Thursday, July 12, 2012

ပူးပေါင်းကြ...၊ ညီညွတ်ကြ...၊ လက်ချင်းချိတ်ကာ ခိုင်မာသော သန္နိဋ္ဌာန်များ ချကြ... ။


Design ..KO MYO
လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက့်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကိုတော့ ဒီနှစ်မှာ အရင်နှစ်တွေထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အစိုးရကိုယ်တိုင်ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီလို့ ပြောနေတာကိုး...။ သမ္မတကြီးရုံးခန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးချိတ်ဆွဲထား...၊ လွှတ်တော်ဥက္ကဌကြီးတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေအပေါ် ဂုဏ်ယူကြောင်း တစ်ဖွဖွပြောနေကြလို့ပါပဲ။ နောက်တစ်ချက်က... အရင်က နာမည်မကြားချင်လောက်အောင် သဘောထားကွဲခဲ့တဲ့ ဗိုလ်ချုပ်သမီး၊ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နားလည်မှုတွေ အထိုက်အလျောက်ရယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ကလည်း ရွှေးကောက်ပွဲဝင်၊ အပြတ်အသတ်အနိုင်ရပြီး လက်ရှိလွှတ်တော်မှာကို တက်ရောက်လို့ နှစ်ဦးနှစ်ဖက် လက်ခြင်းချိတ်လို့ တိုင်းကျိုးပြည်ပြုဆောင်ရွက်နေပြီမဟုတ်ပါလား...။

အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ပန်းချီကားရောင်းပြီး ရန်ပုံငွေရှာ



ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ပြုလုပ်ရန် စီစဉ်ထားသော ရံပုံငွေ ရှာဖွေရေး ပန်းချီပြပွဲတခုကို အာဏာပိုင်များက ခွင့်ပြုချက် မပေးသေးကြောင်း၊ ခွင့်ပြုချက် ထပ်မံ တောင်းခံထားသဖြင့် လာမည့် တနင်္ဂနွေတွင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းရရှိသည်။

ပြပွဲကို အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီ ရံပုံငွေ ရရှိရေးအတွက် ဒေါ်အိရွှေစင်ညွန့်နှင့် ကိုရန်နိုင်ဦးတို့က တာဝန်ခံ စီစဉ်ခဲ့သည်ဟု သိရသည်။

တိရစ္ဆာန်ရုံမှာ ကျားကိုက်လို့ တဦးသေဆုံး



အခင်းဖြစ်ခဲ့တဲ့ ကျားလှောင်ချိုင့် ဂိတ်အ၀င်၊ ဒိန်းမတ် ကိုပင်ဟေဂင်တိရစ္ဆာန် ရုံ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် တိရစ္ဆာန်ရုံမှာ အသက် ၂၀ ၀န်းကျင်ရှိတဲ့ အမျိုးသား တယောက်က ခြံစည်း ရိုးကျော်ပြီး ကျား လှောင်ခြံထဲ ၀င်ခဲ့ရာက ကျားတွေ ၀ိုင်းကိုက်သတ်လို့ သေဆုံးသွားပါတယ်လို့ AP သတင်း တရပ်မှာ ဖော်ပြထားပါတယ်။

ရဲပြောခွင့်ရ ပုဂ္ဂိုလ် Lars Borg က ပြောတာတော့
အကိုက်ခံရသူဟာ အာဖဂန်ဖွား လူငယ်တယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ လကမှ ဒိန်းမတ်နိုင်ငံသား ဖြစ်ခဲ့သူပါတဲ့။ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်တာ ဟုတ်မဟုတ် ဆိုတာလည်း ပြောရ ခက်ပါ တယ်တဲ့။

ကချင်ပြည်နယ်က သင်္ချိုင်းမြေ အခက်အခဲ



အာဏာပိုင်များ မြေအစားထိုးပေးခြင်းမရှိပဲ သင်္ချိုင်းပြောင်းရွှေ့ခိုင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ ရိုမန်ကက်သလစ် အသင်းတော် Roman Catholic (RC ) သင်္ချိုင်းကို လျှပ်စစ် ဖြန့်ချီရေး လုပ်ငန်းအတွက် လျှပ်စစ်ဝန်ကြီးမှ ပြောင်းရွှေ့ခိုင်းနေသည်။

