Saturday, November 03, 2012

ထိုင်းနိုင်ငံရောက် ၈၈ ကျောင်းသားများ ပညာရေးကဏ္ဍပြုပြင်ရေး ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရပ်ခ်ျဘူရီခရိုင်၊ ချာအမ်မြို့၊ Holiday Inn ဟော်တယ်မှာ ပညာသင်ဆုထောက်ပံ့ရေး သပြေဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတဲ့ ပညာသင်ကျောင်းသားများ ကွန်ယက်တည်ဆောက်ခြင်းနဲ့ အတွေ့အကြုံနှီးနှော ဖလှယ်ပွဲကို ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ တိုင်းရင်းသားအသီးသီးရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ (၈၈) မျိုးဆက်ရဲ့လုပ်ဆောင်ချက်ကို ကိုမြအေးကပြောကြားပြီး၊ ကိုပြုံးချိုက civil society နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး၊ ကိုစိုးထွန်းကတော့ ပညာရေးနဲ့ပတ်သက်တာတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ ကိုမြအေးက အခုလိုပြောပါတယ်။

သိမ်းဆည်း ခြံမြေများ နစ်နာကြေးရရေး ချောင်းသာတွင် ဆန္ဒပြ

သိမ်းဆည်းခံထားရသော ဥယျာဉ် ခြံမြေများနှင့် လယ်မြေများအတွက် နစ်နာကြေးပေးရန် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်း သာ ရွာမှ ဥယျာဉ်ခြံမြေ ပိုင်ရှင်များက ယမန်နေ့ က ဆန္ဒဖော်ထုတ်ကြကြောင်း သတင်း ရရှိသည်။
ချောင်းသာ ကမ်းခြေတလျှောက်ရှိ အုန်းခြံနှင့် လယ်ယာမြေ ဧက စုစုပေါင်း ၆၀၀ ကျော်မှာ ဟိုတယ်ဇုန် စီမံကိန်း အတွက် သိမ်းဆည်းခံခဲ့ရပြီး ထိုက်သင့်သည့် နစ်နာကြေးမရခဲ့ကြောင်း ဆန္ဒပြသူများက ဆိုသည်။

ကချင်ဒုက္ခသည် ကူညီရေး ပန်းချီကား ရောင်းရန်ရှိ

ပန်းချီဆရာ ၁၀၀ ကျော် ပါဝင် ရေးဆွဲထားသည့် ပန်းချီကားပေါင်း ၁၃၀ ကို နိုဝင်ဘာလလယ်တွင် တော်ဝင်နှင်းဆီ ခန်းမ၌ Art of Peace အမည်ဖြင့် ပြပွဲကျင်းပကာ ပန်းချီကား ရောင်းရငွေများကို ကချင်စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေထိုင် နေရသည့် ဒုက္ခသည်များအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းအလှူငွေများကို ကချင်စစ်ပြေး ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရန် ပညာသင်ကြားပေးခြင်းနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး အသိပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ရာတွင်လည်း သုံးစွဲသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ အဖြူရောင် တွဲလက်များ အဖွဲ့မှ မဖြူအိသိမ်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဦးအောင်မင်းနှင့် ဒီမိုကရေစီမိတ်ဆွေပါတီအဖွဲ့များ တွေ့ဆုံ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် ဒီမိုကရေစီမိတ်ဆွေပါတီအဖွဲ့များ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ နံနက်၈း၀၀နာရီဝန်းကျင်တွင် ရန်ကုန်မြို့ရွှေလီလမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ Peace Centre၌် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်သော အခက်အခဲပြသနာများကို ဆွေးနွေးခြင်းနှင့် ပြည်ထောင်စုစနစ်ပေါ်ထွက်လာရေးကိုလည်း မိတ်ဆွေပါတီများမှ လိုလားကြောင်း ပြောပြခဲ့ရာ ဦးအောင်မင်းမှ ၄င်းတို့လည်း လိုလားလျက်ရှိကြောင်းနှင့် အဆိုပါ

နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း

နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့သည့် အစည်းအဝေး တစ်ခုမှ “နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယနေ့ နံနက်က နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အေးမြရွှေပြည် ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးမှ အဆိုပါ အဖွဲ့အစည်းကို ရခိုင်အမျိုးသားများ၏ အရေး ကိစ္စကို ဆောင်ရွက်ရန် အတွက် အများသဘောတူ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု အသင်းဥက္ကဌ ဦးသန်းညွှန့်က နိရဉ္စရာသို့ ပြောသည်။

ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ

ရခိုင် မှ ပါတီ ကြီး နှစ်ခု ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွှေးကောက်ပွဲကော်မရှင် ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီး ခေါ်ယူ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် သမ္မတ ရုံး ထုတ်ပြန်ချက်ကို ဖတ်ပြပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် အစိုးရနှင့် လက်တွဲ လုပ်ဆောင်ရန် ပြောကြားခဲ့သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။

ရခိုင်နဲ့ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့်

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ စစ်တပ်တွေတိုးမြှင့် နေရာချ ထားရတာဟာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်စလုံးရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Photo:RFA/Moe Thu Aung

မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၀)ဦးပျောက်ဆုံးနေပြီး (၂)ဦးပြန်လည်တွေ့ရှိ

Saturday, 03 November 2012 13:24   
17th Mrauk Oo 23-11-12အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့(၂)ဦး ပြန်လည်ရရှိကြောင်း သိရှိရသည်။
ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံထားကြောင်း သိရှိသော်လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန်နေခြင်းကြောင့် မြို့မိမြို့ဖများနှင့် ရွာသူရွာသားများက အလောင်းများကို ပြန်ရရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်း သိရသည်။
"ပရိန်အဓိကရုဏ်းမှာ ပျောက်ဆုံးနေတာ အားလုံး (၉)လောင်းရှိပါတယ်။ ကျနော်တို့ မြို့မိ၊ မြို့ဘတွေနဲ့ စစ်တပ်က သွားပြီးတော့ အလောင်းတွေကို ပြန်ပေးဖို့ ဘင်္ဂလီရွာမှာ

ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေအပေါ် ကိုယ်ရဲ့သြဇာကိုသုံးစွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့ အဆင့်ရောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက် စာရေးသားပေးပို့ တောင်းဆိုလိုက်ကြောင်း တိဘက်အဝေးရောက်အစိုးရက ပြောပါတယ်။
RFA

Friday, November 02, 2012

စိုးရွံ့မိပါသည်


ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့တွေမှာ အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ တစ်နိုင်ငံလုံးလွှတ်ပေးခဲ့တာ နိုင်ငံရေးအကျဉ်းသားတွေ များစွာပါတဲ့အတွက် အများကြီးဝမ်း သာရပါတယ်။ နောက်ပြီး ကျွန်တော်တို့ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်တွေပါ အားလုံးနီးပါး လွတ်လာတဲ့ အတွက်ပိုပြီးဝမ်းမြောက်ရပါတယ်……

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း

စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်း
ငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

၂၀၁၂ မြန်မာ့ ဘိန်း စိုက်ပျိုးမှု ၁၇ % တိုးလာ


heroninယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး မှုဟာ ၁၇ % တိုးလာတယ်လို့ UNODC  က အောက်တို ဘာလ (၃၁) ရက်နေ့ရက်စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည် ။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တွင် ဘိန်းစိုက်ခင်း ဟက်တာ ပေါင်း ၄၃၆၆၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၅၁၀၀၀ အထိ တိုးပွား စိုက်ပျိုးလာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားပါသည်။
ထုတ်လုပ်မှုပမာဏအားဖြင့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဘိန်းတန်ချိန် ၆၁၀ (ကန်ဒေါ်လာ ၂၇၅ သန်း) ထုတ်လုပ် ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၆၉၀ တန် (ကန်ဒေါ်လာ ၃၅၉ သန်း) သို့ တိုးထုတ် ခဲ့သည်ဟု ဆိုပါသည်။

ဘာသာပေါင်းစုံ ပါဝင်မည့် ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တော်ဝင် နှင်းဆီတွင် ပြုလုပ်မည်

ဘာသာပေါင်းစုံ ပါဝင်သော ရခိုင်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ တစ်ခုကို ယနေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်မည်ဟု သတင်း ရရှိသည်။

သံတွဲမြို့ ဂျာမဲ့ဗလီမှ လက်နက်များ ဖမ်းဆီးရမိ






Ngapali-Thandwe-1-11-12 

နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီတွင် သံတွဲမြို့ရှိ ဗလီများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များအား စစ်တပ်နှင့်ရဲပေါင်းပြီးရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့ရှိ ဂျာမဲ့ဗလီအတွင်း သိမ်းဆည်း ဝှက်ထားသည့် လက်နက်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန် ယနေ့တွင် သက်ဆိုင်ရာက ကြေညာသည်။အဆိုပါ ကြေညာချက်များကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။စာပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း   ဖြစ်သည်။

