပ်မတော် တပ်ပေါင်းစု အဖွဲ့တွေနဲ့ ဒီကနေ့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့နယ် အတွင်း မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား တပ်ပေါင်းစုတွေအကြား ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားခဲ့တယ်လို့ (MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။
အမျိုးသမီးအရေး မြန်မာထိပ်တန်းတင်ဖို့ ကန်အထူးသံ Russell လိုလား
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell က မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အမြန်ဆုံး ဖြေရှင်းကိုင်တွယ်သင့် တဲ့ ကိစ္စတခုဖြစ်တယ်လို့ ခရီးစဉ်မတိုင်ခင် ပြောကြားခဲ့ပါတယ်။
မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့ ထားဝယ်စီးပွားရေးဇုန် လက်မှတ်ထိုးမည်
မြန်မာနိုင်ငံတောင်ဘက်ခြမ်း ထားဝယ်မှာ အထူးစီးပွားရေးဇုန် ပူးတွဲတည်ထောင်ဖို့အတွက် ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ လာမယ့် ဇူလိုင်လထဲမှာ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးကြ လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့သိရကြောင်း The Japan News Online သတင်းစဉ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဘင်္ဂါလီများကို တဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ရေလမ်းခရီးမှ ခေါ်ဆောင်လာသူများ အဖမ်းခံရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ၁၄ ဦးကို တဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ရန်ကုန်မြို့သို့ ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်မှတဆင့် ခေါ်ဆောင်လာသူများကို နယ်မြေခံ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
အဖွဲ့စုံပါဝင်သည့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး သဘောထား အပြည့်မရ
ရန်ကုန်မြို့
Inya Lake Hotel တွင်ကျင်းပခဲ့သော “ငြိမ်းချမ်းရေး နှင့် အမျိုးသား
ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ” တွင် “ငြိမ်းချမ်းရေး နှင့်
အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်းအဖွဲ့” (Coordination
Team for Peace and National Reconciliation) ကို ဖွဲ့စည်းရန် သဘောထား
တောင်းခံ ရာတွင် နိုင်ငံရေးပါတီ ၄ ပါတီနှင့် လက်နက်ကိုင် အဖွဲ့တဖွဲ့က
သဘောထား မပေးခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်နေသည့် ၃ ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမည့် အခြေအနေ မရှိဟုဆို
အစိုးရနှင့် တိုက်ပွဲများ ဖြစ်နေသည့် မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာအစိုးရသို့ ထပ်မံကမ်းလှမ်းမည့် အခြေအနေ မရှိကြောင်း ပြော ဆိုကြသည်။
၂၀၁၅ လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားဟု U-20 နည်းပြချုပ် ပြော
မြန်မာ့အားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ထားသည့် U-20 မြန်မာလူငယ် လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် အားနည်းချက်များ ရှိနေသော် လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း U-20 နည်းပြချုပ် မစ္စတာ ဂက်ဆီဇီက ပြောဆို သည်။
ဆင်းရဲမှုပပျောက်ရေးလုပ်ဆောင်ဖို့ သမ္မတ အိုဘားမားတိုက်တွန်း
အမေရိကန်ပြည်သူတွေအနေနဲ့ ဆင်းရဲမှုကျဆင်းရေးကို အခုထက်ပိုပြီး လုပ်ဆောင်ကြဖို့နဲ့ လူချမ်းသာတွေနဲ့ လူလတ်တန်းစားကြား ဆင်းရဲ - ချမ်းသာ ကွာဟမှု ကြီးနေတာကို ပိုနည်းသွားအောင် လုပ်ဖို့ သမ္မတ အိုဘားမားက အမေရိကန် ပြည်သူလူထုကို အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသမ္မတ ပူတင်နဲ့တွေ့
ယူကရိန်း၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Valdimir Putin နဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါ့အပြင် အခုဆွေးနွေးမှုဟာ ဆက်လက် ဆက်သွယ် ဆက်ဆံနေဖို့အတွက်လည်း အရေးပါတယ်လို့ ပြောပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလဝါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံလိုဟုဆို
မြန်မာ့ အထူးစီးပွားရေးဇုန် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလ၀ါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာကို ဖြေကြားသည်။
သွင်းကုန်အပေါ် အခွန်နှစ်မျိုး တိုးကောက်နိုင်ရေး ဇွန်လအတွင်း ဥပဒေကြမ်း တင်သွင်းရန် လွှတ်တော် နာယက ပြော
ပြည်တွင်း စီးပွားလုပ်ငန်းများ ပိုမို တိုးတက်လာနိုင်စေရန် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များအပေါ် Anti Dumping Tax နှင့် Safe Guard Tax များကို ဥပဒေပြဋ္ဌာန်း ကောက်ခံသွားမည်ဆိုပါက လာမည့် ဇွန်လအတွင်း အဆိုပါ ဥပဒေကြမ်းကိုလွှတ်တော်သို့ တင်သွင်းကြရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မေ ၁၁ ရက်က ပြန်လည်ကျင်းပသောပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်း အဝေးတွင် ပြောသည်။
ဒေါ်မိစုပွင့်နှင့် တွေ့ဆုံမေးမြန်းခြင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ဗဟို ဦးဆောင်ကော်မတီဝင်၊ မဟာမိတ် ဆက်ဆံရေးတာဝန်ခံ (ရန်ကုန်)၊ မြန်မာ အမျိုးသမီးသမဂ္ဂ၊ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာ)၊ အကြံပေးအဖွဲ့ဝင်၊ ဒေါ်မိစုပွင့်ကို မေလ ၉ ရက် အင်းယားလိတ် ဟိုတယ်တွင် ကျင်းပ သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အကြောင်းအ ရာနှင့် ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်။
ပညာရေးဥပဒေကြမ်း ဆွေးနွေးရာတွင် ကျောင်းသားသမဂ္ဂများ အမှိုက်ကောက် ဂိတ်စောင့်ရမှာလားဟု မေးခွန်းထုတ် ဆွေးနွေး
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို တရားဝင်ဖွဲ့စည်းခွင့် ပြုလိုက်သော်လည်း လုပ်ပိုင်ခွင့်တာဝန်များကို ပယ်ဖျက်သည့်အ တွက် ကျောင်းသားသမဂ္ဂ အမှိုက်ကောက် ဂိတ်စောင့် လုပ်ရမည်လားဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်က မေးခွန်းထုတ်လိုက်သည်။
အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသည့် မြန်မာရေလုပ်သားခြောက်ဦး ပြန်လည်ရောက်ရှိ
အစိုးရအဖွဲ့ ပေးပို့လာသည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းသည် သတင်းမီဒီယာ အပေါ် ချုပ်ကိုင်လွှမ်းမိုးမှုများရှိနေသော ကြောင့် လွတ်လပ်သည့်ဥပဒေ ကြမ်းတစ်ခုဖြစ်စေရန် ဥပဒေကြမ်း ပါ အချက်များကိုတစ်ချက်ချင်းပြန်လည် စိစစ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
ရတနာပုံတက္ကသိုလ် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ရန် ခြံစည်းရိုးကာရံမှု တားမြစ်သည့်အမျိုးသမီး လေးဦးဖမ်းဆီးခံရ
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ်အနီး မျက်နှာချင်းဆိုင်ရှိ မြေနေရာကို ရဲတပ်ဖွဲ့၊ စည်ပင်သာယာနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ခြံစည်းရိုးကာရံစဉ် တားမြစ်သည့် အမျိုးသမီးလေး ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
အသက်မပြည့်သေးသည့် သပိတ်မှောက်ကျောင်းသားတစ်ဦးအား အာမခံဖြင့်ပြန်လွှတ်
သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည်သပိတ် မှောက်ကျောင်းသားနှင့် ၀န်းရံ ပြည်သူများအနက် အသက်(၁၈)နှစ်မပြည့်သေးသည့် ဒသမတန်း ကျောင်းသားတစ်ဦးအား သာယာဝတီမြို့နယ်တရားရုံး မေလ ၁၂ရက်တွင်ပြုလုပ်သည့် သတ္တမအကြိမ်မြောက်ရုံးချိန်း၌အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရ ရှိသည်။
တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ရေတပ်စခန်းသစ်တစ်ခု အရေးတကြီး လိုအပ်လာဟု ဖိလစ်ပိုင် စစ်ဦးစီးချုပ်ဝန်ခံ
တရုတ်နှင့် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ကြီးထွားနေချိန်တွင်