အာဏာပိုင်များမှ ၂၀၁၁ ဇွန်လ မှ စတင် ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန် ထားသော်လည်း ဒေသခံများ မပြောင်းရွှေ့ သေးသဖြင့် ယခု နောက်ဆုံးထားကာ ပြောင်းရွှေ့ရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒေသ ခံများပြောသည်။

ထိုသင်္ချိုင်းသည် ရွှေစက်၊ ကဝါးခ၊ ပလနကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင်သင်္ချိုင်းဖြစ်ပြီး ၁၉၆၀ ခုနစ် ခန့်မှ မြေမြုပ်သဂြိုလ်နေသောနေရာဖြစ်ပြီး ဒေသခံများသည် မပြောင်းရွှေ့လိုပဲရှိနေသည်။

ရိုဟင်ဂျာအရေး သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထား



ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Antonio Guterresနှင့် သမ္မတ ဦးသိန်းစိန် ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ

အခုအချိန်မှာ အငြင်းပွားမှု ကျယ်လောင်နေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘော ထား မှတ်ချက် ထွက်ပေါ်လာပါတယ်။ ယမန်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တဲ့ စကားကို သမ္မတရုံး ရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။



"တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်
ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့် ရှောက်
ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း"

"သဘောထား အတင်းမာဆုံးသူ" __လူထုစိန်ဝင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)

ဆရာ လူထု ဦးစိန်ဝင်းက အခု အမျိုးသား ဒီမိုကရေစီ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ပတ်သက်လို့ ရေးထားတဲ့ မနှစ်က ဆောင်းပါးတပုဒ်ပါ။
စာနယ်ဇင်းလောကအကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ ဦးဝင်းတင် ဟာ စာနယ်ဇင်းသမားဘ၀ကနေ နိုင်ငံရေး သမားဘ၀ ပေါ်တာ ဆွဲလိုက်ခံလိုက်ရတာပါလို့ ဆရာ လူထု စိန်ဝင်းက ဆိုထားပါတယ်။
ဦးဝင်းတင် ဘာသာပြန် "ဥတ္တရအလင်း" စာအုပ် အမှာစာ

"သဘောထား အတင်းမာဆုံးသူ"... အကြောင်းမသိသူ တိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊ မာကြောလွန်းတယ် လို့လည်း ကောက်ချက် ချကြတယ်။ တချို့ကဆို ကွန်မြူနစ် လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြတယ်။
စာနယ်ဇင်းသမားကြီး ဟံသာဝတီ ဦးဝင်းတင်
နှစ်ပေါင်း ငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီး အတူလက်တွဲ လုပ်ကိုင်ခဲ့သူတစ်ယောက် အနေနဲ့ ဒီလို ပြောဆိုသံတွေ ကြားရတဲ့အခါတိုင်း ပြုံးမိတယ်။စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြား ဝေဖန် သုံးသပ်မှုမျိုး မလုပ်ဘဲ ကိုယ်လိုချင်ရာ ဆွဲပြီးပြီးစလွယ် ကောက်ချက်ချ၊ တံဆိပ်တပ်မှု မျိုးတွေကြောင့် နှစ်ပေါင်း ခြောက် ဆယ်ကျော် ရေစုန်မျောခဲ့ ရတာပါလားလို့ မတွေးဘဲ မနေနိုင် ဖြစ်ရတယ်။

မိချောင်းမျက်ရည် (ကဗျာရှင် နေရဲနီ)

မိချောင်းမျက်ရည်
(ကဗျာရှင် နေရဲနီ)

တို့တိုင်းပြည်က ရှိသမျှမြေပေါ်မြေအောက်သယံဇာတ
အာဏာရှင် အတ္တသမားကြီးကို လည်ပင်းနင်းပြီး
သူအတင်း ယူသွားတယ်။
ငတ်နေတဲ့ ပြည်သူတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေက
သက်သေပြနေတယ်။

