Thursday, August 21, 2014

ဒေါ်အောင်ဆန်းစုကြည် စာပေအနုပညာရှင်များနှင့် တွေ့မည်



ဒီမိုကရေစီရေးတိုက်ပွဲတွေနဲ့ အန်အယ်လ်ဒီကို ၀န်းရံဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာပြည် စာပေအနုပညာ အသိုင်းအ၀ိုင်းကို မကြာခင် ရက်ပိုင်း တွေ့ဆုံဖို့ ရှိပါတယ်။

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း


ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

Wednesday, August 20, 2014

မြန်မာ သင်္ဘောသား ၅ ဦးကို အီဘိုလာ သံသယဖြင့် ဝေဘာဂီ ဆေးရုံတွင် ခေတ္တခေါ်ယူ စောင့်ကြည့်


ကမ္ဘာ့လူသားထုကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါဖြစ်သည့် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာ အာဖရိကမှ ပြန်လာသူ မြန်မာနိုင်ငံသင်္ဘောသား ၅ ဦးကို အီဘိုလာရောဂါ ကူးစက် လာနိုင်ခြေရှိသော သံသယရှိခံရသူများအဖြစ် သတ်မှတ်ပြီး မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီဆေးရုံကြီးတွင် ခေတ္တ ခေါ်ယူ ထိန်းသိမ်းကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။

ရှင် ဂျာနယ်မျက်နှာဖုံးပုံတွေအတွက် ဝေဖန်မှုတွေကို အနုပညာရှင် တစ်ယောက်ဖြစ်တာကြောင့် မတုန်လှုပ်တော့ဘူးလို့ဆိုတဲ့ မေထွဋ်ခေါင်



လက်ရှိမှာ ရန်ကုန်ပရိသတ်တွေထက် နယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာ ရှင်တစ်ဦးဖြစ်တဲ့  မေထွဋ်ခေါင်ဟာ ရှင်ဂျာနယ်မှာ ဖော်ပြထားတဲ့ သူမရဲ့ Sexy ပို့စ်ခပ်ကြမ်းကြမ်း ရိုက်ချက်တွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပါတယ်။ 

မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်


မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုးကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက် မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။ အဆိုပါဆင်းတုတော်မှ မျက်လုံးတော်ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက်တွင် စတင်ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ်သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုးမှာ ဃမပျအွေျှူသမွှိုမလေနျူ ရွှသကမ ကုမ္ပဏီဖွင့်လှစ် ထားပြီး ယင်းကဲ့သို့ မျက်လုံးတော်ပွင့် နေသည်ကို မိသားစုဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုးက ရှင်းပြပြောဆိုသည်။

ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် ပန်းချီပြပွဲ တောင်ကြီးတွင် လုပ်မည်



စစ်သွေးကြွ များ၏ ဗုံးဖေါက်ခွဲမှုများ ပြုလုပ်မည့် အစီအစဉ် များကို မလေးရှား ဟန့်တားနိုင်


ကွာလာလမ်ပူ၊ သြဂုတ် ၁၉။ မလေးရှားရဲတပ်ဖွဲ့သည့် အီရတ်နိုင်ငံ အစွန်းရောက် ဂျီဟတ်အဖွဲ့ ISIL အဖွဲ့မှ ဦးစီးသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ဗုံးပေါက်ကွဲမှုများပြုလုပ်မည့် အစီအစဉ်များကို ဟန့်တား လိုက်နိုင်ကြောင်း မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အာဏာပိုင်က ပြောကြားခဲ့သည်ဟု သြဂုတ်လ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးမျိုးဆက်သစ်



UNFC ညီလာခံ သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်


တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ညီလာခံကို ယခုလ (သြဂုတ်) နောက်ဆုံးပတ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။ 

