Tuesday, March 11, 2014

မြောက်ကိုရီးယား ရွေးကောက်ပွဲတွင် ကင်မ်ဂျုံအန်း ကန့်ကွက်မဲမရှိ အောင်ပွဲခံ


မြောက်ကိုရီးယားတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအန်းတစ်ယောက် (၁၀၀)ရာခိုင်နှုန်းအပြည့် ကန့်ကွက်မဲမရှိဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှ မဲများကို ရေတွက်ပြီးနောက် ကင်မ်ကို မည်သူမျှ မကန့်ကွက်ဘဲ တညီတညွတ်တည်း ထောက်ခံမဲ ပေး ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ပျင်းရိခြင်းကို ကုသနိုင်မယ့် ဆေးပြား


အနာဂတ်မှာတော့ ပျင်းရိနေပြီဆိုရင် ဆေးပြားသောက်ပြီး ပျောက်ကင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ တရုတ် နဲ့ စကော့တလန်မှ သုတေသီအုပ်စုဟာ ရုပ်ပိုင်းဆိုင်ရာ ပျင်းရိငြီးငွေ့မှုကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်အစိတ် အပိုင်းကို သက်ရောက်စေတဲ့ ဆေးဝါးကို တီထွင်နိုင်ခဲ့ပါတယ်။

• မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ညီမပုံ ပထမဆုံး ထုတ်ပြန်•


မြောက်ကိုရီးယားမှာ တနင်္ဂနွေနေ့က ပါလီမန်ရွေးကောက်ပွဲ မဲပေးပွဲ ကျင်းပပါတယ်။

မဲရုံတစ်ရုံမှာ မဲလာထည့်နေတဲ့ ကင်ဂျုံအွန်ရဲ့ညီမငယ် ယိုဂျောင်းရဲ့ပုံကို မြောက်ကိုရီးယား အစိုးရရုပ်သံက ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက ဝိုင်းရှာပေမယ့် မတွေ့နိုင်သေးတဲ့ မလေးရှား လေယာဉ်


မလေးရှား လေကြောင်းလိုင်းမှ MH370 လို့ အမည်ရတဲ့ လေယာဉ် ပျောက်ဆုံးမှု တစ်ကမ္ဘာလုံး သိရှိနေပြီး ဖြစ်ပါတယ်။ မတ်လ ၈ ရက်နေ့က မလေးရှား ကွာလာလမ်ပူ မှ တရုတ်ပြည် ပေကျင်းကို အသွားမှာ ပျောက်ဆုံးသွားပြီး ပျောက်ဆုံးတယ်လို့ ခန့်မှန်းရတဲ့ နေရာကို ထိုင်း ကမ်းမြောင် ဒေသ နဲ့ တောင်တရုတ်ပင်လယ် ဆိုပြီးတော့ သတ်မှတ် ထားပါတယ်။

လက်နက်အပြည့် တပ်ထားသည့် ရုရှားတိုက်လေယာဉ်များရုပ်သံ ယူကရိန်းတပ် ဖြန့်ချိ


ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိနေ တာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ဒီဗွီဒီယိုမှာ အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေပုံကို တွေ့ရပါတယ်။

ထိုင်းတောင်ပိုင်း ဖူးခက်တွင် မြန်မာအလုပ်သမားများ ဆန္ဒပြ



ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ ၂ ခုမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာ အလုပ်သမားတွေဟာ လုပ်အားခလစာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြခဲ့ကြပါတယ်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ


မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွား ခဲ့သော် လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင် မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် ညြ မင်ကွင်း





ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်းဖြစ် ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား


(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြ ထားသော ဂရပ်ဖစ်ပုံ)

ပျောက်ချင်းမလှ ပျောက်သွားခဲ့သောမလေးရှားလေကြောင်းလိုင်းလေယာဉ်ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲဖို့ ပါဝင်ကြတဲ့ သုံးဖွဲ့လုံး သဘောတူ


ရန်ကုန်မြို့၊ ​မြန်မာငြိမ်းချမ်းရေးစင်တာမှာ ​မတ်လ ​၉ ​ရက်နေ့နဲ့ ​၁၀ ​ရက်နေ့အထိ ​နှစ်ရက်တာ ​ပြုလုပ်ခဲ့တဲ့ ​အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ ​အပစ်အခတ် ရပ်စဲရေး ​စာချုပ်ဆွေးနွေးပွဲမှာ ​နှစ်ဖက် ​အဖွဲ့အစည်းတွေ ​အားလုံး ​သဘောတူတဲ့ ​အပစ်အခတ်ရပ်စဲရေး ​စာချုပ်ကို ​ဧပြီ ​ပထမအပါတ်မှာ ​ညှိနှိုင်းရေးဆွဲဖို့ ​သဘောတူညီချက် ​ရရှိခဲ့ပါတယ်။