တို့တိုင်းပြည်က အိမ်ခြံမြေလမ်းတံတား
ရှိရှိသမျှ နေရာအားလုံး
အာဏာရှင်တစ်ကိုယ်ကောင်း သမားကြီးကို
လည်ပင်းညှစ်ပြီး သူတို့ အတင်းရယူသွားတယ်။
ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်တဲ့လမ်းပေါ်မှာ
လယ်မြေတွေ အသိမ်းခံနေရတဲ့
လယ်သမားတွေရဲ့ ထမင်းငတ်တော့မယ့် ဆူဆူညံညံ အသံတွေက
သက်သေပြနေတယ်။

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...။

သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဘဝရောက်သွားခဲ့ရတဲ့ ချင်သီးပင်အောက် ချင်သီးပျောက်ခဲ့ရသလို ရွှေဂတ်စ်ရဲ့ ...အသီးအပွင့်ကို ရခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။ မြွေပူရာ ကင်းမှောင့်သလို ဇွန်လ (၈)ရက်နေ့က မောင်တောမှာ စခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုကြောင့် ကိုယ့်မြေ ကိုယ့်ရေမှာ တိုင်းတပါး ကျူးကျော်သူတွေ ရန်ကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ယခုထက်တိုင် မိမိဋ္ဌာနေကို မပြန်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေရရှာတာပါ..။ ဆင်းရဲလှတဲ့ ရခိုင်ပြည်သူတွေမှာ လက်ကိုင်ပြစရာဆိုလို့ ဗလာနတ္ထိပါ...။

စစ်တွေမြို့၊ မြို့မ ပရိယတ္တိစာသင်ကျောင်းတိုက်မှာ ဒီနေ့ ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက် မွန်းလွဲပိုင်း) တွေ့ခဲ့ရတဲ့ ကျီးကန်းအဖြူ တစ်ကောင်

စစ်တွေမြို့၊ မြို့မ ပရိယတ္တိစာသင်ကျောင်းတိုက်မှာ ဒီနေ့ ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၁ ရက် မွန်းလွဲပိုင်း) တွေ့ခဲ့ရတဲ့ ကျီးကန်းအဖြူ တစ်ကောင်။

ဘင်္ဂလားဘက်မှ ရခိုင်ရွာများ ကိုယ်တိုင် လုံခြုံရေး ယူနေရဆဲ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပဋိပက္ခဖြစ်ပွားသည့် ဇွန်လအတွင်းက ဒေသခံ တိုင်းရင်းသူများ ရရာလက်နက် စွဲကိုင်၍ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ထားခဲ့ကြစဉ် (ဓာတ်ပုံ – Reuters)
ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းရှိ ရခိုင်ရွာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ တလပြည့်ခဲ့သည့်တိုင် အာဏာပိုင်များ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ လုံခြုံရေးယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
Rakhaing Welfare Association ၏ မြစ်နားရွာ ဌာနခွဲ စည်းရုံးရေးမှူး ကိုအောင်ကျော်ဇောက ဘင်္ဂလားနယ်စပ်ဘက်မှ ရခိုင်ရွာများ၏ တည်ငြိမ်အေးချမ်းရေးသည် မောင်တောဘက်မှ တည်ငြိမ်ချမ်းရေးနှင့် တဆက်တည်းရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
ကိုအောင်ကျော်ဇောက “အခုအခါ ဒီနားကင်းကို ရုပ်သိမ်းလို့ မရသေးဘူး။

ထိုင်း BGH က မြန်မာပြည်တွင် ဆေးရုံဖွင့်ရန် လေ့လာမည်

ထိုင်းနိုင်ငံတွင် အကြီးဆုံး ဆေးရုံလုပ်ငန်း အုပ်စုကြီးဖြစ်သည့် ဘန်ကောက် ဒူးစစ် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း [Bangkok Dusit Medical Services Plc (BGH)] က နောက်ထပ် ၂ လခန့် အချိန်ယူ၍ ကနဦး လေ့လာမှုများ ပြုလုပ်ပြီးပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆေးရုံလုပ်ငန်း အုပ်စုကြီး BGH ပိုင် ဘန်ကောက်ရှိ ဆေးရုံတရုံ (ဓာတ်ပုံ – TBN)
“ကျနော်တို့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ (မြန်မာ) အစိုးရ ဘာတွေလုပ်နေသလဲဆိုတာ အနီးကပ် စောင့်ကြည့်နေပြီး အဲဒီအပေါ်အခြေခံကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လက်ခံနိုင်စရာ ရှိတယ်ဆိုရင် ကျနော်တို့ အလုပ်တွေ စမှာပါ” ဟု BGH ဥက္ကဋ္ဌ ဒေါက်တာ Prasert Prasarttong-Osoth က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။