ထိုင်းနိုင်ငံ ချင်းဆန်တွင် ခိုးဝင် မြန်မာ ၁၅ ဦး ဖမ်းမိ



ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ်ထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်သတင်းမှာ ဖော်ပြပါတယ်။သြဂုတ်လ ၁၉ ရက် ညနေ ၅ နာရီကျော်က ချင်းရိုင်းခရိုင် ရွှေတြိဂံ နဲ့ ချင်းဆန်သွား လမ်းမကြီးပေါ်မှာ မသင်္ကာဖွယ် အစိမ်းနုရောင် တိုယိုတာဟိုင်းလပ်ကားတစီးဟာ ဘန့်ဝမ်းလောင်း စစ်ဆေးရေးဂိတ်ကို ဖြတ်ပြေးသွားတဲ့အတွက် အဲဒီဂိတ်စောင့်ရဲတွေက ရှေ့ဂိတ်က ရဲတွေကို စကားပြောစက်နဲ့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တပ်ပိုင်းဆိုင်ရာ ကိစ္စများအတွက် ကော်မတီသုံးခု ဖွဲ့စည်းမည်ဟုဆို


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေညှိနှိုင်းရန် ကော်မတီသုံးခု ဖွဲ့စည်းမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဗိုလ်မှူး စောလုံလုံက ပြောကြားသည်။

သြစီဝန်ကြီးချုပ်နဲ့ တွေ့ဖို့ ဗစ်တိုးရီးယားပြည်နယ် အစ္စလာမ်မစ်ကောင်စီ ဖျက်သိမ်း


သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ဟာ ​ဒီကနေ့မှာ ​ဗစ်တိုးရီးယား ပြည်နယ် ​အစ္စလာမ်မစ် ကောင်စီလူကြီးတွေနဲ့ ​တွေ့ဆုံဖို့ရှိပေမယ့် ​ဝန်ကြီးချုပ်နဲ့ ​မတွေ့ဆုံဖို့ ​ဆုံးဖြတ်လိုက်ကြပါတယ်။ ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ရဲ့ ​ပြောဆိုမှုတွေဟာ ​အကြောင်းအရာ ​တစ်ခုကို ​ဂဃနဏ ​မသိပဲ ​ပြောဆိုမှုတွေ ​ဖြစ်သလို၊ ​မီးလောင်ရာလေပင့်တဲ့ ​ပြောဆိုမှုတွေ ​လုပ်တဲ့အတွက် ​ဝန်ကြီးချုပ်နဲ့ ​မတွေ့ဖို့ ​ဆုံးဖြတ်ရတာဖြစ်တယ်လို့ ​အစ္စလာမ်မစ် ကောင်စီအဖွဲ့က ​ပြောပါတယ်။

ပါကစ္စတန်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်းဆို


ပါကစ္စတန်မှာ အရှိန်အ၀ါကြီးတဲ့ ဘာသာရေးခေါင်းဆောင်က လွှတ်တော်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီပြု ပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြသမား ထောင်ပေါင်း များစွာဟာ သြဂုတ် ၂၀ ရက်နေ့ မနက်စောစောမှာ လွှတ်တော်ကို ရောက်နေကြပြီး ၀န်ကြိးချုပ် န၀ပ် ရှာရစ်ဖ် နုတ်ထွက်ပေးဖို့ ဆက်ပြီး တောင်း ဆိုနေကြပါတယ်။

အော်ရီဒူးဆင်းကတ်သုံးရာမှာ အဆင်မပြေမှုတွေ ရှိနေ


ရန်ကုန်မြို့အတွင်းမှာ မကြာခင်ကမှ စတင်ဖြန့်ချိရောင်းချနေတဲ့ အော်ရီဒူး တယ်လီဖုန်း ဆင်းကတ်တွေကို အသုံးပြု ခေါ်ဆိုတဲ့အခါ အဆင်ပြေသူတွေလည်းရှိသလို အဆင်မပြေမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ သုံးစွဲနေသူတွေက ပြောပါတယ်။

နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ


ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်းမူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ ပါတယ်။ 

