
ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဟန့်တားရေးအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့နယ်တချို့က ပုဒ်မ ၁၄၄ ထုတ်ပြန် ညမထွက်ရ အမိန့်ကို ထပ်မံတင်းကျပ်လိုက်ရာ ယင်းသို့ တင်းကျပ်မှုသည် ဥပဒေအရကျော်လွန်နေမှုအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။