မန္တလေးဟိုတယ် အများစု ကြယ်ပွင့်အဆင့် မသတ်မှတ်နိုင်သေး


မန္တလေးရှိ ကြယ်လေးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဝင်ထားသော ဟိုတယ် စုစုပေါင်း ၁၃၀ ကျော်ရှိသော်လည်း ဟိုတယ် ၅၄ လုံးကိုသာ ကြယ်ပွင့်အဆင့် သတ်မှတ်နိုင်သေးကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက မန္တလေးမြို့ရှိ ဟိုတယ်များကို ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ ကြယ်ပွင့် အဆင့် စစ်ဆေး သတ်မှတ်လျှက်ရှိရာ ကြယ်လေးပွင့် အဆင့်ရှိသော ဟိုတယ် ၂လုံး၊ ကြယ်သုံးပွင့် အဆင့်ရှိသော ဟိုတယ် ၇လုံး၊ ကြယ်နှစ်ပွင့် အဆင့်ရှိ ဟိုတယ် ၂၆ လုံးနှင့် ကြယ်တပွင့် အဆင့်ရှိ ဟိုတယ် ၁၉ လုံးတို့ကိုသာ ကြယ်အဆင့် သတ်မှတ်နိုင် ခဲ့ကြောင်း၊ ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ် တလုံးမှ မပါဝင်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ထိပ်တိုက်တွေ့မယ့် လယ်ထွန်မင်္ဂလာပွဲ

၁၁.၇.၂၀၁၂ရက်နေ.တွင် စစ်တပ်များနှင့် စက်ရုံများက သိမ်းပိုက်ထားသောလယ်မြေများကို ပြန်လည် ထွန်ယက်ခြင်းများ မစတင်မီ ....တောင်သူလယ်သမားများသည်... .ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် အမိမြေကြီးကို သစ္စာရှိကြောင်းနှင့် မြတ်နိုး တန်းဖိုးထားကြောင်းကို ယခုလိုပြသခဲ့ကြသည်



ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်က သိမ်းယူထားတဲ့ လယ်မြေ ဧက (၃၀၀) ၀န်းကျင်ရှိလယ်မြေ မူလပိုင်ရှင် လယ်သမားတွေဟာ လယ်လုပ်ခွင့် ပြန်ရဖို့၊ သီးစားချထားပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဆင့် ကနေ နိုင်ငံတော် သမ္မတအထိ အဆင့်ဆင့် မေတ္တာရပ်ခံစာတွေ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မည်သည့် တုံ့ပြန်မှုမျှ မရခဲ့ဘူးလို့ ဆိုပါတယ်။

စာနယ်ဇင်း ဝေဖန်ရေး


ရခိုင်ဒေသ ပဋိပက္ခ နဲ့ စာနယ်ဇင်းတို့ရဲ့ အနေအထားကို သုံးသပ်ထားတဲ့ ဆောင်းပါးတစောင်ကို ဧရာဝတီ အွန်လိုင်းမှာ ဒီကနေ့ တွေ့ရပါတယ်။

Burma’s Irresponsible New Media လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီဆောင်းပါးကို မြန်မာစာနယ်ဇင်းသမားတယောက်က ရေးထားတာပါ။

Wednesday, July 11, 2012

ဝန်ကြီး ဦးအောင်မင်းနဲ့ ၈၈ အဖွဲ့ တွေ့ဆုံ

ဓာတ်ပုံ- ၈၈

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမြအေး ဦးဆောင်တဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်ကို သွားရောက်ပြီး လိုင်ဇာမှာ ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံပြီး အပြန် ယမန်နေ့ ဇူလိုင်လ၊(၁၀)ရက် ညနေ ၃း၀၀ နာရီမှာ နေပြည်တော်မှာစစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
၈၈ အဖွဲ့နဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးတွေ့ဆုံမှုနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ။ ကချင်ပြည်နယ်က ဒုက္စသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကလည်း ကချင် ပြည်သူတွေကို Skype ကနေ တဆင့် နုတ်ဆက်စကားပြောခဲ့ကြပါသေးတယ်။