နိုင်ငံ၏အနောက်ဘက် ကမ်းခြေ၌ ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရေးသည် အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ် လာကြောင်း ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ဖွင့်ဟ ပြောကြားလိုက်သည်။
ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ ဟိုပုံးမြို့တွင် ဒုတိယအကြိမ်ကျင်းပမည်
မြန်မာနိုင်ငံရှိဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဖွံ့ ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘုန်း တော်ကြီးသင် ပညာရေးညီလာခံကို ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် ဒုတိယအကြိမ် ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိ သည်။ အခြေခံပညာသင်ကြားနေ သော တစ်နိုင်ငံလုံးရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၏ ကျောင်းအုပ်ဆရာတော် ၁,၆၀၀ ခန့်အား မေလ ၁၉ မှ ၂၁ ရက်အထိ ကျင်းပမည့် ညီလာခံသို့ဖိတ် ကြားထားကြောင်း ညီလာခံကိုကူ ညီထောက်ပံ့ပေးမည့် ပါရမီစွမ်း အင်ကုမ္ပဏီကဆိုသည်။
အစိုးရအလုပ်ခေါ်ရာတွင် နေ့တက်၊ အဝေးသင်ဘွဲ့ရခွဲခြားခေါ်ယူခြင်းမရှိဟုဆို
အစိုးရ၀န်ကြီးဌာ နများအတွက် ၀န်ထမ်းအလုပ် ခေါ်ယူရာတွင် အဝေးသင်တက္ကသိုလ်ဘွဲ့နှင့် နေ့ကျောင်း တက်တက္ကသိုလ်ဘွဲ့ဟူ၍ ခွဲခြားသတ်မှတ်ခေါ်ယူခြင်းမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ က မေလ ၁၂ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော်တွင်ပြော ကြားသည်။
Tuesday, May 12, 2015
မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းရဲများ၏ မတရားလုပ်ရပ်များ ထိုင်းထိပ်တန်းသတင်းဌာနများဖြစ်သည့် Channel 3 နှင့် Channel 8 တို့ ဖော်ထုတ်
ထိုင်းရဲများ၏
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် မတရားလုပ်ရပ် များအား အုပ်
ချုပ်သူများသိစေရန် ထိုင်းနိုင်ငံ၏ ထိပ်တန်းရုပ်သံလိုင်းသတင်းဌာနများ
ဖြစ်သည့် Channel 3 နှင့် Channel 8 တို့မှ ဖော်ထုတ် ရိုက်ကူး ခဲ့ကြောင်း
သိရသည်။
ထိုင်းလူပွဲစားများ တောထဲတွင် ပစ်ထားခဲ့သည့် မြန်မာ ၄၆ ဦးကို ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ရှိ
လူကုန်ကူးခံရပြီး အစာရေစာ ပြတ်လပ်နေသည့် မြန်မာ ၄၆ဦးအား Chumphonနယ်မြေ တောစပ်အ နီး တောင်ကြားတွင် ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ ရှိသဖြင့် ကယ်တင်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင် Chumphon နယ်မြေ တောစပ်တွင် လူကုန်ကူးသူများမှ တောထဲ တွင် ပစ်ထားခဲ့သဖြင့် အစာ ရေစာပြတ်လပ်ကာ နီးစပ်ရာရွာများသို့အစားအစာများလာရောက် တောင်းခံခဲ့ ချိန်တွင် ရွာသူကြီးမှ ထိုင်း လုံခြုံရေးတပ်ဖွဲ့သို့သတင်းပို့ခဲ့ခြင်း ကြောင့် မေ ၈ ရက်တွင် မြန်မာနိုင်ငံ သား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုထပ်မံကာ အဆိုပါတောအတွင်း သို့ ထိုင်းအာဏာပိုင်များမှ လူအင် အားသုံး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အစာ ရေစာပြတ်လပ်ကာ ဒုက္ခရောက်နေ ကြသည့် မြန်မာနိုင်ငံသား အမျိုး သား ၄၁ ဦးနှင့် အသက် ၁၂ နှစ်မှ ၄၄ နှစ်အတွင်းရှိအမျိုးသမီး ခြောက် ဦးတို့ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်း သတင်းဌာန၏ ဖော်ပြချက်အရ သိ ရသည်။
လူထုဆန္ဒရယူရန် ကရင်နီညီလာခံ ကျင်းပမည်
ကယား (ကရင်နီ) ပြည်နယ်ထဲက အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ညီလာခံကြီး တခု လာမယ့်လပိုင်းအတွင်း ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) ကပြောပါတယ်။ ဒီညီလာ ခံမှာ ပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားလုံး ပါဝင်မှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပြည်နယ်ကိုယ်စားပြု ဘုံ သဘောတူညီချက်ရယူဖို့ ရည်ရွယ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့် က ဒီဗွီဘီကို ပြောပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


























