Wednesday, September 10, 2014

သမိုင်းတရားခံဖြစ်မည့် အလုပ်မျိုးလုပ်မည်မဟုတ်ဟု တိုင်းဧရာဝန်ကြီးချုပ် ဦးသိန်းအောင် ပြော


ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သတ်၍ ပြည်သူများ ဒုက္ခတွေ့စေမည့်ကိစ္စများကို စဉ်းစားမည်မဟုတ်ဘဲ သမိုင်းတရားခံဖြစ်မည့် အလုပ်မျိုးလုပ်မည်
မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်က ပြောကြားလိုက်သည်။

ယူကရိန်းစစ်သုံ့ပန်း ၆၄၈ ယောက်ကို ခွဲထွက်ရေးတပ် ပြန်လွှတ်




ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်သုံ့ပန်း ၆၄၈ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက စက်တင်ဘာ ၉ ရက်နေ့က ပြောပါတယ်။နောက်ထပ် စစ်သုံ့ပန်း အယောက် ၅၀၀ ကျော် လွတ်မြောက်ရေး ဆောင်ရွက်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က စတင်သက်ရောက်တဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းတွေအရ ခုလို ပြန်လွှဲတာပါ။

မြန်မာအိမ်ကူလုပ်သား ပြည်ပစေလွှတ်မှု အပြီးသတ်ရပ်ဆိုင်း


မြန်မာအိမ်အကူလုပ်သား ပြည်ပသို့စေလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံမှ အိမ်အကူလုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့်လပိုင်းက ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုံးဝ စေလွှတ်ခြင်းမပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒသစ် အလုပ်ဖြစ်ရဲ့လား


မြန်မာကို ဖိအားပေးခြင်းထက် စိန်ခေါ်မှုများကို လက်တွဲကူညီခြင်းဖြင့် ရှေ့ဆက်သွားမည်ဟု မြန်မာ-အမေရိကန်ဆက်ဆံရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပုံဖော်ပြောကြားသွားပြီဖြစ် သည်။ ထို့အပြင် ကန်ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော်ပိုင်ဟိုတယ်တွင် ဂျွန်ကယ်ရီ တည်းခိုခဲ့သည်။ ဂျွန်ကယ်ရီမတိုင်မီ လာရောက်ခဲ့သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်းနောစကီးနှင့် ကန်ပိတ်ဆို့စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေပုံများက ကမ္ဘာ့သတင်း မီဒီယာများတွင် ထိပ်တန်းရောက်သတင်းများ ဖြစ်ခဲ့သည်။

ခါကာဘိုရာဇီတောင်တက်အဖွဲ့ ၆ ဦး ပြန်ရောက်၊ ၂ ဦး အဆက်အသွယ်ပြတ်



ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၈ ယောက်မှာ တောင်ခြေစခန်းတွေကနေ အထောက်အပံ့ ပေးတဲ့ ၆ ယောက်နဲ့ အဆက် အသွယ်ရပြီး တောင်ထိပ်ကို တက်သွားကြတဲ့ ကျန် ၂ ယောက် အဆက်အသွယ်မရသေးဘူးလို့ အမည်မဖော်လိုသူ တောင်တက်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျန် ၆ ယောက်ကတော့ အောက်ဆုံးတောင်ခြေစခန်းရှိရာ သဟောင် တန်းရွာကို ဆင်းလာကြပြီ ဖြစ်ပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းတယ်လို့ ဆိုပါတယ်။

လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် တရုတ်စမ်းသပ်


တရုတ်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် FD-2000 ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ မြောက်ပိုင်းကမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စမ်းသပ်ခဲ့ပါတယ်။ ဒီစနစ်သစ်ဟာ အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေကို တိတိကျကျချိန်ပြီး လေထဲမှာတင် ပစ်ချနိုင်တာကို လက်တွေ့ စမ်းသပ်ခဲ့ကြ ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ နယ်မြေအငြင်းပွားမှု ထိပ်တိုက်ဆွေးနွေးမည်


လွန်ခဲ့တဲ့ရက်ပိုင်းက ထိတွေ့ပစ်ခတ်ခဲ့ကြတဲ့  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ဟာ မကြာခင်ရက်ပိုင်းအတွင်း ထိပ်တိုက်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ဆွေးနွေး ပွဲကို  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ  စက်တင်ဘာ ၁၁ ရက်နေ့ စတင် မှာဖြစ်ပြီး ပအိုဝ်းတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း လာရောက်နေကြပြီလို့ ရှမ်ပြည်တပ်မတော်တောင် ပိုင်းအဖွဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

