တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု
အရှုပ်တော် ပုံ များဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို
ဖျက် သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင် မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး အတွက် ရည်ရွယ်ကြောင်း သိရသည်။

