ကချင်ခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲရေးလိုလားပြီး ငြိမ်းချမ်းရေးကို အလွန်လိုလားနေတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဥပဒေဘောင် အတွင်းမှ လူကုန်ကူးမှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ

Human_trafikingsex_worker အရွယ်ကောင်း ရုပ်ချော မိန်း ကလေးငယ်များကို သွေးဆောင် ဖြားယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြူဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများတွင်ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာလျက် အသိတရား ကိုယ်ခံ အားနည်းပါးသော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေကြောင်း သိရသည်။
မကြာသေးမီက ကျင်းပ ပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့သည်။ အရွေးချယ် ခံရသူ မိန်းကလေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေးကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာအတွင်း အစားအသောက်ပါ အခမဲ့စီစဉ် ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အဆိုရှင် ရွေးပွဲကျင်းပ ပြီးနောက် အရွေးချယ်ခံရသော မိန်းကလေးတစ် ယောက် ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံ စီစဉ်ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းက လေးကသာ ဆန္ဒရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င်ပေါင်းသင်းရန် အစီအစဉ် ရှိကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ၏ သမိုင်းစုံ

  Dhammazedi_Bell2  ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူတောမည့် သတင်များကြားရပြီး  ခေါင်းလောင်းကြီး ၏ 
သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး
ခေါင်လောင်းတော်ဘွဲ့ - အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင်
သွန်းလုပ်သည့်နေ့ - သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် - သက္ကရာဇ် (၉၇၄)ခုနှစ်
ကျော်ကြားမှု - ပျောက်ဆုံးနစ်မြှုပ်နေမှု
ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းကြီး

           ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် 'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီး ဓမ္မစေတီ

defefefg4t4r342r3f3fရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နှင့် သမိုင်း တန်ဖိုး အလွန်ကြီးမား လှသော ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီ တစ်ခုမှ အမေရိကန် ဒေါ်လာငွေ (၁၀) သန်း အကုန်အကျ ခံကာ ရှာဖွေ ဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက် ရှိသည်။
 အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့် ပဲခူးတို့ ဆုံရာ ပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးမှာ အရွယ်အစား အားဖြင့် စောက် (၁၂)တောင်၊ အ၀ (၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။

မွန် မြန်မာ သျှမ်း သုံးပွင့်ဆိုင် အားပြိုင် မှုကြီး

kya_pauk_logo1ပုဂံမတိုင်မှီခေတ်
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာ လူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 ) ၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်းကို ပုဂံခေတ်ဟု သတ်မှတ် ပါသည်။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ် မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာတွင် ပါဝင်သော်လည်း ရာဇ၀င်တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။

G20 စည်းဝေး သြစီမှာ ပထမဆုံး အကြိမ် ကျင်းပမယ်

G_20၂၀၁၄ ​ခုနှစ် ​စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ​၂၀ ​(G-20) ​အစည်း အဝေးကို ​သြစတြေးလျ နိုင်ငံ ​ကွင်းစလန်း ပြည်နယ် ​Brisbane ​မြို့ မှာ ​ကျင်းပ မယ်လို့ ​အစိုးရက ​ကြေငြာ ပြီးနောက် ​New ​South ​Wales ​ပြည်နယ် အစိုးရက ​မကျေမနပ် ဖြစ်နေပါတယ်။
အစည်း အဝေးအတွက် ​အိမ်ရှင် အဖြစ် ​ရွေးချယ် ခံရရင် ​ကုန်ကျ စရိတ်များလွန်းတဲ့အတွက် ​သြစတြေးလျ ပြည်ထောင်စု အစိုးရက ​ကုန်ကျစရိတ် ခံသင့်တယ်လို့ ​ကွင်းစလန်းပြည်နယ် အစိုးရရဲ့ ​ပြောခွင့်ရ ပုဂ္ဂိုလ်က ​ပြောလိုက် ပါတယ်။
New ​South ​Wales ​အစိုးရ ကတော့ ​ဒီငွေကြေးတွေကို ​ဘယ်သူက ​ကုန်ကျခံမလဲဆိုတာ ​သိလိုစိတ် ​ပြင်းပျနေသလို ​New ​South ​Wales ​ပြည်နယ်ရဲ့ ​မြို့တော် ​Sydney ​မြို့ကသာ ​အိမ်ရှင်ဖြစ်သင့် တယ်လို့ ​ပြောလိုက် ပါတယ်။
သြစတြေးလျ အစိုးရ အနေနဲ့ ​ကွင်းစလန်းပြည်နယ်က ​Brisbane ​မြို့ကို ​အိမ်ရှင်မြို့အဖြစ် ​ရွေးချယ် လိုက်တာဟာ ​ကွင်းစလန်း ပြည်သူတွေရဲ့ ​မဲရအောင် ​လုပ်ဆောင်နေတာလို့လဲ ​New ​South ​Wales ​အစိုးရက ​စွပ်စွဲ လိုက်ပါတယ်။