အီဘိုလာကြောင့် သေဆုံးသူ ၂၂၉၆ ယောက်ရှိပြီ



အနောက်အာဖရိက နိုင်ငံတချို့မှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၂၂၉၆ ဒါမှမဟုတ် သုံးထောင်နီးပါး ရှိသွားပြီလို့ သိရပါတယ်။ ဇာတ်လမ်း အီဘိုလာပိုးကို စမ်းသပ်ဆေးဝါးနဲ့ စတင်ကု သတော့မယ်သေဆုံးသူ သုံးထောင်နီးပါးထဲက ထက်ဝက်လောက်ဟာ တစ်လအတွင်းမှာ သေဆုံး ကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

မဲဆောက်မြို့ရှိ JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့် အလုပ်ရှင်တို့ သဘောတူညီမှုရရှိ



ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာအခြေစိုက် JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ် သမားများနှင့် အလုပ်ရှင်တို့သည် အလုပ်လုပ်ချိန်တိုးမြှင့်ခြင်းအပါအ၀င် အချက် (၆)ချက်ပါ သဘောတူညီမှုတစ်ရပ် ကို ယနေ့၌ နှစ်ဖက်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အန်စီစီတီက တပြည်လုံးအပစ်ရပ်စာချုပ် တတိယမူကြမ်း အချောသတ်ဆွေးနွေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပမှာဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (တတိယမူကြမ်း) အတွက် အချောသတ်ကြမယ်လို့ အန်စီစီတီ တာဝန်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ပါကစ္စတန်တွင် ဗလီအမိုးပြိုကျမှုကြောင့် ၂ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ


ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့မှာ စက်တင်ဘာ ၉ ရက်နေ့က ဗလီအမိုးပြိုကျလို့ လူ ၂ ဦး သေဆုံး ပြီး အနည်းဆုံး ၂၅ ဦး ဒဏ်ရာရတယ်လို့ ဒေသခံရုပ်သံက အစီရင်ခံပါတယ်။ ဗလီထဲ ညနေပိုင်းဘုရားရှိခိုး ချိန်အတွင်း မတော်တဆဖြစ်ခဲ့တာလို့ စာမာရုပ်သံက ထုတ်လွှင့်ပါတယ်။

MH17 ပျက်ကျမှု အခြေအနေ နယ်သာလန် ထုတ်ပြန်


ဇူလိုင်လက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်း လိုင်း MH17 ဟာ အရှိန်ပြင်း တဲ့ အရာဝတ္ထုတွေ ထိမှန်ပြီး လေထဲမှာတင် ပေါက်ကွဲပျက်ကျခဲ့တာလို့ နယ်သာလန်နိုင်ငံ ကျွမ်းကျင်သူတွေ က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဘယ်လိုဆက်လက် ရပ်တည်သွားမှာလဲ


၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာနဲ့ပတ် သက်ပြီး နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းမှာ ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။

ပြည်တွင်းတွင် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားမှု ၂၀ ရာခိုင်နှုန်း အထိသာရှိဟု ဆို


မြန်မာနိုင်ငံတွင် e-Government အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အရှိန်မြှင့် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးအတွက် ဆောင်ရွက်မှုသည် ၂၀ ရာခိုင်နှုန်း ခန့်သာရှိသည်ဟု ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက မဇ္ဈိမကို  ပြော သည်။

အစိုးရနှင့် ညှိနှိုင်းရာတွင် ကွဲလွဲချက်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် NCCT အကြိုဆွေးနွေး


ယခုလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ညှိနှိုင်းပွဲမတိုင်မီ NCCT၏ အကြိုဆွေးနွေးပွဲကို စက်တင်ဘာ ၉ရက်က ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ပြီး အစိုးရနှင့် ညှိနှိုင်းရာတွင် ကွဲလွဲချက်များကို ချိတ်ဆက်ေ ဆာင်ရွက်ရန် ဆွေးနွေးကြမည်ဟု NCCT၏ ပထမခေါင်းဆောင် အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

အယ်လ်ကိုင်ဒါ အဖွဲ့ အရှိန်အဝါများ ပြန်လည် အဖတ်ဆည်နိုင်ရန် အတွက် တောင်အာရှဂိုဏ်းခွဲသစ် တည်ထောင်ခြင်းဖြစ်ဟု လေ့လာသူများ သုံးသပ်


အစ္စလာမ်မစ်နိုင်ငံတော် IS အဖွဲ့ ၏ ရက်စက်ကြမ်းကြုတ်မှု နှင့် တိုက်ခိုက်ရေး အောင်မြင်မှုများကြောင့် ယခင်က ကမ္ဘာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အရှိန်အဝါ ကြီးမားခဲ့သော အယ်လ်ကိုင်ဒါ အဖွဲ့မှာ အရှိန်အဝါ ကျဆင်းလာခဲ့ပြီး တောင်အာရှဒေသတွင် ဂိုဏ်းခွဲသစ်တစ်ခု တည် ထောင်လိုက်ခြင်းအားဖြင့် ၄င်းတို့၏ သြဇာပြန်လည်ကြီးမားလာအောင် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြ သည်ဟု  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ သြစတြေးလျအား ကုလသမဂ္ဂက ဝေဖန်



ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းသူများအပေါ် သြစတြေးလျက ဆက်ဆံပုံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက် တိုက်ဖြစ်ပွားမည့် အနေအထားသို့ ဦးတည်နေ ကြောင်း ကုလသမဂ္ဂ၏ ဝေဖန်ချက်ကို သြစတြေးလျ ကက ပယ်ချခဲ့ပြီး ဆီးရီးယား နှင့် အီရတ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပိုမိုဆိုးရွားကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်ဟု စက်တင်ဘာ ၉ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၁၂၀၀၀ ကျော် ဆီးရီးယားတွင် ရောက်ရှိနေဟုဆို


နိုင်ငံ ၇၄ ခုမှ နိုင်ငံခြားသား ၁၂၀၀၀ ကျော်သည် ဆီရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လျက် ရှိကြပြီး ထိုနိုင်ငံခြားသားများအနက် ၆၀ မှ ၇၀ ရာခိုင် နှုန်းခန့်မှာ အခြားအရှေ့အလယ်ပိုင်း နိုင်ငံများမှ ဖြစ်ကြပြီး ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်မှာ အနောက်နိုင်ငံများမှ ဖြစ်ကြကြောင်း ထင်ရှားသော အကြမ်းဖက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုခဲ့သည်ဟု  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကန်ထောက်လှမ်းမှု ရပ်ဆိုင်းဖို့ တရုတ်ပြောကြား


တရုတ်ထိပ်တန်း ကြည်းတပ်ဗိုလ်ချုပ်ကြီးတဦးက အမေရိကန်အနေနဲ့ တရုတ်ပိုင်နယ်မြေအနီးနားမှာ ထောက်လှမ်းရေးလုပ်နေတာ ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။အမေရိကန်သမ္မတ Barack Obama ရဲ့ အကြီးတန်းအကြံပေးအရာရှိ Susan Rice နဲ့ ဒီနေ့ တွေ့ဆုံရာမှာ တရုတ်စစ်ရေးကော်မရှင် ဒုဥက္ကဌ လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Fan Shanglong က ခုလို တောင်းဆိုလိုက်တာပါ။

ဂျပန်ဖွံ့ဖြိုးရေးစီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ ကရင်ကွန်ရက် တောင်းဆို



ကရင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ဂျပန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ဒေသဖွံဖြိုးရေးစီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်ပါတယ်။

ဥပဒေနဲ့ညီရင် အခြေခံ ဥပဒေပြင်ရေးကို မကန့်ကွက်ဘူး လို့ သမ္မတ ဦးသိန်းစိန် ပြော


ဥပဒေနဲ့အညီသာ ဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သူတစ်ဦးထဲအနေနဲ့ ကန့်ကွက် စရာမရှိဘူးလို့ ဥရောပ (၃) နိုင်ငံခရီး အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် က ပြောလိုက် ပါတယ်။

NCCT ဆွေးနွေးပွဲ KNU တက်ရောက်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကခေါင်းဆောင် တွေဟာ အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး နေပြီး အဲဒီအစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံးက အထွေထွေအတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်း အပါအ၀င် KNU ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့ ဟိဂ်မြို့၌ တွေ့ဆုံ


ဥရောပသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံဘုရင် King Willem Alexander တို့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ Noordeinde နန်းတော်တွင် စက်တင်ဘာ ၉ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား ဖော်ပြ ချက်အရ သိရသည်။

သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်းမရှိသေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်နိုင်မည်ဟုဆို



သန်းခေါင်စာရင်း မကောက်ခံနိုင်သေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်း အတိအကျကို လာမည့်လေး၊ ငါးလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ၂၀၁၅ မေတွင် သိရှိရမည်ဟု ထုတ်ပြန်ထားပြီး သန်းခေါင် စာရင်း ကောက်ခံနိုင်ခြင်း မရှိသေးသော ပြည်ပနှင့်ပြည်တွင်းရှိ လူဦးရေစာရင်းကိုမူ ၂၀၁၅ ဖေဖော်ဝါရီလတွင် ထုတ်ပြန် မှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က စက်တင်ဘာ ၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာသမ္မတ နယ်သာလန်ဘုရင်နဲ့ တွေ့ဆုံ



အနောက်ဥရောပ ၃ နိုင်ငံ ခရီးစဉ်ထွက်နေတဲ့ နယ်သာလန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာတော့ နယ်သာလန်ဘုရင်ကို နန်းတော်မှာ တွေ့ဆုံသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကုလအထူးအကျိုးတော်ဆောင် နယ်သာလန် ဘုရင်မ Maxima နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။

My Blog List