စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့ရှိ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန် ရဲ့ နေအိမ် ကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
Thursday, February 26, 2015
Wednesday, February 25, 2015
ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် ပြည်မြို့တွင် ဒေါ်စု ဟောပြောမည်
ဗိုလ်ချုပ်အောင်ဆန်း၏
ရာပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်၏ သမီးဖြစ်သူ
အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်း၊
ပြည်မြို့တွင် မတ်လ ၁ ရက်၌ ဟောပြောမည် ဟု ပြည်ခရိုင် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
ဝှိုက်ကတ်ကို မဲပေးခွင့်ပြုသည့်ဥပဒေ လေးခုကို ပြန်ပြင်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ ၏ ရွေးကောက်ပွဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေတို့တွင် ပါဝင်သည့် ''ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ'' ဟူသော စကားရပ်များကိုပယ်ဖျက်၍ ပြင်ဆင်မည့်ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ရန် ဖေဖော်ဝါရီ ၂၄ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
တရုတ်သံ အမတ်ဟောင်း ဦးစိန်ဝင်းအောင်နှင့် မေးမြန်းခြင်း
ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ တရုတ်-မြန်မာ နယ်စပ်ရှိ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တပ်မတော်တို့ ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအခြေ အနေ ပြောင်းလဲသွားနိုင်မှုအပေါ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူ၊ လက်ရှိတွင်ရွှေတိဂုံစေတီတော် ဂေါပကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးစိန်ဝင်းအောင် အား မဇ္ဈွိမ သတင်းထောက်က ဆက်သွယ်မေးမြန်းမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
တပ်မတော်နှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲဖြစ် တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရ
လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၂၄ ရက်က ထိတွေ့ တိုက်ပွဲ များ ထပ်မံဖြစ်ပွားပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။
၁၅ဝဝ အချစ်ကို အချိန် မပေးနိုင်သေးဘူး ဆိုတဲ့ မိုးစက်ဝိုင်
မိုးစက်ဝိုင်ရဲ့ Myanmar’s Heart Charity Group သို့ Dagon City 1 မှ
ဒေါ်လာနှစ်ထောင် ပေးအပ် လှူဒါန်း ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ က
Dagon City 1 မှာပြုလုပ်ခဲ့ပါတယ်။
မိုးစက်ဝိုင်က အလှူငွေ လက်ခံရယူ ပြီး နောက် သင်္ခရိုင် ဘုန်းတော်ကြီးသင်
ပညာရေး ကျောင်းမှ ကလေးငယ် များကို အချို ရည်နှင့် ချောကလက်များ
ဝေငှခဲ့ပြီး သူ့ရဲ့ Valentine Day ကိုကုန်ဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄
ရက်နေ့ဖြစ် တာကြောင့် သူ့ရဲ့အချစ်ရေး နဲ့ပတ် သက်ပြီးမေးတော့ မိုးစက်ဝိုင်က..
ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို
ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် များသည် ကွန်ဒိုတိုက်ခန်းများနှင့် ကားများ ကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိ ထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေသည့် သတင်းများသည် အခြေ အမြစ်မရှိဘဲ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလားသူများ၏ လက်ချက်သာဖြစ်သည်ဟု ဦးဆောင်ကော် မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကို ပြောသည်။
မဲဆွယ်ကာလတွင် ဥပဒေကန့်သတ်ချက်များ ဖြေလျှော့ပေးရန် ရခိုင်အမတ် တောင်းဆို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ လိုက်နာရန် ကြေ ညာချက်တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်များ ပေးထားသော် လည်း မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့် မဆန့် ကျင်စွာ၊ ဥပဒေနှင့်အညီ စသည့် စကားလုံးများဖြင့် လိုက်နာရန် အပိုဒ်သုံး ပိုဒ် ဖြည့်စွက်ပါရှိခြင်းကြောင့် နိုင်ငံ၏ အခြေအနေမှန်များ ပြဿနာများကို မဲဆန္ဒနယ်ရှိ လူထု အား ရှင်းလင်းဆွေးနွေးပြရန် ခက်ခဲခြင်း၊ ဆွေးနွေးမိပါက အရေးယူခံရဖို့ သေချာခြင်းတို့ကြောင့် ထိုကန့်သတ်ချက်များကို လျှော့ချပေးရန် မြေပုံမြို့နယ် အမတ် ဦးဖေသန်းက ဖေဖော်ဝါ ရီ ၂၄ ရက်က ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ဦး ဖမ်းဆီးခံရ
တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ဦးကို တင်ဆောင်လာသည့် ကားရှစ်စီးပါ ကားတန်းအား ထိုင်း ရဲနှင့် စစ်တပ်က အယုဒ္ဓယဘန်း ဖာခရိုင်၌ ရပ်တန့်ဖမ်းဆီးလိုက် ကြောင်း ဗိုလ်မှူးကြီးဂွန်နာဝတ်ရောင် ဆာဝတ်က ပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ဘတ် ၁ဝ၀ တန်အသစ် ထုတ်ဝေ
ထိုင်းနိုင်ငံမှာ နောက်ထပ်ပုံစံအသစ်တမျိုးနဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ထိုင်းအခြေစိုက် နေ ရှင်းသတင်းမှာ ဖော်ပြပါတယ်။
ပန်ဆိုင်းမြို့အနီးတွင် လက်နက်ကိုင် အဖွဲ့က ကုန်တင်ကား တစ်စီးကို ဗုံးခွဲဖျက်ဆီး
ပန်ဆိုင်းမြို့နယ်အနီး ကားလမ်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နံနက်က ဗုံးခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရှိရသည့် ကုန်တင်ကား ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကုန်တင်ကားတစ်စီးကို မူဆယ် ခရိုင်
ပန်ဆိုင်းမြို့နယ်အနီးတွင် ဖေဖော် ၀ါရီ ၂၄ ရက် နံနက် ၃ နာရီက
ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိ သည်။
Assyria ခရစ်ယာန်ကျေးရွာတွေက လူ ၉၀ ကျော် IS ဖမ်းဆီး
IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသက Assyrian
ခရစ်ယာန် ရွာတွေ ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံအဖြစ် လူပေါင်း ၉၀
ထက်မနဲကို ဖမ်းဆီးသွားခဲ့တယ်လို့ တက်ကြွလှုပ်ရှား သူတွေက ဒီကနေ့
ပြောကြားလိုက်ပါတယ်။
အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်
အသတ်ခံခဲ့ရသည့် စေတနာ့ဝန် ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော်
ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။
ကုလရာသီဥတု ပြောင်းလဲမှုအဖွဲ့ အကြီးအကဲ ရာထူးနှုတ်ထွက်
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ
ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ
Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါ တယ်။
မြန်မာနဲ့ဗီယက်နမ်ကို မြောက်ကိုးရီးယား အတုယူဖို့မမြင်
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး
အစီအစဉ်တွေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုနေတဲ့အပေါ်
မြောက်ကိုရီးယားဖက်က အလေးနက်ထား စဉ်းစားမယ့်ပုံမပေါ်ဘူးလို့ လေ့ လာသူတွေက
ပြောပါတယ်။
ဝှိုက်ကတ်ကိစ္စနှင့် လာမည့် ရွေးကောက်ပွဲတွင် ပြဿနာများ ပေါ်ပေါက်နိုင်၍ နယ်စပ်ဒေသ လုံခြုံရေး အလေးထားရန်လိုဟု နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးပြော
ယာယီသက်သေခံ လက်မှတ်(၀ှိုက်ကတ်)အများဆုံး ကိုင်ဆောင်ထားသည့် မောင်
တောနယ်စပ်ဒေသနှင့် ဘူးသီး တောင်မြို့နယ်များတွင် လာမည့် ရွေးကောက်ပွဲ၌
ပြဿနာများပေါ် ပေါက်လာနိုင်သဖြင့် နယ်စပ် ဒေသ လုံခြုံရေး အလေးအနက် ထား
ဆောင်ရွက်ရန်လိုကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ် ကဲမှုအဖွဲ့မှူးရုံး
ကွပ်ကဲရေးမှူး ရဲ မှူးချုပ် တင်ကိုကိုက ပြောကြားသည်။
ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ
ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့
တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ် သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက် လာကြောင်း
စစ်ရှောင်ဒုက္ခသည်များက ပြောသည်။
ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်
ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြားချက်နှင့် ပတ်သက် ၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင် ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
Tuesday, February 24, 2015
ပညာရေးသပိတ် ထောက်ခံပွဲ ရတနာပုံ တက္ကသိုလ်အတွင်း သုံးရက်ပြုလုပ်မည်
ပညာရေး သပိတ်မှောက် စစ်ကြောင်းကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ခြင်းကို ရတနာပုံ တက္ကသိုလ် တွင်ကျောင်းသူ၊ ကျောင်းသား ၄ဝ ကျော်တို့က ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၁ဝ နာရီတွင် ကျောင်းဝင်း အတွင်း ပြုလုပ်ခဲ့သည်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဖြစ်ကြောင်း ကြေညာ
မြောက်ကိုရီးယားနိုင်ငံအား အမျက်ထွက်စေသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မတ်လ ၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိ ကန် နှစ်နိုင်ငံစလုံးကကြေညာလိုက်သည်။
နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး ၆ ချက်
၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါ တယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်း မာရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-




