ဘိလပ်မြေ လုပ်ငန်း၌ ပြည်ပ ကုမ္ပဏီကြီးများ ရင်းနှီး မြုပ်နှံရန် လေ့လာ

Cement_02မြန်မာပြည်၏ ဘိလပ်မြေ လုပ်ငန်းကို ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဘိလပ်မြေ လုပ်ငန်းရှင် ကြီးများက လာရောက် ရင်းနှီးမြှုပ်နှံရန် သက်ဆိုင်ရာ များနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း ဘိလပ်မြေ ထုတ်လုပ်နေသော ပြည်တွင်း ကုမ္ပဏီများက ပြောပါသည်။ 
ပြင်သစ်နိုင်ငံမှ LAFARGE ဘိလပ်မြေ လုပ်ငန်း၊ ဂျာမနီနိုင်ငံမှ Heidelberg ၊ ဆွစ်ဇာလန်နိုင်ငံမှ Holcim ၊ တရုတ်နိုင်ငံမှ Huaxin ဘိလပ်မြေ လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံမှ Birla ဘိလပ်မြေ လုပ်ငန်းတို့က ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာ နေကြပြီး ဖြစ်သည်။
“ဥပဒေအရ ပြည်တွင်း လုပ်ငန်းရှင်လေးတွေနဲ့ ဖက်စပ် လုပ်လို့ရအောင် နည်းလမ်း ရှာနေတာပါ။ ဒါပေမဲ့ ကျနော်တို့မှာက
လျှပ်စစ် အလုံအလောက် မရှိတော့ နိုင်ငံခြား လုပ်ငန်းရှင် တွေရဲ့ အလိုကျ ဘယ်လိုမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်လို့ ရနိုင်မဲ့ နည်းလမ်းတွေကိုတော့ အသေအချာ လေ့လာ နေတာဖြစ်ပါတယ်” ဟု ပြည်တွင်း ဘိလပ်မြေ လုပ်ငန်းရှင် တဦးက ပြောပါသည်။

အာရှ-ပစဖိတ် ဒေသအတွင်း အမေရိကန်ရဲ့ စစ်ရေး ဆိုင်ရာ မဟာဗျူဟာ ခြေလှမ်းများ

 
Corbra_G_01defefgegfအာရှ-ပစဖိတ် ဒေသအတွင်း စစ်ရေး ဆိုင်ရာ မဟာဗျူဟာမြောက် ခြေလှမ်းတွေကို ရိပ်စားမိနိုင်ဖို့ဆို ၂၀၀၂ ခုနှစ်က စတင်လို့ စင်္ကာပူ နိုင်ငံမှာ နှစ်စဉ် လုပ်လာခဲ့တဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် အမည်တွင် နိုင်ငံတကာ အစိုးရများ အကြား လုံခြုံရေး ဆိုင်ရာ စကားပြောပွဲတွေ အတွင်း ပါဝင် ဆွေးနွေးတဲ့ နိုင်ငံများရဲ့ သဘောထား အာဘော်များကို အာရုံ စိုက်သင့်တယ်။ ဒီဆွေးနွေးပွဲတွေကို International Institute for Strategic Studies (IISS) လို့ခေါ်တဲ့ ဗြိတိန် အခြေစိုက် နိုင်ငံတကာ ရေးရာ နိုင်ငံရေး-စစ်ရေး ပဋိပက္ခ မူဝါဒများ အပေါ် သုတေသန လုပ်တဲ့ think tank အဖွဲ့က ဦးဆောင် ကျင်းပပေးတာ ဖြစ်ပေမယ့်၊ တက်ရောက်သူ နိုင်ငံများဟာ ကာကွယ်ရေး ၀န်ကြီးများ အပါအ၀င် ၀န်ကြီး ဌာနအဆင့် အရာရှိများကို စေလွှတ်ပြီး ပါဝင် ဆွေးနွေး စေတာဖြစ်တယ်။