Missouri သေနတ်ပစ်သတ်ခံရမှု တရားမျှတစွာ အစိုးရစုံစမ်းစစ်ဆေးမည်


လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေးရာမှာ အပြည့် အဝမျှတပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်စေရမယ်လို့ အမေရိကန်ရှေ့နေချုပ် Eric Holder က Ferguson မြို့က ပြည်သူတွေကို ကတိပြုလိုက်ပါတယ်။

အစ္စရေးလ်နဲ့ Hamas အပစ်ရပ်ဆွေးနွေးပွဲ ပျက်သုဉ်း


ဂါဇာဒေသမှာ အစ္စရေးလ်တို့ရဲ့ Missile ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတခုကြောင့် အမျိုးသမီး ၁ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပြီးနောက်မှာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး NCCT နဲ့ ၈၈ မျိုးဆက်တွေ ဆွေးနွေး


မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာရော၊ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အချက်ကို   တနိုင်ငံလုံး အပစ်ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နဲ့ ၈၈ ငြိမ်းချမ်းရေး ပွင့်လင်းလူမှု အဖွဲ့အစည်းတို့ ဒီကနေ့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး က ပြောပါတယ်။ 

မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေးအပေါ် အမြင်များ ကွဲပြား


ကမ္ဘာ့နိုင်ငံတွေမှာ မျက်နှာမရခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒဟာ မြန်မာနိုင်ငံမှာ အောင်မြင်လျက် ရှိပြီးတော့ ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် အိုဘားမား အစိုးရအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ မပြောနဲ့ ပြောမှားဆိုမှား ဖြစ်မှာကိုတောင် စိုးရိမ်နေပုံရကြောင်း အခု နောက်ဆုံးတခေါက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ ခရီးစဉ်က သက်သေပြနေပါတယ်။

အပစ်ရပ်စာချုပ် ပြီးပြတ်မှသာ ငြိမ်းချမ်းရေးတွင် ဒေါ်စုပါလာနိုင်


အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာများ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။

ဦးဆန်းဆင့်၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ဒု-ညွှန်ချုပ်အပါအ၀င် ညွှန်မှူးများကို စစ်ဆေး


သြဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်သည့် ဦးဆန်းဆင့်၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအ၀င် ညွှန်ကြားရေးမှူးများအား တရားလိုပြ သက်သေများအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးခုမှ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံအမိန့်ချ


ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

သုံးပွင့်ဆိုင်လား . . .ရှစ်ပွင့်ဆိုင်လား၊ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရာတွင် ပါဝင်မည့် အစုအဖွဲ့ပုံစံနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ညှိနှိုင်းရန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာနိုင်


အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို လာမည့်စက်တင်ဘာတွင် ဆက်လက်ညှိနှိုင်းရန် နှစ်ဖက်သဘောတူ ထားရာ အပစ်ရပ်မူကြမ်း ဆက်လက်ညှိနှိုင်းရာတွင် နိုင်ငံရေးဆွေးနွေးမှု၌ ပါဝင်မည့်ပုံစံဖြစ်သော သုံးပွင့် ဆိုင်နှင့် ရှစ်ပွင့်ဆိုင်ဆိုသည့်အချက်မှာ ညှိနှိုင်းရန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုနေသောသောင်တူးစက်ပျက် သဖြင့် သဲစုပ်ထုတ်ခြင်း ရပ်နားထားရ



ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရာတွင် အသုံးပြု နေသော သောင်တူးစက်ချို့ ယွင်းမှု ဖြစ်ပေါ်နေသဖြင့် သဲစုပ်ထုတ်ခြင်းကို သြဂုတ်လ ၁၉ရက်က ရပ်နားထားကြောင်း သိရသည်။

ဟံသာဝတီ ဦးဝင်းတင် အုတ်ဂူက ကျောက်ပြားတချပ် ပျောက်ဆုံးနေ




My Blog List