ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာရေး တားမြစ်ထားသည့် သဘောနှင့် ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများနှင့်အတိုက်အခံပါတီက ပြင်ဆင်ရေးဆွဲရမည်ဟု တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံအာဏာကို ဦးဆောင်နေသူ နိုင်ငံအကြီးအကဲများကမူ စိတ်လိုလက်ရ တွန်းအားပေးမဆောင် ရွက်သေးပါ ။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားလက်မှတ်ကောက်ခံရာ လူဦးရေမှာ သန်း ၆၀ တွင် ၅ သန်းသာရှိသည်ဟု အာဏာပိုင်များက သတ်မှတ်ပြောဆို သည်။
Saturday, April 11, 2015
ဘယ်နှပွင့်ပဲဆိုင်ဆိုင် ရိုးသားပွင့်လင်းစွာဆွေးနွေးဖို့သာ အဓိက
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာရေး တားမြစ်ထားသည့် သဘောနှင့် ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများနှင့်အတိုက်အခံပါတီက ပြင်ဆင်ရေးဆွဲရမည်ဟု တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံအာဏာကို ဦးဆောင်နေသူ နိုင်ငံအကြီးအကဲများကမူ စိတ်လိုလက်ရ တွန်းအားပေးမဆောင် ရွက်သေးပါ ။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားလက်မှတ်ကောက်ခံရာ လူဦးရေမှာ သန်း ၆၀ တွင် ၅ သန်းသာရှိသည်ဟု အာဏာပိုင်များက သတ်မှတ်ပြောဆို သည်။
တရုတ်နှင့် တောင်ကိုရီးယားက ငွေကြေးများကို တန်ဖိုးမြှင့်သင့်ပြီဟု အမေရိကန် ပြောကြား
တရုတ်နှင့် တောင်ကိုရီးယား အစိုးရများသည် ၎င်းတို့၏တန်ဖိုးချထားသော ငွေကြေးများကို ကာကွယ် ရန် ဈေးကွက်များတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ပြီး ငွေတန်ဖိုးများကို မြင့်တက်စေ သင့် ပြီဖြစ် ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၉ ရက် ကပြော ကြားခဲ့သည်။
တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တိဘက်သီလရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ
ဒလိုင်လာမား ကိုထောက်ခံပြီး ဟိမဝန္တာဒသပေါ်တွင် တရုတ် အုပ်ချုပ်မှုကို ဆန့်ကျင် သည့်အနေဖြင့် ကိုယ့်ကိုယ် ကိုယ်မီးရှို့ ခဲ့သော တိဘက်သီလရှင် တစ်ဦး သည်သေဆုံး သွားပြီဟု ယုံကြည်ရကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် မီဒီယာများ ကဖော်ပြခဲ့သည်။
အပစ်ရပ် စာချုပ်မူကြမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက်များကို UWSA ဌာနချုပ် တွင်ဆွေးနွေးမည်
အပစ်ရပ်စာချုပ်မူကြမ်း ၊ပြည်တွင်းနိုင်ငံရေး အခြေအနေ များနှင့်
ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တို့၏ လိုလားချက်များနှင့် ပတ်သက် သည့်ဆွေးနွေးပွဲ တစ်ခုကို UWSA "၀" သွေးစည်း ညီ ညွတ်ရေး
တပ်မတော်ဌာနချုပ် ပန်ဆန်းဒေသတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသား
အဖွဲ့အချို့ ထံမှ သိရသည်။
DKBA ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်ပေး
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖော ဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
ကျောင်းသားများ တောင်းဆိုချက်တွင် လက်ရှိအစိုးရ ဖြုတ်ချရေး မပါဝင်သော်လည်း အစိုးရက အမှုများ ဆင်ကာ ဖမ်းဆီး ထောင်ချလျက်ရှိဟု ဆို
လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံရပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းတွင် ကျောင်းသား သပိတ် ကိုယ်စားပြုစစ်ကြောင်း ချီတက်ခြင်းနှင့် ပတ်သက်ပြီး ယင်းတွင်ပါဝင်ခဲ့သည့်ဗကသခေါင်းဆောင် ကျော်ကို ကို ၊ နန္ဒစစ်အောင် နှင့် ပိုပို အပါအ၀င် ၆ဦးအား ကမာရွတ်မြို့နယ် ရဲစခန်းမှ ပုဒ်မ-၅ခုဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး ယနေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ
အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။ “အခု ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်သင်္ဘောက စစ်တွေမြို့ အိန္ဒိယ ဆိပ်ကမ်းအနီး ရေပြင်ကို တိုင်းထွာဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီရေတပ် သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီ ဖြစ်ပါတယ်။ တော်တော့ကိုအဆင့်မြင့်ပါတယ်”ဟု အမည်မဖော်လို သူ မြန်မာရေ တပ်မတော်သား တစ်ဦးက ပြောသည်။
သင်္ကြန်မိုး မင်းသမီး မေသန်းနုနဲ့ သင်္ကြန်မိုး အမှတ်တရ အမေးအဖြေ
နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန်အခါ နီးလာပြီးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကဒါရိုက်တာ မောင် တင်ဦး ရိုက်ကူးခဲ့ပြီး နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားကို သတိရတတ်မြဲပါ။ မြန်မာသင်္ကြန်နဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ တတွဲတည်း ဖြစ်နေ သလို၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ဝင် တေးတွေဟာလည်း အခုထိတိုင် မရိုးနိုင်အောင် နားထောင်ကြ ရမြဲ ဖြစ်ပါတယ်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကျောင်းသား မိဘများ၏ ရင်ဖွင့်သံများ
အမျိုးသားပညာရေးဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်း သား ကျောင်းသူများနှင့် ဝန်းရံပြည်သူများကို လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင် များ၏ လုပ်ရပ်များနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးအပေါ် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူ မိဘများ၏ သဘောထား အမြင်တို့ကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်
လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့ သွား၊ လမ်းဘေး ကွမ်းယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာကျင့်ဝတ် တတိယမူကြမ်း ရပါပြီ – ဦးမျိုးညွန့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ရေးဆွဲ နေတဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ နဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဉ်မှာ အစဉ်တစိုက် ပါဝင်လာခဲ့တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိက ထိပ်သီးပွဲ ကျူးဘား တက်ရောက်မှု Obama ကျေနပ်
အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကျူးဘားနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာ တဲ့အပေါ် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ အမေရိကန်သမ္မတ
ဘရာ့ခ် အိုဘားမားကပြောလိုက်ပါတယ်။ ကျူးဘား သမ္မတ ရာအူးလ် ကက်စထရိုနဲ့
တွေ့ဆုံဖို့ခန့်မှန်းထားတဲ့ ရက်မတိုင်ခင် တရက်မှာပဲ မစ္စတာ အိုဘားမားက အဲဒီလိုပြောတာပါ။
သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ ဟီလာရီ ကလင်တန် ကြေညာ ဖွယ်ရှိ
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton ဟာ ၂၀၁၆ ခုနှစ်
သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့ကျရင်
တရားဝင်ကြေညာလိမ့်မယ်လို့ အမေရိကန် သတင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဆုံးဖြတ်ချက်ကို ကြေညာပြီး၊ ရှေ့သီတင်းပတ် အစောပိုင်းမှာပဲ
မဲဆွယ်လှုပ်ရှားရေး အစီအစဉ်တွေအတွက် Iowa ပြည်နယ်ကို သွားမယ်လို့လည်း နီးစပ်သူ အသိုင်းအ၀ိုင်း ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဒီကနေ့ပဲ ဖော်ပြနေကြတာပါ။
တပ်မတော်သား အမတ်တွေ ဆက်ထားသင့်သလား၊ လျော့ချမလား
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်း
မီဒီယာတွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သတင်းထောက် တွေရဲ့
မေးမြန်းချက်ကို ဖြေကြားရင်း သူတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့
လွှတ်တော်တွေကနေ တပ်မတော်သား ကိုယ်စားလှယ်တွေကို အဆင့် ဆင့် လျော့ချဖို့
အစိုးရကို အကြံပြုထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
Friday, April 10, 2015
အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ ဘားလ်ခ်ခရိုင်မြောက်ပိုင်းက ခရိုင်ရှေ့နေချုပ်ရုံးကို ဧပြီ ၉ ရက်နေ့က သေနတ်သ မားတွေ စီးနင်း တိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦး သေဆုံးပြီး တခြားလူ ၆၃ ယောက် ဒဏ်ရာရတယ်လို့ တရားဝင် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်သော တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ် ရှည်ချရန် အပက (၃) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူခဲ့ပြီး အမှုလေးမှုဖြင့် တရားစွဲ
တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃)နှင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေတို့ဖြင့် အရေးယူမှုပြုလုပ် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေ သတွင် ဖမ်းမိခဲ့သည့် တရုတ်သစ် ခိုးဂိုဏ်းတွင် တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်ခဲ့ပြီး အပေါင်းအပါ အဖြစ် မြန်မာနိုင်ငံသား အချို့လည်း ပါဝင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
စစ်တွေမြို့တွင် သင်္ကြန်အကြိုကာလ တားမြစ်ဆေးများရောင်းချမှု စစ်ဆေးရာမှ ပထမဆုံး (၃)မှု ဖမ်းဆီးရမိ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ကာမဆေးအပါအ၀င် တားမြစ် ဆေးဝါးများ ရောင်းချခြင်းမရှိစေရန် စစ်ဆေးလျက်ရှိရာ ဧပြီ ၈ ရက်နေ့အထိ ဖမ်းဆီးရရှိမှု(၃)မှု ရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရှိရသည်။
ဗကသ ကျောင်းသူ မပိုပိုကို ရဲတပ်ဖွဲ့က ဖမ်းဆီး
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသား တချို့ကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသူ မပိုပိုကိုလည်း ဧပြီ ၈ ရက်က ဖမ်းဆီး လိုက်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
