လွန်ဆွဲနေသော အစိုးရနှင့် KIO တွေ့ဆုံ ဆွေးနွေးပွဲ

 
KIO_U_Aung_Minကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး၌ ယမန်နေ့ အချိန်ထိ အစိုးရတပ်နှင့် KIAတို့ တိုက်ပွဲဖြစ် နေဆဲ ဖြစ်သဖြင့် အစိုးရ၏ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကမ်းလှမ်းချက်ကို KIO က ငြင်းဆို ခဲ့ခြင်းဖြစ်သည်ဟု ပြော ရေးဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
“မနေ့ကအထိ ကျနော်တို့ ဗဟိုလိုင်ဇာနားမှာ တိုက်ပွဲဖြစ်တုနုးပဲ၊ အဲဒီတိုက်ပွဲတွေဟာ အစိုးရတပ်ကနေ အင်အားတိုးချဲ့ပြီး လှုပ်ရှားလာနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာပါ။ ဒီအခြေအနေမှာ ကျနော်တို့ ဘက်ကခံစစ် အနေအထားနဲ့ဘဲ တိုက် နေတယ်။ ဒီလိုအချိန်မျိုးမှာမှ အစိုးရက ဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတော့ မဖြစ်နိုင်ဘူးပေါ့၊ စစ်ဆင်ရေးကိုမလျှော့ဘဲနဲ့ ကမ်းလှမ်းနေတော့ အဓိပ္ပါယ်မဲ့တယ်လေ ဒါကြောင့် ငြင်းလိုက်တာပါ” ဟု ဦးလနန်မှ ပြောပါသည်။
KIO နှင့် အစိုးရ တို့သည် ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကေအိုင်အိုထိမ်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၄၀) ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤတိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးမှုကို KIO က ငြင်းပယ်နေခြင်း ဖြစ်ပါသည်။

ယနေ့ အချိန်ထိ ပြည်သူများကို အမိန့်အာဏာဖြင့် ခြိမ်းခြောက် နေလျက် ရှိနေ

၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ကနေ ၁၉၇၇ ခုနှစ်၊ ဇွန်လ (၃၀) ရကနေ့ ထိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး ခင်မောင်တင့် (ငြိမ်း) က ဦးရွှေမန်းရဲ့  ဆရာဆိုပြီး အာဏာပါဝါပြနေဆဲ။

မြန်မာပြည်သူပြည်သားများဖြစ်ကြတဲ့ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုဟာ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါတယ်။ ၄င်းတို့  မိသားစုမှာ နေစရာ မရှိတော့သဖြင့် အသနားခံစာ တင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခြင်းခံခဲ့ပါတယ်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါတာကြောင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင်လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။

ဝန်ကြီး နေရာ အပြောင်းအလဲ



ဝန်ကြီးအပြောင်းအလဲစတင်တဲ့သတင်း ဒီကနေ့ နေပြည်တော် အစိုးရ အသိုင်းအ၀န်းကနေ ထွက်ပေါ်လာပါပြီ။

ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်း က သမ္မတရုံးဝန်ကြီးဌာန (၁) ကို ပြောင်းရမယ်၊
အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်က ပြန်ကြားရေးဝန်ကြီးဌာနကို ကိုင်ရမယ်၊
ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်းကတော့ ရာထူးတခြမ်းပြုတ်မယ် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ အပိုင်းစားရမယ် လို့ ပြောဆိုနေကြပါတယ်။

My Blog List