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ


အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်


မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက် သွားတဲ့ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ် ကလောင်စာဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော် ထုတ်စုံစမ်းနေ သူတွေက ကောက်ချက်ချလိုက်ပါတယ်။

ကျောက်ဖြူစက်မှုဇုန်ဟာ တရုတ်ကို ဦးစားပေး


ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူစက်မှုဇုန်နဲ့ မီးရထားလမ်း ဖောက်လုပ်နေတဲ့လုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်အတွက် ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တိုက်ရိုက်မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့


လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည  ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။
    

မြန်မာတနိုင်ငံလုံး အပစ်ရပ်ရေး ဧပြီလထဲလက်မှတ်ထိုးဖို့ လမ်းစမြင်


တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတခု ပူးတွဲပြုစုရေးဆွဲဖို့ လုပ်ငန်း အဖွဲ့ကို အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားအဖွဲ့အကြား အချိုးညီဖွဲ့စည်းဖို့ နှစ်ရက်ကြာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အဖြေရခဲ့ပါတယ်။ 
 

ယူကရိန်းဝန်ကြီးချုပ် အမေရိကန်ကို သွားဖို့ရှိ


ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသအရေးနဲ့ ပတ်သက်ပြီး စကားပြောဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ယူကရိန်း ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk က အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန်ကို ဒီတပတ်အတွင်းမှာ သွားဖို့ရှိတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ပျောက်ဆုံးလေယာဉ် နယ်မြေတိုးချဲ့ရှာဖွေမည်


စနေနေ့ကပျောက်ဆုံးသွားတဲ့ လူပေါင်း ၂၃၉ ယောက်ပါ မလေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေဖို့ နယ်နိမိတ် သိသိသာသာတိုးချဲ့ သတ်မှတ်လိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောဆိုပါတယ်။
ရက်အတန်ကြာ ရှာဖွေနေပေမယ့် ဘာသဲလွန်စမှ ရှာဖွေလို့မရခဲ့တဲ့နောက် အင်္ဂါနေ့ကစပြီး ရှာဖွေတဲ့ နယ်နမိတ်ကို တိုးချဲ့သတ်မှတ်လိုက်ကြောင်း မလေးရှားနိုင်ငံ လေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ အကြီး အကဲက ပြောလိုက်ပါတယ်။

Monday, March 10, 2014

ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ နည်းဥပဒေများ အမြန်ဆုံး ထွက်ရှိလာတော့မည်


ပုံနှိပ် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေများကို အတည်ပြုပြဌာန်းပြီးနောက် အဆိုပါ ဥပဒေများ၏ နည်းဥပဒေများကို အမြန်ဆုံး ထွက်ပေါ်လာရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားများ ပူးပေါင်း ပါဝင်နိုင် မည့် သဘောတူညီချက် ထုတ်ပြန်ပေးရန် တောင်းဆို


လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား အဖွဲ့အစည်း ကိုးဖွဲ့ ပူးပေါင်း ပါဝင်ရမည့် အခန်းကဏ္ဍကို အစိုးရက သီးခြား ထုတ်ပြန် ကြေညာပေးရန် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့က မတ်လ ၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဖြိုးငွေစိုးနဲ့ ဇင်ဇင် ဧပြီ ၁ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲမယ်


၂ဝ၁၄ခုနှစ်ရဲ့ နှစ်စပိုင်းကစလို့ နာမည်ကျော်အနုပညာရှင်တွေ ရဲ့ မင်္ဂလာပွဲတွေ ဆက်တိုက်ဆင်နွှဲ ခဲ့ကြပါတယ်။ 
သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သူ့ရဲ့ချစ်သူမော်ဒယ်ဇင်ဇင်နဲ့ ဧပြီ လ ၁ ရက်(April Fool)နေ့မှာ မင်္ဂလာပွဲ
ဆင်နွှဲတော့ မှာဖြစ်ကြောင်းသိရပါတယ်။ 
 

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့်လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ဂျပန်အိုလံပစ်မှာ မြန်မာအလုပ်သမားတွေကို ခေါ်ဖို့ ကမ်းလှမ်းထား


၂၀၂၀ ​ပြည့်နှစ်ကျရင် ​ဂျပန်နိုင်ငံမှာ ​ကျင်းပမယ့် ​အိုလံပစ်အားကစားပွဲတော် ​ကျင်းပတဲ့အခါ ​အလုပ်သမား အများအပြား ​လိုအပ်မှာဖြစ်ပြီး ​မြန်မာနိုင်ငံက ​အလုပ်သမားတွေကို ​ခေါ်ယူဖို့ ​ကမ်းလှမ်းထားတဲ့ အကြောင်း ​မြန်မာ-ဂျပန် ​လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ​က ​ပြောပါတယ်။

My Blog List