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့်  သိမ်းဆည်း ရမိ သည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်များ တိုးချဲ့ချထားသည်ကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။

မုန်တိုင်းအလွန် နယူးယောက်နဲ့ သွားလာရေး

မြို့တော်အတွင်း ပြေးနေတဲ့ ရထားလိုင်း ၂၃လိုင်းထဲက ၁၄လိုင်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်။

မုန်တိုင်းတိုက်ခတ်တဲ့ဒဏ်ကို ဆိုးဆိုး ရွားရွားကြုံခဲ့ရတဲ့ နယူးဂျာစီပြည်နယ်ကမ်းရိုးတမ်းဒေသကို ဗုဒ္ဓဟူးနေ့ က သမ္မတ ဘရက်အိုဘားမား သွားရောက်ကြည့်ရှုခဲ့ပြီး အမေရိကန် ဗဟိုအစိုးရအနေနဲ့ အရှည် သဖြင့် ကူညီ ပံ့ပိုးမှုတွေ ပြုလုပ် ပေးသွားမှာဖြစ်ကြောင်း ဒေသခံပြည်သူလူထု ကိုပြောသွားပါတယ်။

အလှမယ်လေး နန်းခင်ဇေယျာ ပရဟိတလုပ်ငန်းများစတင်

 
မြန်မာပြည်သားတွေရဲ့အချစ်တော် အလှမယ်လေးနန်းခင်ဇေယျာဟာ သူရည်မှန်းထား ကြေညာထားတဲ့ အတိုင်းပဲ ခုဆိုရင် လူမှုရေးလုပ်ငန်း များကို စတင်လုပ်ဆောင်နေပါပြီ။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်ထံ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးပြီး လွှတ်တော်ကအတည်ပြု လိုက်ပါတယ် ။

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော် ပြင်ဆင်အတည်ပြု

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပစဉ်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါ ပြီ။ နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက်တွေနဲ့ ပြန်လည်တင်သွင်းလာတဲ့ ဒီဥပဒေမူကြမ်းကို ဒီကနေ့   ပြည်ထောင်စုလွှတ်တော်မှာ အချိန်အတော်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ အတည်ပြုခဲ့တဲ့ အကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပြပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ အစီရင်ခံစာထွက်ရှိ

 

 ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိထားသည့် မြန်မာနိုင်ငံအတွင်း လူ့ အခွင့်ချိုးဖောက်မှုများအပါအ၀င် မြေယာသိမ်းဆည်းမှုအခြေအနေတို့ကို သုံးသပ်တင်ပြထားသည့် စစ်တမ်း တစောင်ကို လူ့အခွင့်ရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) မှ ယနေ့ဖြန်ချိ လိုက်ပါတယ်။

ကျောင်းသားတပ်မတော် ၂၄ နှစ်ပြည့်အခမ်းအနား

ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၂၄ နှစ်မြောက် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွေ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပစဉ်။ (ဓါတ်ပုံ အေဘီအက်စ်ဒီအက်ဖ်)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်တဲ့ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)နယ်မြေမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အနောက်သံတမန်များ ရခိုင်သွားရောက်လေ့လာ


                                                            
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပိုပြီးသိရှိနားလည်ဖို့နဲ့ ဘယ်လိုအကူအညီ
 ပေးရမယ်ဆိုတာ သုံးသပ်ဖို့အတွက် ဗြိတိန်၊ အမေရိကန်နဲ့ Australia နိင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။

Thursday, November 01, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၏ ဥပဒေချိုးဖောက်ခဲ့မှုဖြစ်ရပ်


ဒီနေ့ကျနော်တို့ မြန်မာပြည်အနောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ကုလားတွေ ပဋိပက္ခဖြစ်
နေခဲ့တာဟာ... ဇွန်လ ၈ ရက်နေ့က အစပြုလို့ အခုအောက်တိုဘာလထဲမှာ နောက်ထပ် တစ်ကြိမ် ဖြစ်လာ ခဲ့တာတွေကို ကြားသိနေရတယ်ဗျာ...

My Blog List